"ဦးနှောက်ထဲစစ်သုတ်ပိုးဝင်ခြင်းရောဂါ"
(Spermatomilitaro encephalitis)
ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုရင်
- အဖေကစစ်သားဖြစ်တာနဲ့ပဲ မဆီမဆိုင် တပ်ချုပ်ကသူ့အကျိုးအတွက်အာဏာသိမ်းတာကို အတင်းထောက်ခံသူများ..
- NLD တစ်ဖက်ပိတ်တွေကို အမြင်ကပ်တာနဲ့ပဲ ဥပဒေမဲ့ စစ်တပ်အာဏာသိမ်းတာကို အတင်းထောက်ခံသူများ...
- ရည်းစား၊ ယောကျ်ားက စစ်သား စစ်ဗိုလ်ဖြစ်တာတစ်ခုထဲနဲ့ အာဏာသိမ်းရင် ချက်ချင်း ကိုယ့်အကျိုးစီးပွားဖြစ်ထွန်းတော့မလိုလိုထင်နေတဲ့ သူများ...
- NLD အာဏာရချိန်မှာ NLD အမတ်တွေနဲ့ ပရောပရီမနေရ၊ ပရောဂျက်မရ၊ ဂေါက်တွဲရိုက်ခွင့်မရ သူများ...
- ဘယ်သူ တက်တက် မနက်ထမင်း ညထမင်းပဲ ဘာမှမထူးဘူး ဆိုသူများ နှင့် တနေ့တာ အကျိုးအတွက် ငွေမျက်နှာကြည့်ပြီး တပ်ချုပ်အကျိုးကို ကိုယ့်အကျိုးထင်နေကြသူများပဲ ဖြစ်ပါတယ်...
ရောဂါရှိသူ၏ လက္ခဏာများမှာ
- အမြင်မတူရင် ကျော်သွားနိုင်တယ်
- မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ
- လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်
- တော်ကြပါတော့
- အပြုသဘောနဲ့အကြံပေးတာပါ ဆင်ခြင်စေခြင်
- သူများရဲ့ ဘဝကို မသိပဲ မဝေဖန်ပါနဲ့
- ဆရာဝန်တွေက ကျင့်ဝတ်မညီဘူး blah blah
စသည့် အပြုအမူအရေးအသားများ ဖြစ်ပြီး
အထက်ပါ လက္ခဏာများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်
- အရှက်တရား၊ အကြောက်တရား လက်ကိုင်ထားရန်
- မတရားနည်းနဲ့အာဏာရမှာကို သဘောမတူရန်
- မိမိအနာဂါတ်အတွက် မိမိဂုဏ်သိက္ခာကိုငဲ့ပြီး လူလုပ်ရန်
- ဆန္ဒပြသူများသည် NLD အကျိုးစီးပွားကာကွယ်နေခြင်း မဟုတ်တာကိုသတိပြုရန်
- မအလ အကျိုးသည် မိမိအကျိုး မဟုတ်သည်ကို သတိပြုရန်
- မိမိ မျိုးဆက် အနာဂါတ် ခလေးငယ်များ လူရာဝင်စေဖို့ သတိပြုရန် စသည်တို့ဖြစ်ပါသည်...
ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့်
- လူအများ၏ မေတ္တာတုံးခြင်းကိုခံရခြင်း
- ပညာတတ် အောက်တန်းစားကြီးများ ဖြစ်သွားခြင်း
- အတ္တကြီးပြီး ဉာဏ်ရည်နည်းပါးခြင်း
- မျိုးဆက်ရင်သွေးများလည်း ပတ်ဝန်းကျင်မှ ရှုတ်ချခံရခြင်း စသည့် ဆိုးကျိုးများခံရနိုင်ပါသည်။
အထူးသတိပြုရန်မှာ
စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်ခြင်းသည် စစ်သားနှင့် စစ်သားမိသားစုများကို ဆန့်ကျင်ခြင်းမဟုတ်
*သင့်ကြောင့် စစ်သုတ်ပိုးခေါင်းထဲရောက်ခြင်း ကာကွယ်ပါ*
Spermatomilitaro encephalitis ရောဂါသည်များကို တွေ့ပါက အနည်းဆုံး 3 ပေ အကွာမှ ရှောင်ပါ ... စကားပြောချင်းဖြင့် ကူးစက်စေနိုင်ပါသည် ဖက်ပြိုင်ပြောဆိုချင်း မပြုသင့် မပြုအပ်ပေ ထိုသို့ လူပုဂ္ဂိုလ် အကောင့်များတွေ့လာခဲ့ပါက နာမည် ပရိုဖိုင် သေချာ မှတ်ထားပါ တော်လှန်ရေးကြီး ပြီးတဲ့နေ့ Shaming Treatment ပေးပါက အလိုလို သက်သာသွားပါလိမ့်မည်။
Comments
Post a Comment