Skip to main content

ရခိုင်တွင် တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုင်တန်းရာတွင် လူ့အခွင့်အရေးကော်မရှင်က အရေးမယူဘဲ ဟန်ပြ လုပ်နေ

  

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ
ရခိုင်တွင် တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုင်တန်းရာတွင် လူ့အခွင့်အရေးကော်မရှင်က အရေးမယူဘဲ ဟန်ပြ လုပ်နေ
ရန်ကုန်၊ ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားစဉ် တပ်မတော်က AA ဟု သံသယဖြစ်သူများကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ကျူးလွန်ခဲ့သော လူ့အခွင့် အရေး ချိုးဖောက်မှုဖြစ်စဉ်များကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်တန်းသော်လည်း ထိရောက်စွာ အလုပ်မလုပ်နိုင်ဘဲ ဟန်ပြသာ လုပ်ဆောင်နေကြောင်း ရခိုင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာဦးမြတ်ထွန်းက ပြောဆိုသည်။
တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြန်လည် ငြိမ်သက်လာချိန်တွင် တိုက်ပွဲကာလအတွင်း ပျောက်ဆုံးသွားခြင်း၊ ဖမ်းဆီးခံရစဉ် နှိပ်စက်၍ သေဆုံးသွားသော ပြည်သူများနှင့်ပတ်သက်၍ ကျန်ရစ်သူ မိသားစုများက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားကြကြောင်း၊ သို့ရာတွင် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းအရေးယူရန်ထက် ကာကွယ်ရေးဝန်ကြီးဌာနထံ မေးမြန်း၍ ဝန်ကြီးဌာန၏ ပြန်ကြားချက်ကိုသာ ကျန်ရစ်သူ မိသားစုထံ ပြန်လည် ပေးပို့နေကြောင်း ဦးမြတ်ထွန်းက ဆိုသည်။
"မင်းပြားက တစ်မှု၊ မြောက်ဦး ၂ အမှု ၇ မှုလောက်ကို ပျောက်ဆုံးတွေပေါ့။ သူတို့ တင်းမကိစ္စဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနဘက်က မဖမ်းဘူးပေါ့။ လူ့အခွင့်အရေး​ ကော်မရှင်က အလုပ်မဖြစ်ဘူး။ သူတို့ကလည်း ကာကွယ်ရေးဝန်ကြီးဌာနကို အလုပ်သဘောနဲ့ တင်ပြတာပဲရှိတယ်။ ထိရောက်မှုမရှိတဲ့သဘော ။ ဟန်ပြ လုပ်နေတဲ့သဘောပါပဲ။ ကာကွယ်ရေးဝန်ကြီးဌာနက ပြောတဲ့အတိုင်းပဲ တွေ့ရှိရတယ်။ ဖမ်းဆီးတာ မရှိဘူးဆိုပြီး ဒီအတိုင်းပဲ ပြန်ထုတ်တာပဲ" ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ယခုထက်ပို၍ အလုပ်လုပ်ရန် လိုအပ်ကြောင်း၊ အရပ်သားများကို AA ဟု စွပ်စွဲ၍ သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
"အမှန်က ကျနော်တို့ လိုချင်တာက လူ့အခွင့်အရေးကော်မရှင်ဆိုတာက မြန်မာတစ်နိုင်ငံလုံးရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်။ အဲဒီတော့ တပ်မတော်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်ရောက်ပြီးတော့ စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါပေမယ့် အခု သူတို့လုပ်နေတာက အဲဒီလို ပုံစံမျိုးမဟုတ်ဘူး။ စုံစမ်းတာဘာမှ မရှိဘူး။ ဟိုဘက်က ပြန်ပြောတာပဲရှိတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အချိန်မှာ အရပ်သားတွေကို AA လို့ စွပ်စွဲပြီးတော့ သတ်ဖြတ်တယ်။ အမျိုးမျိုးနှိပ်စက်တယ်။ စစ်ရာဇဝတ်မှု ကျူးလွန်တာတို့ လူ့အခွင့်အရေးချိုးဖောက်တာတို့ မဖြစ်စေချင်ပါဘူး" ဟု ဦးမြတ်ထွန်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း အရပ်သားများ ကျည်ထိ၍ သေဆုံးခြင်း၊ ဖမ်းဆီး နှိပ်စက်ခံရ၍ သေဆုံးခြင်းအပါအဝင် စုစုပေါင်း ၅၀၀ နီးပါးရှိကြောင်း ရခိုင်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့များထံမှ သိရှိရသည်။
ဓာတ်ပုံ- ရခိုင်တိုက်ပွဲကာလ ကျည်ထိ၍ သေဆုံးသွားကြသော အရပ်သားပြည်သူများ။
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...