Skip to main content

NLD ပါတီခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များအား တပ်က ဖမ်းဆီးထိန်းသိမ်း

 NLD ပါတီခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များအား တပ်က ဖမ်းဆီးထိန်းသိမ်း

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၁
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေး စတင်ကျင်းပမည့် ယနေ့မနက်အစောပိုင်း တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD)ခေါင်းဆောင်များနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များအား တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွှန့်က-
“ ကျနော့်ဆီသတင်းပို့တာတော့
ဦးသိန်းဦး ဖမ်းသွားပြီ၊ ဦးဟံသာမြင့် အိမ်ကိုလည်း ဝိုင်းထားပြီလို့ပြောတယ်။
CEC ကထဲ သိရသလောက်တော့ သူတို့နှစ်ယောက် ပေါ့၊
ကျနော့ဆီလည်း လာနေပြီလို့ ပြောလို့ ဒါကြောင့် ကျနော်လည်း အထုပ်အပိုးပြင်ပြီး စောင့်နေတာပါ”ဟု-
ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
ဆက်လက်ပြီး-
“လက်နက်ရှိတဲ့သူက လက်နက်နဲ့ အာဏာသိမ်းတာပေါ့၊ အကြောင်းပြတာကတော့ နောက်မှပြလို့ ရတာပေါ့ဗျာ။
ကျနော်တို့က ဥပဒေနဲ့အညီဆိုရင် အဖမ်းခံရပြီး ဥပဒေနဲ့အညီပဲ ဆက်ပြီးပြောရမှာပေါ့”
၎င်းကပြော သည်။
ယနေ့မနက်အစောပိုင်းကလည်း သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဦးနိုင်ငံလင်းနှင့် လွှတ်တော် ကိုယ်စားလှယ် ဦးပြုံချိုတို့အား နေအိမ်တွင်ပင် တပ်မတော်က လာရောက်ခေါ်ဆောင်သွားကြောင်းလည်း မိသား စုဝင်များက ဧရာဝတီသို့ပြောသည်။
ဖမ်းဆီးမှုတွင် NLD နှင့် အစိုးရခေါင်းဆောင်များသာမက ၈၈ မျိုးဆက်နိုင်ငံရေးအင်အားစုများနှင့် ကျောင်းသား အင်အားစုများကိုပါ ဖမ်းဆီးထိန်းသိမ်းနေခြင်းဖြစ်ကြောင်း ကာယကံရှင်များက လူမှုကွန်ယက်ကတဆင့် အသိပေး ပြောကြားထားကြသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့လည်း ဖမ်းဆီးခံရကြောင်း သိရသည်။
The Irrawaddy Burmese Edition.
via-MyatLin Maung.
လူ ၂ ဦး နှင့် ရပ်နေသော လူများ ရဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နိုင်ပါတယ်
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...