ဦးဝီရသူကို ရုံးထုတ်ပေးဖို့တောင်းဆိုတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ဘုန်းကြီးတွေကို ဒဏ်ငွေ နှစ်သောင်းစီချ
By
burmaaffairs
ကြောက်စရာကေါင်းတဲ့ ဥပဒေကပေးသောမျိုးညစ်များအတွက်အပြစ်ဒဏ်
""""""""""""""""""""""""""""""""""""""""""
ဦးဝီရသူကို ရုံးထုတ်ပေးဖို့တောင်းဆိုတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ဘုန်းကြီးတွေကို ဒဏ်ငွေ နှစ်သောင်းစီချ
================
ဇန်နဝါရီ (၂၂) ရက်၊ ၂၀၂၁။
ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှေ့မှာ တောင်းဆိုခဲ့တဲ့ လူလေးယောက်နဲ့ ဘုန်းကြီးနှစ်ပါးကို ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) နဲ့ လမ်းမတော်မြို့နယ်တရားရုံးက ဇန်နဝါရီလ (၂၁) ရက်နေ့မှာ ဒဏ်ငွေနှစ်သောင်း ချမှတ်ခဲ့တယ်လို့ အမျိုးသားရေးသမားတွေဆီက သိရပါတယ်။
တရားစွဲခံရသူတွေဟာ ကိုသက်မျိုးဦး၊ ကိုထွန်းကျော်၊ ကိုမင်းမင်းနဲ့ ကိုစိုးပိုင်တို့ဖြစ်ပြီး သံဃာတွေကတော့ ဦးတေဇာဝန္တနဲ့ ဦးပညာဝံသတို့ ဖြစ်တယ်လို့ သိရပါတယ်။
“အခုလို တရားစွဲအမိန့်ချတာတွေအတွက်ကိုတော့ ဘာမှပြောစရာမရှိတော့ပါဘူး။ လာမယ့်ရုံးချိန်းတွေကျရင်လည်း တရားဝင်ဆက်လုပ်သွားဦးမှာပါ။” လို့ ရန်ကုန်အမျိုးသားရေးကွန်ယက်က ဦးတင့်လွင်က O Media ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၂) ရက်နေ့က ဦးဝီရသူကို ရုံးမယ်ဆိုတဲ့အတွက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ အင်းစိန်ထောင်ရှေ့ကို လာရောက်စုရုံးရောက်ရှိလာကြပြီး လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချေအတင်ဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။
ဦးဝီရသူဟာ ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့က အနောက်ပိုင်းခရိုင်ရဲစခန်းမှာလာရောက် အဖမ်းခံခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာတော့ ဗီဒီယိုကွန်းဖရန့်(စ်)နဲ့ ချုပ်ရက်ရမန်ယူခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီလ(၁၆) ရက်နေ့ကလည်း ဦးဝီရသူရုံးထုတ်စစ်ဆေးပေးဖို့အတွက် အင်းစိန်ထောင်ရှေ့မှာ ဆန္ဒပြသူတွေထဲက ဘုန်းကြီးနှစ်ပါးနဲ့ လူနှစ်ယောက်ကို အင်းစိန်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါသေးတယ်။
၇၇
မျှဝေမှု ၁ခု
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ
- Get link
- X
- Other Apps
Labels
၀ိရသူ
Labels:
၀ိရသူ
- Get link
- X
- Other Apps

Comments
Post a Comment