Skip to main content

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ NLD အမတ်တွေ ကိုယ်တိုင်လွှတ်တော်ခေါ်ယူ

 

ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုစစ်အာဏာသိမ်းမှုမျိုးကမှ ပယ်ဖျက်လို့ မရတဲ့အတွက်၊ ဒီကနေ့ ဖေဖေါ်ဝါရီ ၄ ရက်နေ့ထိ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိနေတဲ့ NLD လွှတ်တော်အမတ် ၇၀ စုပေါင်းပြီး ကိုယ်တိုင်လွှတ်တော်ခေါ်ယူလိုက်ပါတယ်။

လွှတ်တ်ောခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပါမည်” ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း မင်္ဂလာ‌တောင်ညွန့် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပြည်သူ့ လွှတ်တ်ောကိုယ်စားလှယ် ဦးကျော်စိုးလင်း တို့က ဦးဆောင်စီစဉ်တာဖြစ်ပါတယ်။

လွှတ်တော်အမတ်ရှိတဲ့နေရာတိုင်းမှာ လွှတ်တော်ခေါ်ယူခွင့်ရှိတဲ့အတွက် ဒါဟာ ပြည်သူကပေးထားတဲ့ လုပ်ပိုင်ခွင့်ကို ပြန်ယူတာဖြစ်တယ်လို့ မင်္ဂလာ‌တောင်ညွန့် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

ဒီလှုပ်ရှားမှုကို အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ ၂၄ နာရီအတွင်း ထွက်ပေးရမယ်ဆိုတဲ့ နောက်ဆုံးသတ်မှတ် ရက်ကျမှ စတင်တာမို့၊ လောလောဆယ် ဧည့်ရိပ်သာမှာကျန်ရှိနေတဲ့ အမတ် ၇၀ ခန့်ပဲ လက်မှတ်ထိုးနိုင်သေး တယ်လို့ ဒေါ်‌ဖြူဖြူသင်းက ပြောပါတယ်။

ဖိအားပေးမှုကြောင့် မနေ့ညနေပိုင်းက နေရပ်ပြန်သွားကြတဲ့ ပါတီအသီးသီးက ပြည်ထောင်စုလွှတ်တော် အမတ် ၄၀၀‌ ကျော်အပြင်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အနိုင်ရထားတဲ့ လွှတ်တော်အမတ် တစ်ထောင်ကျော် ပါဝင်လာရေးအတွက် အွန်လိုင်းကနေ လက်မှတ်ကောက်ယူသွားမယ်လို့လည်း ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

ဒီကနေ့ လွှတ်တော်ခေါ်ယူပြီး ကျမ်းသစ္စာကြိမ်ဆို လက်မှတ်ထိုးတာဟာ လွှတ်တော်အမတ်အဖြစ် ဆက်လက် ရပ်တည်ဖို့၊ ပြည်သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ဖြစ်တယ်လို့ အဖွဲ့ချုပ် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်း က ပြောပါတယ်။

မနေ့က စည်ပင်ရိပ်သာကနေ ထွက်ခွာခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေး ကလည်း NLD အမတ်တွေရဲ့လုပ်ရပ်ကို ထောက်ခံတယ်လို့ ပြောပါတယ်။

SNLD အနေနဲ့ ရွေးကောက်ပွဲအနိုင်ရ အမတ်အရေအတွက် နည်းတာကြောင့် ဒီလိုလှုပ်ရှားမှုမျိုးကို အင်အား ကြီးပါတီဖြစ်တဲ့ NLD ကပဲ ဦးဆောင်ရမယ်လို့လည်း စိုင်းထွန်းအေး က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ‌ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီကနေ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့၊ ကြံ့ခိုင်ရေးပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့် ကတော့ NLD အမတ်တွေအနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုမသွားဘဲ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ကို လုပ်နေမယ်ဆိုရင် တိုင်းပြည် ပိုပြီးနစ်နာမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေကို NLD နဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်က တပ်မတော်နဲ့ အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးမှု မလုပ်ခဲ့တဲ့အတွက် အခုလို အာဏာကို လွှဲပြောင်းယူတဲ့အထိ ဖြစ်ရတာလို့လည်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

အာဏာကိုထိန်းလိုက်တဲ့ တပ်မတော်အစိုးရက ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းလိုက်တာမို့ အခြေအနေတွေ တည်ငြိမ်သွားတဲ့အခါ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအသစ် ပြန်လုပ်မေးမယ်ဆိုတာကို ယုံကြည်တယ်လို့လည်း ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခု အာဏာသိမ်းလိုက်တဲ့ စစ်အစိုးရက ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိဘူးလို့ ပြောပါတယ်။

လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး၊ လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်တဲ့ အတွက် ဒီလုပ်ရပ်ကို ဆန့်ကျင့်တဲ့ ဘယ်လိုအန်တုမှုမျိုးကိုမဆို ထောက်ခံတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒီကနေ့ စည်ပင်ဧည့်ရိပ်သာမှာ နေရပ်မပြန်ဘဲ လွှတ်တော်ခေါ်ယူလိုက်တဲ့ NLD အမတ်တွေရဲ့လုပ်ရပ် ကိုလည်း ထောက်ခံတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လွှတ်တော်ခေါ်ယူခွင့်မရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာလည်း အခုလို အခြေအနေမျိုး ကြုံတွေ့ရတဲ့ အတွက် အနိုင်ရအမတ်တွေက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်းခဲ့ပြီး ကိုယ်တိုင် လွှတ်တော် ခေါ်ယူတာမျိုးကို လုပ်ခဲ့ကြပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တ်ောကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ဦးခွန်မြင့်ထွန်း က “ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က သတ်မှတ်ထားတဲ့ အချက် ၈ ချက်ထဲမှာ အနိုင်ရအမတ်တွေအနေနဲ့ လွှတ်တော်ခေါ်ဖို့ဆိုရင် လွတ်တော်အဆောက်အဦး မလိုအပ်သလို၊ အမတ်အနည်းအများဆိုတဲ့ အရေအတွက် လည်း မလိုအပ်ဘူး” လို့ ပြောပါတယ်။

ပထမအကြိမ် လွှတ်‌တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ဒီကနေ့ စတင်လိုက်တဲ့ လွှတ်တ်ောခေါ်ယူရေးလှုပ်ရှားမှုဟာ ဥပဒေပြုဖို့ဆိုရင်တော့ မအောင်မြင်တဲ့လှုပ်ရှားမှုပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ လွှတ်တော်ခေါ်ယူရေးလှုပ်ရှားမှုကို စတင်လိုက်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းသွားအောင် ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ကကျင်းပခဲတဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD နဲ့ တိုင်းရင်းသားပါတီ အသီးသီးကနေ တိုင်းနဲ့ ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အတွက် ကိုယ်စားလှယ်စုစုပေါင်း ၁၁၁၇ ဦး အနိုင်ရရှိခဲ့ပြီး၊ အဲဒီအထဲမှာ ပြည်ထောင်စု လွှတ်‌တော်အမတ် ၄၇၆ ဦး ပါဝင်ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...