Skip to main content

ICJ ကြားဖြတ်စီရင်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ဝေဖန်ခံနေရ

 မြန်မာဌာန | သတင်းဆောင်းပါးများ


မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာတွေ ကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိ နေကြောင်း တုံ့ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ နိုင်ငံတရားရုံး ICJ မှာ စွပ်စွဲခံနေရတဲ့ မြန်မာအစိုးရဟာ ဒုတိယအကြိမ် အစီရင်ခံစာကို နိုဝင်ဘာ ၂၃ ရက်နေ့ မနေ့က တင်သွင်းလိုက်ပါတယ်။

မြန်မာအစိုးရဟာ မကြာသေးခင်က ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေကို မဲထည့်ခွင့်မပြုခဲ့သလို ရိုဟင်ဂျာ အမတ်လောင်းတွေကိုလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ခဲ့ကြောင်း နယူးယောက်အခြေစိုက် Global Justice Center ရဲ့  ဥပဒေရေးရာ ဒါရိုက်တာ Grant Shubin က ထောက်ပြပါတယ်။

တရားရုံးစီရင်ချက်အတိုင်း လိုက်နာဖို့ဆိုရင် ရိုဟင်ဂျာတွေကို စနစ်တကျ ခွဲခြားဆက်ဆံတာတွေ မရှိစေဖို့၊ တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်သလို တပ်မတော်ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ  တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတဲ့ ဦးသာအေးကလည်း  အလားတူ မှတ်ချက်ပေးပါတယ်။

“အဲဒီမှာရှိနေတဲ့ ရိုဟင်ဂျာတွေကို မဲထည့်ခွင့်မပေးခဲ့ဘူး။ မဲထည့်ခွင့်မပေးဘူးဆိုတာ ဥပဒေအကြောင်းအရ မရလို့ ဆိုကောင်းဆိုလိမ့်မယ်။ ဒါဟာ မှန်ကန်မှုမရှိဘူး။ သန်းခေါင်းစာရင်းကိုင်ထားတဲ့သူတွေ၊ အမျိုးသား မှတ်ပုံတင် ကိုင်ထားတဲ့သူတွေ အများကြီးရှိတယ်။ ရခိုင်ပြည်နယ်မှာ သွားရောက်ဝင်ပြိုင်တဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေကိုလည်း ဝင်ပြိုင်ခွင့်မပေးခဲ့ဘူး၊ သူတို့ရဲ့ မိဘ နိုင်ငံသားကိစ္စနဲ့ဆိုပြီးတော့။ ဆိုလို ချင်တာက ICJ ကနေ ချမှတ်ခဲ့တဲ့အချက်တွေက မြေပြင်မှာ တကယ် အကောင်အထည်မဖော်တဲ့အပြင် ရှိနေတဲ့အခြေအနေတောင် အရင်ထက် ပိုဆိုးသွားတယ်လို့ ထင်ပါတယ်”

ရိုဟင်ဂျာတွေအပေါ် အောက်ခြေမှာ ခွဲခြားမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်ကို ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင် ကလည်း သဘောတူပါတယ်။

“ရခိုင်မှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ တချိန်က မဲလည်းပေးလို့ရတယ်၊ ဝင်လည်း အရွေးခံလို့ရတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကတည်းက ဒီပုဂ္ဂိုလ်တွေက ဒီအခွင့်အရေးတွေကိုရခဲ့တယ်။ သို့သော် ဒီတခေါက်မှာတော့ ဝင်ပြီးရွေးချယ်ခံမယ့်သူရော၊ မဲပေးမဲ့သူရော ရွေးကောက်ခံခွင့်လည်း မရှိ၊ မဲပေးခွင့်လည်း မရှိဘူးဆိုတဲ့ အမည်းစက်ကြီးက ထင်ကျန်ခဲ့ပါတယ်။ အဲဒါကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်နိုင်တာပါတယ်လို့ မြင်ပါတယ်”

လက်ရှိအာဏာရအစိုးရကို အတိုက်အခံလုပ်နေသူတွေက ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး ဝါဒမှိုင်း တိုက်တာတွေကြောင့် အစ္စလာမ်ဘာသာဝင်တွေကို မျက်နှာသာပေးတယ်ဆိုတဲ့ အခြေအနေ မဖြစ်စေရေးအတွက်  အစိုးရကလည်း ဒီကိစ္စမှာ ထဲထဲဝင်ဝင် တိုက်တိုက်တွန်းတွန်းမရှိဘူးလို့ ဦးအေးလွင်က သုံးသပ်ပါတယ်။

ရခိုင်ဒေသက ရိုဟင်ဂျာတွေ မဲပေးခွင့်မရခဲ့တာဟာ နိုင်ငံသားဖြစ်ခွင့် မရသေးတာကြောင့်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ပြောကြပါတယ်။ အဲဒီလို ကန့်သတ်ချက်ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှု မရှိကြောင်းလည်း သူတို့က ထောက်ပြကြပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံသား အာလုံးပါဝင်မဲပေးခွင့်ရအောင် အစိုးရအနေနဲ့ ဆောင်ရွက်ခဲ့မှုအပိုင်းမှာ အားနည်း ခဲ့ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ PACE အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

“နိုင်ငံသားဖြစ်မှုကြောင့်မို့လို့ ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာတွေ မဲပေးခွင့်မရဘူး၊ ဒါကတော့ ကျွန်တော်တို့ ရှင်းနေ တာပါပဲ။ ဥပဒေမူဘောင်အရတော့ အမှန်ပါပဲ။ ၂၀၁၅ ကတည်းက တောက်လျှောက် ပြောနေတာ ဒီဥပဒေ မူဘောင်က ဒီမိုကရေစီစံနှုန်းအရကြည့်ရင် နိုင်ငံသားတွေရဲ့ ပါဝင်ခွင့်ကို အမြဲတမ်း အကန့်အသတ်ဖြစ် စေတယ်လေ။ ရွေးကောက်ပွဲ ဥပဒေမှာပဲ ကြည့်မယ်ဆိုရင်တော့ နိုင်ငံသားတွေ ပါဝင်ခွင့် ပိုရလာအောင် ဥပဒေမူဘောင် ပြုပြင်ပြောင်းလဲရေး မလုပ်ခဲ့ဘူးဆိုတာ ရှင်းနေတာပဲ။ ကျွန်တော်တို့ ရွေးကောက်ပွဲဖြစ်စဉ်မှာ နိုင်ငံသားအားလုံး ပါဝင်ခွင့်ရဖို့ ဆိုရင် ဥပဒေမူဘောင်ကတော့ ရေရှည်မှာ ပြင်ဖို့လိုတယ်”

ICJ ရဲ့ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်လို့ တပ်မတော်က ဘာတွေလုပ်ဆောင်နေသလဲလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုRFA ကမေးတဲ့အခါ အစိုးရက ဖွဲ့စည်းတဲ့ ကော်မတီတွေနဲ့ တပ်မတော်က ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဘူးသီးတောင်-မောင်တောဒေသဘက်မှာ ရွေးကောက်ပွဲ မကျင်းပရတာဟာ ဘာသာရေး လူမျိုးရေးကိစ္စနဲ့ မသက်ဆိုင်ဘဲ လုံခြုံရေးအခြေအနေကြောင့်သာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အစိုးရက မွတ်ဆလင်တွေအပေါ်  ဘာမှလုပ်ဆောင်တာမရှိဘူးဆိုတာ ကြည့်တဲ့အမြင်ချင်း မတူတာဖြစ်နိုင်ပြီး ဝေဖန်စွပ်စွဲမှုတွေဟာ တဖက်သတ် ဆန်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက တုံ့ပြန်ပါတယ်။

မွတ်ဆလင်အမတ်လောင်းတွေ၊ မဲပေးသူတွေ ရွေးကောက်ခံခွင့်နဲ့ မဲပေးခွင့်မရတဲ့ကိစ္စဟာ ဥပဒေအရ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့   ဦးချမ်းအေးက ပြောပါတယ်။

“ဒီဟာကလည်း ဥပဒေတွေရှိတယ်၊ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့  ဥပဒေလုပ်ထုံးလုပ်နည်းတွေရှိတယ်။ ဒီဟာတွေက မွတ်ဆလင်တွေကိုပဲ ပစ်မှတ်ထားလုပ်ခဲ့တာ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ တခြားပါတီတွေက သူတွေလည်း ဒီလိုမျိုး ဥပဒေတွေနဲ့ ငြိစွန်းလို့ ဝင်မပြိုင်ရတဲ့သူတွေ ရှိခဲ့တယ်။ ဒီဟာကတော့ မွတ်ဆလင်မှ ဆိုပြီးတော့ ခွဲခြားဆက်ဆံပြီး လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥပဒေကိုက ဒီလိုပြဌာန်းထားတဲ့အတွက် ဥပဒေကတော့ အားလုံးပေါ်မှာ တပြေးညီ သက်ရောက်သွားတဲ့ အတွက် သူတို့ကတော့များလို့ ပါရင်ပါသွားမှာပေါ့။ ကျန်တဲ့သူတွေလည်း ဒီဥပဒေနဲ့ပဲ မပါခဲ့ရသူတွေရှိပါတယ်”

ICJ တရားရုံးကိုတင်တဲ့ ဒုတိယအကြိမ် ကြားဖြတ်အစီရင်ခံစာမှာပါတဲ့ ဖော်ပြချက်တွေကို သူ့အနေနဲ့ မသိရှိသလို ပြောဆိုခွင့်မရှိဘူးလို့ ဦးချမ်းအေးက ဆိုပါတယ်။

ရခိုင်ပြည်နယ်ရဲ့  မြေပြင်အခြေအနေအရ တိုက်ပွဲတွေကြောင့် ကြုံတွေ့ခံစားနေရတာတွေဟာ မွတ်ဆလင်တွေ ထက် တိုင်းရင်းသားတွေ ပိုများနေတာတွေ့ရပြီး ကပ်ဘေးကာလမှာလည်း မွတ်ဆလင်တွေအတွက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပြီး ကျန်းမာရေးအတွက် ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဦးချမ်းအေးက ဆိုပါတယ်။

ICJ က ကြားဖြတ်စီရင်ချက် ချမှတ်လိုက်တဲ့ အချိန်ကနေ လက်ရှိအချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တွေ့နေရပြီး အာဏာပိုင်တွေက ICJ ရဲ့ Provisional  measures  လို့ ခေါ်တဲ့ ကြားဖြတ်စီရင်ချက်ကို မလိုက်နာတဲ့ သဘောတွေ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“ICJ ရဲ့ Provisional  measures မှာ ရိုဟင်ဂျာတွေအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး မကျူး လွန်ဖို့ဆိုပြီး တားမြစ်ထားတယ်။ ဒါပေမဲ့ လက်ရှိ Provisional  measures ချမှတ်လိုက်တဲ့ ဇန်နဝါရီကနေ အခုချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေက တွေ့နေရတယ်။ ရပ်တန့်မှုမရှိဘဲ ဆက်ပြီးကျူးလွန်တာ မျိုးတွေ ရှိနေတယ်ပေါ့။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရရော၊ စစ်တပ်ရောက ICJ ရဲ့ ကြားဖြတ်စီရင်ချက်ကို မလိုက်နာဘူးဆိုတဲ့ သဘောသက်ရောက်နေတယ်ပေါ့။ အဲဒါကို Global Justice Center က ထောက်ပြတာကို ကျွန်တော်တို့ Fortify Rights က သဘောတူတယ်။ ကျွန်တော်တို့ ရထားတဲ့ သတင်းအချက်အလက်တွေအရလည်း မြန်မာအစိုးရရော၊ စစ်တပ်ရောက ICJ Provisional မလိုက်တာ တွေ့ရတယ်”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေ အသေအပျောက်ရှိခဲ့သလို တပ်မတော်က ရိုဟင်ဂျာကလေးငယ်တွေကို လမ်းပြအဖြစ် အသုံးပြုတာတွေ တွေ့နေရတယ်လို့ ကိုနစ်ကီဒိုင်းမွန်း က ထောက်ပြပါတယ်။

ရိုဟင်ဂျာတွေ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရအောင်နဲ့ မဲပေးခွင့်မရတဲ့ အခြေအနေတွေအပါအဝင် Global Justice Center ရဲ့ ဝေဖန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အိမ်တော် သတင်းသမားများ ဖေ့စ်ဘွတ်ဂရုကနေ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုကနေ အကာအကွယ်ပေးဖို့ ICJ နိုင်ငံတကာတရားရုံးက ၂၀၂၀ ဇန်နဝါရီလ မှာ ကြားဖြတ်စီရင်ချက် ချမှတ်ထားတာပါ။

မြန်မာအစိုးရက တရားရုံးကို ၆ လတစ်ကြိမ် အစီရင်ခံရမှာဖြစ်ပြီး ပထမအစီရင်ခံစာကို မေလက တင်သွင်း ခဲ့ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...