
ICJ မှာ မြန်မာကို ဂန်ဘီယာ နိုင်ငံ က တရားစွဲဆိုမှုကို အမေကိုယ်တိုင် ဦးဆောင်ဖြေရှင်းမယ်လို့ ညက သမ္မတရုံးကစာထုတ်လိုက်ပါတယ်။ ဒီနေရာမှာ ပထမဦးဆုံး ရှင်းပြချင်တာ ICC နဲ့ ICJ ကွဲပြားမှုကိုပါ။
အာဂျင်တီးနား နိုင်ငံ မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး International Court of Justice (ICJ )ဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC (International Criminal Court ) နဲ့မတူပါဘူး။ ICJ ဆိုတာ အပြည်ပြည်ဆိုင်ရာ တရားရုံး ဖြစ်ပြီး UN မှာ အမြင့်ဆုံး တရားရုံးတစ်ခုပါ။
မြန်မာဟာ ICC မှာအဖွဲ့ ဝင် နိုင်ငံအဖြစ် မပါဝင်ထားပေမယ့် ICJ မှာတော့ အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြထားတာကြောင့် ICJ ရဲ့ တရားစွဲဆိုမှုကို သေချာပေါက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂါလီမွတ်စလင်တွေကို ပစ်မှတ်ထားပြီး ဖြိုခွင်းတဲ့ စစ်တပ်ရဲ့ ဆောင်ရွက်ချက်ဟာ ၁၉၄၈ ကုလသမဂ္ဂ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်ကြောင်း အဓိက တရားစွဲဆို ထားတာကိုတွေ့ရပါတယ်။
ဒါ ဥပဒေဘောင်အတွင်းက ချေပပြီး ဖြစ်စဉ်အမှန်ကို ကမ္ဘာကိုချပြခွင့်ရမယ့် ရခဲလှတဲ့ အခွင့်အရေးပါ။ ရခိုင်မှာ အကြမ်းဖက်မှုတွေကို စတင်တာ….မြန်မာနိုင်ငံက ဒိုင်း၊ ခမီ၊မြို စတဲ့တိုင်းရင်းသားတွေကို လူမျိုးတုံး သတ်ဖြတ်နေတာ ……
ကိုယ့်အိမ်ကိုယ် မီးရှို့ အကြမ်းဖက်မှုတွေ နိုးစွ၊ ရဲစခန်းတွေကို ဝင်တိုက်တာ …..ခိုးဝင်ဘင်ဂါလီ အကြမ်းဖက်သောင်းကျန်သူတွေပါဆိုတဲ့ ဖြစ်စဉ်အမှန်တွေကို ဥပဒေ ဘောင်အတွင်းက ကမ္ဘာကို ချပြခွင့်ရမယ့် အခွင့်အရေး တစ်ခုပါ။
အမေစု ကိုယ်တိုင်ဦးဆောင်ပြီး ဖြေရှင်းမယ်ဆိုတော့ အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားမြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုတဲ့ ဂန်ဘီယာ နိုင်ငံ လည်း အခုချိန် အိပ်မပျော် စားမဝင် ဖြစ်နေလောက်ပြီ….
ဟုတ်တယ် ကိုယ့်လူတို့ အခုလို ICJ မှာ တရားစွဲဆိုမှု လုပ်လာနိုင်တာ ကို ကြိုသိလို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက် ကတည်းက အမေ က သက်သေအထောက်အထားနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးပါပြီတဲ့ သမ္မတရုံးက ဦးဇော်ဌေးက မီဒီယာတွေကို ပြောချလိုက်ပြီ။

သူတို့မျှော်လင့်ထားသလို ICC တို့ ICJ တို့ နာမည်ပဲကြားရသေးတယ် တစ်နိုင်ငံလုံးက ဘုရားကျောင်း နဲ့ ရှိသမျှဗလီထဲ ဝင်လိုက် ထွက်လိုက် YMBA လည်း မနေရ ပြာရာခတ် နေမယ်လို့ ထင်ထားမိတာ
အခုတော့ ကြည့်ဦး ရင်ဆိုင်ဖို့အသင့်ရှိကြောင်းကို မြန်မာလိုကော ၊အဂ်လိပ်လိုကော ထုတ်ပြန်ချက် ၂စောင် ထုတ်ပြီး မာမာထန်ထန်ပဲ ကမ္ဘာသိအောင် ကြောညာလိုက်တယ်။ ဂမ်ဘီယာ နိုင်ငံကို ပွဲ မစ ခင် တစ်ခုမေးချင်တာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကစားချင်တာ သေချာရဲ့လားလို့………
ဒီအမှုပြီးတာနဲ့ ရိုလိမ်ဂျာ အခွင့်အရေး……….ရိုလိမ်ဂျာ တွေကို ကယ်တင်ပါ ………စသည်ဖြင့် ကမ္ဘာကို လိမ်ညာ ပြီး ဒေါ်လာ စားနေတဲ့ အပေါက်လည်း ပိတ်တော့ မှာ ဖြစ်သလို ရခိုင်ပြည် လုံခြုံရေးအကြောင်းပြပြီး မူးယစ်မှောင်ခိုကူးနေတဲ့ လမ်းကြောင်းတွေလည်း ပိတ်တော့မှာ ………..
ပွဲမစခင် ထပ်မေးပါရစေ။ သိပ် အမြှော်အမြင်ကြီးတဲ့ သူမ နဲ့ နိုင်ငံရေး အရ ကစားချင်တာ…..သေချာရဲ့လား…..။
ခရက်ဒစ် – မင်းရသ
Unicode
Comments
Post a Comment