Skip to main content

နိုင်ငံတော်သမ္မတအပါအဝင် UECဥက္ကဌကို စာချွန်တော်လျှောက်ထားမှု တရားလွှတ်တော်ချုပ် ၃ပါးထိုင်တရားသူကြီးများက အမှုကိုလက်ခံရန် သင့်၊မသင့် စီရင်ချက်နှင့် အမိန့်များရေးရန် သီးသန့်ထား

 နိုင်ငံတော်သမ္မတအပါအဝင် UECဥက္ကဌကို စာချွန်တော်လျှောက်ထားမှု တရားလွှတ်တော်ချုပ် ၃ပါးထိုင်တရားသူကြီးများက အမှုကိုလက်ခံရန် သင့်၊မသင့် စီရင်ချက်နှင့် အမိန့်များရေးရန် သီးသန့်ထား

------------------------
အချိန်၁လမှ၁လခွဲကြာမြင့်နိုင်
================
ရန်ကုန်၊ဇန်နဝါရီ ၂၉ရက်
နိုင်ငံတော်သမ္မတအပါအဝင် UECဥက္ကဌကို စာချွန်တော်လျှောက်ထားမှု တရားလွှတ်တော်ချုပ် ၃ပါးထိုင်တရားသူကြီးများက အမှုကိုလက်ခံရန် သင့်၊မသင့် စီရင်ချက်နှင့် အမိန့်များရေးရန် သီးသန့်ထားကြောင်း တရားလွှတ်တော်ချုပ်၏ ကြေညာချက်ကို ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောသည်။
ဇန်နဝါရီ၂၉ရက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စာချွန်တော်အမှုများထုတ်ပြန်ချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က Myanmar Harp media သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
"စပြီးတော့ ရှင်းရှင်းလင်းလင်းပြောရမှာက စာချွန်တော်လျှောက်ထားတယ်ဆိုတာက တရားစွဲတာမဟုတ်ဘူး။လူပုဂ္ဂိုလ်ဆိုင်ရာ တစ်ယောက်ယောက်ကို အရေးယူပေးဖို့ တိုင်ကြားတာလည်းမဟုတ်ဘူး။သူက အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုသို့မဟုတ်တရားရုံးရဲ့ အမိန့်ညွှန်ကြားချက်လုပ်ထုံးလုပ်နည်းဆောင်ရွက်ချက်ကြောင့် နစ်နာမှုရှိတဲ့နိုင်ငံသားသို့မဟုတ် နိုင်ငံသားအဖွဲ့အစည်းတစ်ရပ်ရဲ့ ဥပဒေအခွင့်အရေးကို ကုစားမှုပေးဖို့ စာချွန်တော်ထုတ်ပြီးတော့ ကုစားမှုပေးဖို့ လျှောက်ထားတာပေါ့။လျှောက်ထားမှာ ဒီကနေ့ဆောင်ရွက်တာကတော့ ဦးဇော်ဝိတ်နဲ့ ဦးစိုးမောင်တို့ ပါတီကစာချွန်တော်အမိန့်နှစ်ခုလျှောက်ထားထားတယ်။ဒီလျှောက်ထားတာတွေကို ရုံးလုပ်ငန်းစနစ်အရ စီစစ်ပြီးတော့မှ တရားမအထွေထွေအမှုဖွင့်လှစ်ပြီးတော့မှ အဲဒီတရားမအထွေထွေအမှုမှာ ဒီလျှောက်ထားထားတဲ့ လျှောက်ထားလွှာတွေကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလက်ခံ သင့်၊မသင့်လျှောက်လဲချက်ပေးတာပေါ့။အဲဒီတော့မူလကလျှောက်ထားလွှာနဲ့လျှောက်လဲချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖွဲ့စည်းပေးထားတဲ့ တရားသူကြီး၃ဦးပါတဲ့ အဖွဲ့က ဒါကို ဆက်လက်ကြားနာရန် စစ်ဆေးသင့်မသင့်စီရင်ချက်ချမှတ်ပါမယ်။သူကအမိန့်ရေးမယ်။ စီရင်ချက်ရေးမယ်ပေါ့။အဲဒီအတွက်ဒီအမှုကို သီးသန့်ထားတယ်လို့ဆိုလိုတဲ့သဘောပါပဲ''ဟု ၎င်းကပြောသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဇန်နဝါရီ၂၉ရက် အမှုများအခြေအနေထုတ်ပြန်ချက်အရ တရားမအထွေထွေလျှောက်ထားမှုစာချွန်တော် အမှုအမှတ်၁၉၈/၂၀၂၀ လျှောက်ထားသူ ဦးဇော်ဝိတ်၊ဆောင်ရွက်ချက် စီရင်ချမှတ်ရန်သီးသန့်ထားသည်ဟုဖော်ပြထားသည်။
နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့အား တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်နှင့် နိုင်ငံရေးပါတီတစ်ခုမှ ဦးစိုးမောင်တို့က ရွေးကောက်ပွဲအကြောင်းအရာနှင့်ပတ်သက်၍ အာဏာပိုင်မေးစာချွန်တော်တို့ကို လျှောက်ထားစွဲဆိုခြင်းဖြစ်သည်။
"ဒီလိုအရေးကြီးတဲ့အမှုတွေက တစ်လ၊တစ်လခွဲအတွင်းမှာ အမှုခေါ်စာရင်းထွက်ပါလိမ့်မယ်။အမှုခေါ်စာရင်းထွက်တဲ့ရုံးချိန်မှာကြတော့ပဲ။အမိန့်နဲ့ စီရင်ချက်တစ်ခါတည်းချပါမယ်။အဲဒီ စီရင်ချက်ပေါ်မှာ ချမှတ်လိုက်တဲ့ ကနဦး စီစစ်ကြားနာရေးအဖွဲ့ရဲ့ အမှုကိုဆက်လက်ကြားနာရန် သင့်မသင့်အမိန့်ထွက်လာပါလိမ့်မယ်။သူက ဒီလျှောက်ထားထားတဲ့အမှုကိုဆက်လက် စစ်ဆေးရန်သင့်မသင့်အမိန့်ချမယ်။မသင့်ဘူးဆိုရင် အဲဒီလျှောက်ထားလွှာကဒီနားလေးတင်ပြီးသွားပြီး။ပလပ်လိုက်တယ်ဆိုရင်ပြီးသွားပြီ။ရှေ့ဆက်ဘာမှ မလုပ်တော့ဘူး။တရားစီရင်ရေးလုပ်ငန်းဘာမှ မရှိတော့ဘူး''ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ထပ်မံဆိုသည်။
မင်းသီဟန်/Myanmar Harp
ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
၁၁
မျှဝေသူ ၃ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...