Skip to main content

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကို သက်တမ်းတိုးမည် ဒေါ်အောင်ဆန်းစုကြည်

 · 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကို သက်တမ်းတိုးမည်
နေပြည်တော်၊ ဇန်နဝါရီ ၂၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကို လာမည့်လွှတ်တော်တွင် သက်တမ်းတိုး ပြင်ဆင်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၂၄)ရက်နေ့က နေပြည်တော်မှာရှိတဲ့ NLD ရုံးမှာပြုလုပ်တဲ့ NLD ပါတီရဲ့ CEC အစည်းအဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
"လိုအပ်ချက်အရ ကျွန်တော်တို့က လုပ်ခဲ့တာပဲလေ၊ လိုအပ်ချက်အရ လုပ်ခဲ့တယ် ဆိုမှတော့ သက်တမ်းတိုးမှာပေါ့''လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေးထားတဲ့ ပေးထားချက်တွေအရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိကြောင်းနဲ့ ဒီနိုင်ငံတော်၏အတိုင်ပင်ခံ ဥပဒေကြောင့် တိုင်းပြည်မှာ ဘယ်လိုပြသနာများ ဖြစ်ခဲ့လည်းလို့လည်း ဒေါက်တာဇော်မြင့်မောင်က မေးခွန်းထုတ် ပြောကြားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံ ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)အရ သမ္မတဖြစ်ဖို့ တားဆီးခံထားရတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးဆွဲခဲ့တာဖြစ်ပြီး (၂၀၁၆)ခုနှစ် ဧပြီလ (၆)ရက်မှာ ပြဌာန်းခဲ့တာဖြစ်တဲ့အတွက် ဥပဒေအရ အခုသမ္မတသက်တမ်းပြီးရင် ဥပဒေလည်း သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ စတင်ကျင်းပမယ့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဦးစားပေး ဆောင်ရွက်ရမယ့် အစီအစဉ်ထဲမှာ ဒီဥပဒေကို သက်တမ်းတိုးဖို့လည်း ပါတယ်လို့ ပြောပါတယ်။
လက်ရှိ ပြုလုပ်မယ့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ သမ္မတ၊ ဒုတိယသမ္မတတွေကို ရွေးချယ်တဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ရာမညတိုင်း(မ်)သတင်းအေဂျင်စီ
Image may contain: one or more people and people on stage, text that says 'i'
Win Min Thann, Nay Kyaw and 200 others
21 Comments
68 Shares
Like
Comment
Share
Comments
View previous comments

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...