၂၀၁၅ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အလွန်၂၀၁၆ နှစ်ဆန်းပိုင်း
ပြည်ထောင်စုလွှတ်တော်တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့်
နိုင်ငံတော် သမ္မတကို ရွေးကောက်တင် မြှောက်နိုင်မည်ဆိုလျှင် ပါတီ
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ အစိုးရဖွဲ့စည်းရေး၊ နိုင်ငံရေးရည် မှန်းချက်
အထမြောက်နိုင်မည် ဖြစ်သည်။ စိန်ခေါ်မှုများ၊ အကျပ် အတည်းများနှင့်အတူ ဘေးကျပ် နံကျပ် အစိုးရ ဖွဲ့စည်းရေးကို အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အ နေဖြင့် တိုင်းရင်းသား မဟာမိတ် များ၊ မိတ်ဆွေများနှင့် ကျောချင်း ကပ် ရင်ချင်းအပ်ပုံဖော်နိုင်ရန် အ ရေးကြီးလျက်ရှိသည်။
၂၀၁၅ ဇူလိုင်လ ၁၅ ရက် အတည်ပြုစာရင်းဝင် နိုင်ငံရေးပါ တီ ၈၆ အနက် ၅၁ ပါတီသည် တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြုသည့် ပါတီများဖြစ် သည်။ တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍသည် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အလွန် လွှတ်တော်နိုင်ငံရေး အခင်းအ ကျင်းတွင် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအလွန် ကာလများထက် ပိုမိုအရေးပါအရာရောက် လာနိုင်ဖွယ် ရှိနေသည်။
တိုင်းရင်းသား ပါတီများ သည် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၁၃ ဒသမ ၄ ရာခိုင် နှုန်း၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမို ကရေစီအထွေထွေ ရွေးကောက် ပွဲတွင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း အသီးသီးအနိုင်ရရှိခဲ့ သည်။ ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအလွန် ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသား ပါတီများအနေဖြင့် ရွေးကောက်ခံ လွှတ်တော်ကိုယ် စားလှယ် တစ်ရာခန့် (ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း) အနိုင်ရရှိနိုင်ခြေရှိသဖြင့် တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်များသည် သော့ချက်ကျ အဆုံးအဖြတ်ပြုနိုင်မည့် ပြည်ထောင်စု လွှတ်တော်တွင်း အစုအဖွဲ့ဖြစ်လာမည်ဟု သုံးသပ်နိုင်သည်။
တိုင်းရင်းသားပါတီအများ စုသည် နိုင်ငံရေးမဟာမိတ်များ ဖြစ်သော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအင်န်အေ)၊ ညီ နောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အင်န်ဘီအက်ဖ်) နှင့် ဖက်ဒရယ်ပြည်ထောင်စုပါတီ (အက်ဖ်ယူပီ)တို့တွင် ပါဝင်နေသည်။ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းနှင့် ဖက်ဒရယ်ပြည် ထောင်စုပါတီတို့သည် နိုင်ငံရေးအရ နီးစပ်ပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ်အဖွဲ့သည် သီးသီး သန့် သန့် ရပ်တည်နေသည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ယူအင်န်အေနှင့်နီးစပ်ပြီး အင်န်ဘီအက်ဖ်နှင့် အက်ဖ်ယူပီတို့နှင့် အလှမ်းဝေးသည်။ ဒီချုပ်သည် ရွေးကောက်ပွဲအကြိုကာလတွင် စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအင်န်အေ)နှင့် နိုင်ငံရေးအရ မိတ်ဆွေဖြစ်ရေး လမ်းကို ဖောက် နိုင်ခြေမြင့်မားနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ တာဝန်ပေးမှုအရ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် များဖြစ်သော ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်းနှင့် ဦးဟံသာမြင့်တို့သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူးဦးစိုင်းညွန့်လွင်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလတ်တို့ကို ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့၌တွေ့ဆုံ၍ ၂၀၁၅ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စများအား ဆွေးနွေးအမြင်ဖလှယ်ခဲ့သည်။
လာမည့် ၂၀၁၅ ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(စီအာရ်ပီ ပီ)အဖွဲ့ဝင်များဖြစ်သော ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန် အ မျိုးသားဒီမိုကရေစီပါတီနှင့် ဇိုမီး အမျိုးသားကွန်ဂရက်တို့၏ ဥက္ကဋ္ဌ များ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲ ဆန္ဒနယ်များ၌ ၀င်ရောက်ယှဉ် ပြိုင်မည်မဟုတ်ကြောင်း တွေ့ဆုံ ဆွေးနွေးစဉ် အတည်ပြု ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံ ရေးပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းစပေါ် ခြေချနိုင်ခဲ့ပြီဟု သုံး သပ်နိုင်သည်။ ဒီချုပ်သည် စီအာရ် ပီပီအဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း ရွေးကောက်ပွဲ အကြိုကာလ မဟာမိတ်ဖွဲ့ရေးကို အလျင်အမြန် ဆောင်ရွက်လာနိုင်ခြေရှိနေသည်။ စီအာရ်ပီပီ အဖွဲ့ဝင် တိုင်းရင်းသားပါတီများ သက်သက်မျှဖြင့်အစိုးရဖွဲ့နိုင်သည် အထိ အား ကောင်းမောင်းသန်နိုင်ခြေလျော့ပါးသည့်အလျောက် ဒီချုပ်အနေဖြင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(ယူအင်န်အေ) အထိနိုင်ငံရေးအရ အလှမ်းကျယ်ကျယ်ထိတွေ့နိုင်ရေး မဖြစ်မနေ ပြင်ဆင်သင့်သည်။
သို့ဖြစ်၍ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်သည် ရွေးကောက် ပွဲနီးကာလတွင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(စီအာရ်ပီပီ)ကို အခြေခံလျက် တိုင်းရင်းသားပါတီများနှင့် မဟာမိတ် တည်ဆောက်ခြင်းကို အလျင်အမြန်ဆောင်ရွက်နေသည့် တစ်ပြိုင်နက် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (ယူအင်န်အေ)အဖွဲ့ဝင် ကျန်တိုင်း ရင်းသားပါတီများဖြစ်သော ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ကရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယားအမျိုးသား ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်း ပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ တို့နှင့် မဖြစ်မနေ ညှိနှိုင်း ဆွေးနွေး အဖြေရှာရမည် ဖြစ်သည်။ မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တို့ကို အချိန်ဇယားနှင့်အညီ အသေးစိတ်ရေးဆွဲအတည်ပြုနိုင်မှသာ တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပြုရေး ပုံပေါ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်တို့ ရည်မှန်းထားသည့် ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်ခြေ မြင့်မားစေမည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအလွန်ပြည်ထောင် စုအစိုးရအဖွဲ့ကို တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ကျောချင်း ကပ်လျက် ဖွဲ့စည်းနိုင်ရေး ရည် ရွယ်သည်ဆိုလျှင် စီအာရ်ပီပီအဖွဲ့ ၀င်ပါတီများ၏ ဥက္ကဋ္ဌများ၊ ယူ အင်န်အေအဖွဲ့ဝင် ပါတီဥက္ကဋ္ဌ များ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ တွင် ရှောင်ပေးရုံသက်သက်ထက် ပိုမိုကျယ်ပြန့်သော သဘောတူ ညီချက်တစ်ရပ်အား ဆောလျင် စွာရရှိနိုင်ရေးဦးတည်ရမည် ဖြစ် သည်။ ဒီချုပ်သည် တိုင်းရင်းသား မိတ်ဆွေပါတီများနှင့် လက်တွဲ လျက် ရွေးကောက်ပွဲအလွန်စိန် ခေါ်မှုများ၊ အကျပ်အတည်းများ ကို ပြိုင်တူတွန်းနိုင်မှသာ ပြည်သူ ကို မျက်နှာမူသော နိုင်ငံရေးအ ပြောင်းအလဲလမ်းစသည် ၂၀၁၆ နှစ်ဦးပိုင်းတွင် ရေးရေးပေါ်လာ မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်များအနေဖြင့် မဲဆန္ဒနယ် အများစု၌ ၀င်ရောက်ယှဉ်ပြိုင် နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေ သည့် တစ်ပြိုင်နက် စီအာရ်ပီပီ အဖွဲ့ဝင် တိုင်းရင်းသားမဟာမိတ် ပါတီများသာမက ယူအင်န်အေ အဖွဲ့ဝင် တိုင်းရင်းသားမဟာမိတ် ပါတီများ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ညှိ နှိုင်းမှုများ ဆောလျင်စွာ မဖြစ်မနေ ပြုလုပ်လျက် ရှဥ့်လည်းလျှောက် သာ ပျားလည်းစွဲသာ ထုံးနှလုံးမူ သင့်ပါကြောင်း တိုက်တွန်းဆော် သြလိုက်ရပါသည်။ ။

Comments
Post a Comment