Skip to main content

ဒီချုပ် ရွေးကောက်ပွဲနိုင်လျှင် သမ္မတရွေးချယ်မှုမတိုင်မီ ခြေဥပြင်ဆင်ရေးမူကြမ်း အမြန်တင်သွင်းကာ ဆန္ဒခံယူပွဲကျင်းပပေးရန် ကော်မရှင်ထံ တောင်းဆိုနိုင်ဟု မြန်မာ့အရေးကျွမ်းကျင်သူပြောကြား By

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
 နိုဝင်ဘာရွေးကောက်ပွဲ၌ အင်န်အယ်လ်ဒီအနိုင်ရလျှင် သမ္မတမရွေးချယ်မီကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးမူကြမ်းတစ်ခုကို အလျင်အ မြန် တင်သွင်းကာ ပြည်သူ့ဆန္ဒခံ ယူပွဲကျင်းပရေး ကြိုးပမ်းနိုင်ခြေရှိနေကြောင်း နိုင်ငံတကာမှ လေ့လာသူအချို့က သုံးသပ်သည်။
‘‘နိုဝင်ဘာမှာ အင်န်အယ်လ် ဒီအနိုင်ရရင်၊ လွှတ်တော်အသစ် က သမ္မတသစ်တစ်ယောက်ကို မ ရွေးချယ်ခင် သူ့ရဲ့(အခြေခံဥပဒေ) ပြင်ဆင်ရေးမူကြမ်းကို မဆိုင်းမ တွအဆိုတင်ပြီး ပြည်သူ့ဆန္ဒခံယူ ပွဲတစ်ရပ် ကျင်းပဖို့ ရွေးကောက် ပွဲ ကော်မရှင်ကို တောင်းဆိုနိုင် တယ်’’ဟု လွှတ်တော်က ဖွဲ့စည်း ခဲ့သော
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသုံးသပ်ရေးကော်မတီများ ကို အကြံပေးသူတစ်ဦးဖြစ်သည့် အင်ဒရူးမက်လီယော့ဒ်က ဘီဘီစီ အင်္ဂလိပ်ပိုင်းအတွေးအမြင်ကဏ္ဍ တွင် ရေးသားထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေ အခန်း (၄)၊ အပိုဒ် ၁၂၃ အရ ပြည်သူ့လွှတ်တော်၏ သက်တမ်း တစ်ရပ်စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေ ထွေရွေးကောက်ပွဲ စတင်ကျင်းပ သည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဖြစ်သည်။ ထို့အတူ အပိုဒ် ၇၈ အရ ပြည် ထောင်စုလွှတ်တော်၏ ပထမအ ကြိမ် ပုံမှန်အစည်းအဝေးကို ပြည် သူ့လွှတ်တော်၏ ပထမအစည်းအ ဝေးစတင်သည့်နေ့မှ ၁၅ ရက်အ တွင်း ကျင်းပရမည်ဖြစ်သည်။
 နောက်လွှတ်တော်အသစ် ကို ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက် မတိုင်မီ အစည်းအဝေးကျင်းပရန် ရှိသည်။ ရွေးကောက်ပွဲကို နိုဝင် ဘာတွင်ပြုလုပ်မည်ဖြစ်၍ သမ္မတ ရွေးချယ်မှုကို ဖေဖော်ဝါရီမှသာပြု လုပ်နိုင်မည်ဖြစ်သည်။
အင်န်အယ်လ်ဒီပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် မဲအ များစုအနိုင်ရရှိခဲ့သည်။ ထိုစဉ်က အင်န်အယ်လ်ဒီ၌ ၎င်းရေးဆွဲခဲ့ သော ဖွဲ့စည်းပုံအခြေခံဥပဒေရှိ သည်။ သို့သော် ရွေးကောက်ပွဲရ လဒ်ကို စစ်အစိုးရက အသိအမှတ် မပြုဘဲ အာဏာမလွှဲအပ်သည့်အ ပြင် အင်န်အယ်လ်ဒီပါတီဝင်များ ကို ဖမ်းဆီးအကျဉ်းချမှုများပါဖြစ် ပေါ်ခဲ့ရာ ထိုဖွဲ့စည်းပုံအခြေခံဥပ ဒေမှာ အသုံးမချနိုင်ခဲ့ပေ။
‘‘အင်န်အယ်လ်ဒီမှာ တစ်နိုင်ငံလုံးအတွက် ရေးဆွဲထားတဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီး သား။ အခုက ပြင်ဆင်ရေးကို သွားနေလို့ အဲဒါက ရှေ့ရောက်မ လာတာ။ နောင်တစ်ချိန် အသစ် ရေးဆွဲရေးဖြစ်လာရင် အဲဒါက အ ကောင်အထည် ပေါ်လာပါလိမ့် မယ်’’ဟု အင်န်အယ်လ်ဒီပါတီ ဥ ပဒေအထောက်အကူပြုအဖွဲ့တွင် ပါဝင်သည့် တရားလွှတ်တော်ရှေ့ နေ ဦးကိုနီကပြောသည်။
 အင်ဒရူးမက်လီယော့ဒ်၏ ဆောင်းပါးမှာမူ ၎င်း၏တစ်ဦးချင်း ထင်မြင်ချက်သာဖြစ်သည်ဟု ဦး ကိုနီကဆိုသည်။
သမ္မတမရွေးချယ်မီ ကြားကာလ သုံးလကျော်ခန့် ရှည်လျားရာ မည်သူသမ္မတဖြစ်မည် ဆိုသည့်အပေါ် မတူသောအုပ်စုများ လျှို့ဝှက်ညှိနှိုင်းမှုများ အပါအ၀င် ရှုပ်ထွေးမှုများ ထွက်ပေါ်ရန် အချိန်များများရနေမည့် ကာလလည်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာအကျပ်အတည်းအဖွဲ့ ICG ၏ မြန်မာ့ရွေးကောက်ပွဲ အခင်းအကျင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။
‘‘လူထုအုံကြွမှုကို ရှောင်ရှား ဖို့ တပ်မတော် ရပ်တည်ချက် ပြောင်းလဲတာကိုလည်း ဒေါ်စု ကြည်က ထည့်သွင်းစဉ်းစားပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း နောက်လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ စစ်တပ်ရဲ့ ခေါင်းဆောင် ပိုင်းကြားမှာ အလွတ်သဘောအစီ အစဉ်တစ်ရပ်ကို ဒေါ်အောင်ဆန်း စုကြည်က စေ့စပ်ညှိနှိုင်းဆွေးနွေး နိုင်တယ်’’ ဟု အောက်စဖို့ဒ် ဘား မား/မြန်မာ ဥပဒေပရိုဂရမ်ကို စီမံညွှန်ကြားသူတစ်ဦးလည်းဖြစ် သည့် အင်ဒရူးကဆိုသည်။
 သမ္မတအရည်အချင်းကို ပြောင်းလဲရန် အဆင့်နှစ်ဆင့်လို ပြီး လွှတ်တော်က အတည်ပြုရန် နှင့် ယင်းနောက် ပြည်သူ့ဆန္ဒခံယူ ပွဲတွင် ပြည်သူလူထုက အတည် ပြုထောက်ခံရန်ဖြစ်သည်။ လွှတ် တော်ကိုယ်စားလှယ်များနှင့် တပ် မတော်ခေါင်းဆောင်ပိုင်းကြား သ ဘောတူညီချက် တစ်ရပ်ရှိလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးများကို အကောင်အထည်ဖော်ချိန်၌ ယာယီသမ္မတတစ်ဦးကို ခန့်အပ်ထားနိုင်ကြောင်း အချို့ကခန့်မှန်းကြသည်။
ဇူလိုင် ၁၁ ရက်က နေပြည် တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်ပြုလုပ်ခဲ့သော သ တင်းစာရှင်းလင်းပွဲ၌ ပါတီအနေ ဖြင့် ရွေးကောက်ပွဲပြီးနောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကြိုးပမ်းမှုများကို ပိုမိုအားရှိ အောင် ပြုလုပ်သွားမည်ဟုသတင်း ထောက်များအား ပြောကြားခဲ့ သည်။ ပြဿနာကို မည်ကဲ့သို့ကိုင် တွယ်ရန် ရည်ရွယ်ထားသလဲဆို သည့် စိတ်ကူးတစ်ရပ်၊ အစီအစဉ် တစ်ရပ်မရှိဘဲ ရွေးကောက်ပွဲဝင် ပြိုင်မည်မဟုတ်ဟု ၎င်းကဆို သည်။ ခေါင်းဆောင်လောင်းနှင့် ပတ်သက်၍ အသေးစိတ် ပြော ကြားမှုမရှိဘဲ ယခုအချိန်အထိ ဘာမျှပြောစရာမရှိသေးဟု တုံ့ပြန်ခဲ့သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် ရည်ရွယ်ရေးဆွဲ ထားခဲ့သော ပုဒ်မအဖြစ် ကျယ် ကျယ်ပြန့်ပြန့် ယုံကြည်ထားကြ သည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၏ ၀ါရှင်တန်ပို့စ်သတင်းဌာန အယ်ဒီတာ့ထံပေးစာကို ဇူလိုင် ၁၂ ရက်တွင် ဖော်ပြလာရာ ထိုကဲ့သို့ ဖွဲ့စည်းပုံပါ တားမြစ်မှုသည် ဒီမိုကရေစီစနစ် တိုးတက်မှုကို တစ်ခုတည်းသော တိုင်းတာစရာမဖြစ်သင့်ဟု ၎င်းကရေးသားထား သည်။
အချို့ဥပဒေများသည် လျှော့ပေါ့ပေးရန် လိုအပ်ပြီး ဆောင်းဦး ရာသီတွင် လွှတ်တော်အသစ်တစ် ရပ်ကို ရွေးကောက်ပြီးနောက် ပို၍ ပြုပြင်ပြောင်းလဲမှုများကို ၎င်းတို့ မျှော်လင့်ကြောင်း ရေးသားထားသည်ကို မြန်မာသံအမတ်ဦးကျော်မျိုးထွဋ်၏ ပေးစာအဆုံးပိုင်းတွင် တွေ့ရသည်။
အများအားဖြင့်မူ ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီ ပါတီသည် ရွေးကောက်ပွဲတွင် မဲ အများစု အနိုင်ရလိမ့်မည်၊ ရွေး ကောက်ပွဲပြီးနောက် ပါတီအနေ ဖြင့် လွှတ်တော်အတွင်း ပြောအား ဆိုအား ပိုရှိလာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ တစ်ဖက်တွင် လည်း အင်န်အယ်လ်ဒီအနေဖြင့် မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိ ရေးမှာ အဟန့်အတားများရှိသည်။ စစ်ဗိုလ်ချုပ်ဟောင်းကြီးများကြားတွင်သာမက အချို့အစုအဖွဲ့များ၏ ဝေဖန်မှုကိုလည်း ဒေါ်အောင် ဆန်းစုကြည်ကြုံနေရသည်။
‘‘အဲဒီလူတွေအတွက် အဖြေ ကတော့ သေချာတာ မြန်မာနိုင်ငံ မှာ တခြားဘယ်သူမှ ဒေါ်အောင် ဆန်းစုကြည်မှာရှိတဲ့ ရိုးသား ဖြောင့်မတ်ပြည့်စုံခြင်း၊ သမိုင်း ကြောင်းကောင်းမှုနဲ့ ဉာဏ်ပညာ  ပေါင်းစပ်ထားတာမျိုးမရှိဘူး။ အဲ ဒီ အဖိုးတန်အမွေကို ဖြုန်းတီးပစ် တဲ့ ပေတိပေကတ်၊ ကတ်သီး ကတ်သတ် နိုင်ငံတစ်နိုင်ငံဖြစ်လိမ့် မယ်’’ဟု အာရှနှင့်မြန်မာနိုင်ငံရေး အကြောင်း လေ့လာတင်ပြသူ ၀ါ ရင့်သတင်းစာဆရာ မာတင်ဝူလာ ကော့တ်က သည်ဂါးဒီးယန်းတွင် ရေးသားလာသည်။
မြန်မာနိုင်ငံသည် သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်နိုင်သည့်စနစ်မဟုတ် ဘဲ လွှတ်တော်ကသာ သမ္မတနှင့် ဒုသမ္မတနှစ်ဦးကို မဲပေးရွေးချယ် ရခြင်းဖြစ်သည်။
 အမေရိကန်ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံသည် နိုင်ငံ ရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ် သည့်နိုင်ငံအဖြစ် ပြသသည့် နိုဝင် ဘာရွေးကောက်ပွဲများ ပြီးသည်အထိ မြန်မာနိုင်ငံကို ကုန်သွယ် ရေးဆိုင်ရာ ခံစားခွင့်များ မပေး သင့်ကြောင်း သြဇာကြီးသော အမေရိကန် ဆီးနိတ်အမတ် မစ်ခ်ျမက်ကောနဲလ်က ဆိုထားသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...