By
burmaaffairs
အတိုင်ပင်ခံရုံးမှမွတ်စလင်နှင့်ရခိုင်များအတွက် ဆောင်းရာသီအနွေးထည်ဝယ်ရန် သိန်း ၆၀၀ ကျော်လှူဒါန်း
နိုင်ငံတော် အတိုင်ပင်ခံရုံးမှ မွတ်စလင်နှင့် ရခိုင်များအတွက် ဆောင်းရာသီအနွေးထည်ဝယ်ရန် သိန်း ၆၀၀ ကျော်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဇန်နဝါရီက ၁၆ ရက်တွင် ပြည်နယ်အစိုးရကကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများမှ ရခိုင် နှင့် မွတ်ဆလင် IDP စခန်းများတွင်ရှိသည့် အသိုင်းအဝန်း ၂ ခုစလုံးမှ မိသားစုပေါင်း ၁၅၈၁၂ စု အတွက် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ခြုံစောင်များ လှူဒါန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရှိနေသည့် အိမ်ထောင်စု (၁၅၀၀၀)ကျော်အတွက် ဆောင်းတွင်းကာလတွင် အမှန်တစ်ကယ် လိုအပ်သည့်နေရာများ၏ စာရင်းကိုတောင်းခံ၍ စောင်များကို လှူဒါန်းရန် စီစဉ်ရခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ လှူဒါန်းသည့်အခါတွင် မည်သို့လှူဒါန်းပါက အထိရောက်ဆုံး ဖြစ်မည်နှင့် အောက်ခြေအထိ သက်ဆိုင်ရာပုဂ္ဂိုလ်များ လက်ထဲအထိရောက်အောင် အကောင်းဆုံး မည်သို့ လှူဒါန်း၍ရမည်ကို စဉ်းစားသည့် အခါတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လှူဒါန်းခြင်းသည် အထိရောက်ဆုံးဖြစ်မည်ဟု ယူဆ၍ ယခုကဲ့သို့ လှူဒါန်းရခြင်း ဖြစ်ပါကြောင်းဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဆိုသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအတွက် စစ်ဘေးရှောင်စခန်းတည်ဆောက်ရာတွင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရ ထောက်ပံ့ငွေပေါင်း ကျပ်သန်းပေါင်း ၂၂၂၉ ကျော် သုံးစွဲခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုပြောကြားခဲ့သည့်မိန့်ခွန်း၌ ထည့်သွင်းပြောခဲ့သည်။
ဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့တွင် တိုက်ပွဲရှောင်စခန်း ၇ ခုကိုပြည်နယ်အစိုးရနှင့်ပြည်ထောင်စုအစိုးရမှ စုစုပေါင်းငွေကျပ် ၁၄၈၃.၅၅ သန်းဖြင့်ဆောက်လုပ်ပေးခဲ့ပြီး တိုက်ပွဲဖြစ်စဉ်များ ပိုမိုများပြားလာသည့်အတွက် ကျောက်တော် မြို့သစ် တိုက်ပွဲရှောင်စခန်းနှင့်မြေပုံမြို့နယ် အငူမော်ကျေးရွာအုပ်စုနှင့် အမ်းမြို့နယ်တို့တွင် ၁ ဆောင်ကို အခန်း ၂၀ ပါ တန်းလျား ၂၄ လုံးကို ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေနှင့် ပြည်ထောင် စုငြိမ်းချမ်းရေးရန်ပုံငွေများမှ ၇၃၅.၆၅၁ သန်းသုံးစွဲပြီးတည်ဆောက်လျှက်ရှိကာ နေရပ်စွန့်ခွာထွက်ပြေး လာသူများအတွက် စစ်ဘေးရှောင်စခန်းတည်ဆောက်ရာတွင် ပြည်နယ်အစိုးရနှင့်ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ငွေပေါင်း ကျပ်သန်းပေါင်း ၂၂၂၉ ကျော် (၂.၂၂၉) ဘီလီယံ ကုန်ကျခဲ့ကြောင်းပြောဆိုခဲ့သေးသည်။
၃၅၄သင်၊ Myint Han နှင့် အခြား ၃၅၂ ဦး
မှတ်ချက် ၄၃ ခု
မျှဝေသူ ၃၇ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
- Get link
- X
- Other Apps
Labels
AA တိုင်းရင်းသား ဒေါ်အောင်ဆန်းစုကြည်
Labels:
AA
တိုင်းရင်းသား
ဒေါ်အောင်ဆန်းစုကြည်
- Get link
- X
- Other Apps

Comments
Post a Comment