Skip to main content

လွတ်လပ်စွာ မဲပေးခွင့် တပ်မိသားစုများအတွက် စိန်ခေါ်မှုလား

ပြင်ဦးလွင်စစ်တက္ကသိုလ်အတွင်းရှိ တပ်တွင်းမဲရုံတစ်ခုအား ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် တွေ့ရစဉ်/ဓာတ်ပုံ − သီဟ
လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲထည့်ရန် ဦးကျော်(အမည်လွှဲ) တစ်ယောက် ဝေခွဲမရဖြစ်နေသည်။ လက်ရှိတွင် သူသည် တပ်မတော်၌ တာဝန်ထမ်းဆောင်နေသော အရာခံဗိုလ် တစ်ဦးဖြစ်သည်။

နိုင်ငံသားပီပီ တိုင်းပြည်အပြောင်းအလဲကို ကောင်းမွန်စွာ ဦးဆောင်နိုင်မည့် အစိုးရသစ်တစ် ရပ်ပေါ်ထွက်လာရန် မျှော်လင့် ချက်ဖြင့် သူယုံကြည်ရာ ပါတီတစ်ခုကို မဲထည့်ရန် စိတ်အားထက်
သန်နေသည်။ သို့သော်နောက်ဆက်တွဲပြဿနာဖြစ်ပေါ်လာမည်ကိုလည်း တစ်ဖက်တွင် စိုးရိမ်မှု ရှိနေသည်ဟု သူက ပြောသည်။
‘‘ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီမဲပေးပြီး တပ်မတော်က ထွက်ခါနီးမှ ၀န်ထမ်းဘ၀တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်’’ဟု ဦးကျော်က ၎င်း ၏ စိုးရိမ်စိတ်ကို ရှင်းပြသည်။
သူစိုးရိမ်နေသည်မှာ အခြား မဟုတ်ပေ။ နောက်ခြောက်လအကြာတွင် သူ၏ လက်ထဲသို့ တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်အတွက် လုပ်သက်ဆုကြေးအဖြစ် မမျှော်လင့်ထားသည့် ငွေပမာဏသိန်း တစ်ရာခန့်ရရှိပြီး တပ်မတော်မှ ပင်စင်ယူရမည်ဖြစ်သောကြောင့် ဖြစ်သည်။
‘‘ဦးရမယ့် လုပ်သက်ဆုကြေး နဲ့ ပင်စင်လစာက ဦးမိသားစုရပ်တည်မှုအတွက် အရမ်းအရေးကြီးတယ်။ မရှိမဖြစ်လိုအပ်တယ်’’ဟု ၎င်းက ဆိုသည်။
စစ်တပ်အတွင်း နေထိုင် သည့် ၀န်ထမ်းများနှင့် မိသားစုများသည် တပ်ထဲရှိ မဲရုံတွင် မဲပေး ရမည်ဖြစ်သည်။ ထိုအရာသည် ၎င်းတို့အတွက် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိသည့်အနက် အစိုးရ၀န်ထမ်း တစ်သန်းခွဲကျော် ရှိသည်။ ၎င်းတို့အနက် တပ်မတော်သားဦးရေသည် ငါးသိန်းခန့်ရှိ ကြောင်း အင်တာနက်စွယ်စုံကျမ်း ၀က်ဘ်ဆိုက်(Wekipedia) က ဖော်ပြထားသည်။
‘‘တခြားအစိုးရ၀န်ထမ်းများထက် စစ်တပ်အတွင်းမှာနေတဲ့ ၀န်ထမ်းတွေနဲ့ မိသားစုတွေက မဲ ထည့်ဖို့ ပိုမိုအခက်အခဲရှိတယ်’’ဟု ၁၉၉၀ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးနိုင်းနိုင်းက ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသည့် ဥပဒေတွင် မဲပေးသူများသည် လွတ်လပ်စွာ မဲပေးခွင့်ရှိပြီး စိတ်ငြိုငြင်စေခြင်း၊ဖိအားပေးခြင်းများ ပြုလုပ်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်၊ ကျပ်တစ်သိန်းထက် မပို သော ငွေဒဏ်များ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
တပ်မတော်တွင် မဲရုံတည် ဆောက်ပါက လေ့လာစောင့် ကြည့်ရမည့်သူများကို လွတ်လပ် စွာ လေ့လာခွင့်ပေးရမည်ဖြစ်ပြီး (သို့မဟုတ်) တပ်ပြင်ပတွင် မဲရုံ တည်ဆောက်ရန် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြော ကြားမှုများလည်းရှိနေသည်။
သို့သော် ကိုယ်စားလှယ်လောင်းများသည် တပ်မတော်ပိုင် ဧရိယာအတွင်းမဲဆွယ်စည်းရုံးမှုများအား ခွင့်ပြုမည်ဟုဦးတင်အေးက ဆက်ပြောထားသည်။
‘‘မဲထည့်ဖို့ ညွှန်ကြားတယ်။ ဖိအားပေးတယ်ဆိုရင်တော့ ဒါက ဥပဒေကို ချိုးဖောက်တာပဲ’’ဟု တပ်မတော်တပ်ရင်း အများအပြားရှိ သည့် မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င် ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်က ပြောသည်။
ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၁၀၀ ကျော်သာ လိုအပ်တော့သည့်အချိန်ထိ အစိုးရ၀န် ထမ်းများအား မဲပေးရန် ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာညွှန် ကြားမှု၊ ဖိအားပေးမှု ပြုလုပ်ထားခြင်းမရှိကြောင်း ၀န်ထမ်းအချို့ ကပြောသည်။
‘‘အန်တီတို့ကို ဘာမှပြောထားတာ မရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ ကိုယ်ကြိုက်တဲ့ဟာ မဲပေး မယ်။ ၂၀၁၀ တုန်းကလည်း ကိုယ် ကြိုက်တာ ကိုယ်ထည့်ခဲ့တာပဲ’’ဟု နှစ်ကြိမ်တိတိ မဲထည့်ခဲ့ပြီး နှစ် ပေါင်း ၂၀ ကျော်ကြာ အစိုးရ၀န်ထမ်းအဖြစ် လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။
ထိုသို့ဆိုသော်လည်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အ စိုးရ၀န်ထမ်းအများစုမှာ လွတ်လပ်စွာ မဲပေးခွင့်မရရှိခဲ့ဘဲ တပ်နှင့် နီးစပ်သည့် ကိုယ်စားလှယ်များကို မဲပေးရန် ညွှန်ကြားခံခဲ့ရကြောင်း 7 Day Newsဂျာနယ်က ယင်း ဆောင်းပါးရေးသားရန် တပ်မ တော်မိသားစုနှင့် အစိုးရ၀န်ထမ်း ၁၅ ဦးအား လိုက်လံမေးမြန်းချက်များအရ သိရသည်။
ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီဖြစ် သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ကြိုတင်မဲ သောင်းဂဏန်းနှင့် ချီ၍ မဲမသမာ မှုများကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ် ကြောင်း ဧရာဝတီသတင်းဂျာနယ်  အင်တာဗျူးတစ်ခု၌ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဦး ဆောင်ကျင်းပမည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၀န်ခံထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမဲပေးခွင့်ရှိသူ ၂၈ သန်းကျော် ရှိသည့်အနက် မဲဆန္ဒ ရှင် ၂၂သန်းခန့်(၇၇ ရာခိုင်နှုန်း) မဲပေးခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲအပါ အ၀င် မြန်မာနိုင်ငံတွင် ရွေး ကောက်ပွဲ ငါးကြိမ် (၁၉၅၂၊ ၁၉၅၆၊၁၉၆၀၊ ၁၉၉၀) ကျင်းပခဲ့ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် တိုင်းပြည်အပြောင်းအလဲအတွက် အရေးကြီးသည့် ရွေးကောက်ပွဲ တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
လက်ရှိကျင်းပခဲ့ပြီးဖြစ်သော ရွေးကောက်ပွဲများတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုရှိခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
‘‘မင်္ဂလာဒုံနဲ့ မှော်ဘီမှာဆို စစ်တပ်မိသားစုတွေ များတယ်။ ဒါပေမယ့် စစ်တပ်နဲ့ မိသားစုတွေပေးတဲ့ မဲနဲ့ပဲ နိုင်ငံရေးပါတီတွေ အပြတ် သတ်အနိုင်ရခဲ့တယ်’’ဟု ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးနိုင်းနိုင်းက ၎င်း၏အတွေ့အကြုံကို ရှင်းပြ သည်။
စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် ခြေလျင်တပ် မိသားစုဝင် ၁၅ ဦးအား ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌မည်သို့ သောကိုယ်စားလှယ် အလိုရှိသနည်း ဟု မေးမြန်းရာအများစုက ငြိမ်းချမ်းရေးတည်ဆောက်နိုင်သည့် ကိုယ်စားလှယ်နှင့် လူနေမှုဘ၀ လုံလောက်မှုကို ပေးနိုင်သည့် ပုဂ္ဂိုလ်မျိုးကို အလိုရှိကြောင်း ဖြေကြားထားကြသည်။
‘‘နိုင်ငံရေးတည်ငြိမ်စေချင်တယ်။ ခြေလျင်ခြေမြန်တပ်ရင်း တွေ အားလုံးက ရှေ့တန်းထွက်ရတယ်လေ။ အားလုံးတောထဲ ရန်သူနယ်မြေထဲမှာ နေရတာ။ အသက်သေတာတွေလည်း မရှိစေချင်ဘူး’’ဟု ရှေ့တန်းထွက်ရသည့် ခြေလျင်တပ်ရင်းတစ်ခုမှ ဗိုလ်ကြီးတစ်ဦး၏ ဇနီးက စိုးရိမ်စိတ်ဖြင့် ဆိုသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ စစ်တပ်ပိုင်းမှ ထိပ်သီး ပုဂ္ဂိုလ်အများစုသည် ရွေးကောက် ပွဲဝင်ပြိုင်ရန် ပြင်ဆင်မှုများရှိနေ သည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အစိုးရ၀န်ထမ်းများ၏ မဲပေးခွင့်ကို မိမိဘာသာ ဆုံးဖြတ်ခွင့်ရရှိပါ့မလား မေးခွန်းသည် စောင့်ကြည့်ရမည့် အနေအထားတစ်ခုဖြစ်နေပြီး မဲပေးခွင့်သည်တရားမျှတမှုနှင့် လွတ်လပ်ခွင့်အ တွက် စိုးရိမ်စရာဖြစ်နေသည်။
သို့သော် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅ ရွေး ကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရန် တပ်မတော်က ဆောင်ရွက်ပေးနိုင်သည့် အခန်းကဏ္ဍအားလုံးဆောင်ရွက်ပေးရန်  ဆုံးဖြတ်ထားသည်ဟု ဘီဘီစီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
‘‘ဦးကတော့ လာမယ့် ရွေးကောက်ပွဲမှာ အစိုးရ၀န်ထမ်းတွေ ဘာစိုးရိမ်မှုမှ မရှိဘဲ လွတ်လွတ်လပ်လပ်မဲပေးခွင့်ရချင်တယ်’’ဟု ဦးကျော်က ၎င်း၏ခံစားချက်နှင့် ပတ်သက်၍ ပြောသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...