အာဇာနည်နေ့တွင် ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်၌ ပန်းခြင်း၊ ပန်းခွေချခြင်း၊ စီတန်းလှည့်လည်ခြင်းများ တားမြစ်
(၆၈)နှစ်မြောက် အာဇာ နည်နေ့တွင် ပြည်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်း
မြင်းစီးကျောက်ရုပ် ၌ ပန်းခြင်း၊ ပန်းခွေချခြင်း၊ စီတန်းလှည့်လည်ခြင်းများ
မပြုလုပ်ကြ ရန် ပုဒ်မ ၁၈၈ ထုတ်ကာ တားမြစ် ထားကြောင်း မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။
‘‘မြို့နယ်ရုံးက ဒီနေ့ပဲ ညွှန် ကြားစာရတယ်။ ဗိုလ်ချုပ်ကျောက် ရုပ်မှာ ပန်းခွေ၊ ပန်းခြင်းမချဖို့၊ စီ တန်းလှည့်လည်တာတွေ မလုပ် ဖို့ ဒေသန္တရ အမိန့်ထုတ်တာပါ။ မနှစ်က ထုတ်ပြန်သလိုပါပဲ’’ ဟုပြည်မြို့နယ်ဆင်စုရပ်ကွက် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၇ ရက် တွင် ပြောသည်။
ဇူလိုင် ၁၅ ရက်စွဲပါ ပြည် မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံး၏ ပုဒ်မ ၁၈၈ ဖြင့် တားမြစ် ညွှန်ကြားစာတွင် (၆၈)နှစ်မြောက် အာဇာနည်နေ့၌ ဂုဏ်ယူဖွယ်ရာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊ မြို့တော်ခန်းမအပါအ၀င် ခန်းမများ၊ အများပြည်သူ အပန်းဖြေရာ ပန်းခြံများ၊ အထိမ်းအမှတ်နေရာများ၊ သတ်မှတ်မထားသော နေရာများ တွင် ပန်းခွေချခြင်း၊ ပန်းခြင်းချ ခြင်း၊ စီတန်းလှည့်လည်ခြင်းနှင့် အလားတူ ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်ခြင်း မပြုရ၊ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ဖောက် ဖျက်ပါက ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခြင်းခံရ မည်ဟု ပါရှိသည်။
‘‘မော်လမြိုင်မှာဆိုရင် ဗိုလ် ချုပ်ကျောက်ရုပ်မှာ ပန်းခွေချပြီး အလေးပြုတာတို့ကို မြို့နယ်ထွေ အုပ်က ဦးဆောင်ပြီးတောင်လုပ် မယ်လို့ သိရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် ပြည်မြို့နယ် အုပ် ချုပ်ရေးမှူးရုံးဟာ အခြေခံဥပဒေ ပါ ပုဒ်မ ၃၄၇ ကို ဖောက်ဖျက်ရာ ရောက်တယ်။ အဲဒီပုဒ်မမှာ မြန်မာနိုင်ငံသားအားလုံးဟာ နိုင်ငံအတွင်း မှာ တန်းတူအခွင့်အရေး ရရှိရ မယ်။ ပြည်ကလူတွေက မော်လ မြိုင်က လူတွေလို ဗိုလ်ချုပ် ကျောက်ရုပ်မှာ ပန်းခွေ၊ ပန်းခြင်း ချတာမလုပ်ရဘူးလို့ တားမြစ်ခံနေရ တယ်’’ ဟု ပြည်မြို့ နိုင်ငံရေးအ ကျဉ်းသားဟောင်းဦးကျော်ဆန်း က ပြောသည်။
ပြည်မြို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအနေဖြင့် လာ မည့် အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးကျောက်ရုပ် ရှေ့၌ ပန်းခြင်းချရန်၊ ချီတက်အလေး ပြုရန် ခွင့်ပြုစာတင်ပြခဲ့သော် လည်း ခွင့်ပြုမိန့်မရဘဲ တားမြစ်ခံ ခဲ့ရကြောင်း ဦးကျော်ဆန်းက ဆက်လက်ပြောသည်။

Comments
Post a Comment