Skip to main content

ဦးဝီရသူကို ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆို

 မြန်မာဌာန | သတင်းများ

ဦးဝီရသူကို ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆို

ဦးဝီရသူကို ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုဦးဝီရသူကို ရုံးထုတ်ပေးဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ၂၀၂၁၊ ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုနေကြစဉ်
 ဓာတ်ပုံ - အောင်သိင်္ခ/ RFA

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို ရုံးတင်စစ်ဆေးမှု မရှိလို့ ရုံးထုတ်ပေးဖို့ အမျိုးသားရေးတက်ကြွ လှုပ်ရှားသူတွေက ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုခဲ့ကြပါတယ်။

တောင်းဆိုသူတွေထဲ လူအင်အား ၅၀ ကျော်နဲ့ သံဃာတော် အပါး ၃၀ လောက် ပါဝင်ပါတယ်။ ရဲအင်အား ၅၀ လောက်လည်း လုံခြုံရေး ရယူခဲ့ရပါတယ်။

ဦးဝီရသူဟာ ၂၀၁၉ ခုနှစ်အတွင်း မြိတ်မြို့နဲ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကြည်ညိုပျက်အောင် ဟောပြောခဲ့တဲ့အတွက် ပုဒ်မ ၁၂၄ (က) နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။

ဒီအမှုအတွက် ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့် ဦးဝီရသူဟာ တနှစ်ကျော်ကြာ တိမ်းရှောင်နေပြီး ရွေးကောက်ပွဲ ကျင်းပခါနီး ခြောက်ရက်အလို ၂၀၂၀ နိုဝင်ဘာလ ၂ ရက်နေ့ကျမှ ရန်ကုန် အနောက်ပိုင်းခရိုင် ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့တာပါ။

နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ဗီဒီယိုအွန်လိုင်းစနစ် (Video Conferencing) နဲ့ ကြားနာပြီး ချုပ်ရက်ရမန်ယူခဲ့ပြီး လက်ရှိမှာ ဦးဝီရသူကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

သူ့ကို ဖမ်းဆီးလိုက်ပြီးနောက် တစ်ကြိမ်မှ ရုံးထုတ်စစ်ဆေးတာမရှိသေးဘူးလို့ အမျိုးသားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း-အနှစ် (၂၀) အထိ ကျခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ကျခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...