Skip to main content

တိုင်းပြည်တကယ်ပြောင်းလဲချင်ရင် အန်အယ်လ်ဒီကို မဲပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး အမှန်တကယ် လုပ်လိုလျှင် ပြည်သူများ အနေဖြင့် နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD ) ကို မဲပေး    ကြပါလို့ NLD အကြီးပိုင်း ခေါင်းဆောင်များက ပြည်သူလူထုကို အာဇာနည်နေ့မှာ ပြောဆိုလိုက်ပါတယ်။

NLD ရဲ့နာယက ဦးတင်ဦးက “အခုက ပြောင်းလဲချိန်တန်ပါပြီ ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေး ကြစို့” လို့ ပြည်သူများကို ပြောဆိုလိုက်တာပါ။

NLD အကြီးပိုင်းခေါင်းဆောင်များဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် နာယကဦးတင်ဦးတို့က အာဇာနည်နေ့မိန့်ခွန်းကို ရွှေဂုံတိုင်လမ်းမကြီးပေါ် ရှိ  NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ပြည်သူလူထု ၂၀၀၀ ကျော် လာရောက် နားထောင်တာကို တွေ့ရပါတယ်။

ဦးတင်ဦးက ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်သည် စစ်တပ်ကို လွှမ်းမိုးရမည် ၊ စစ်တပ်သည် လွှတ်တော်ကိုမလွှမ်းမိုးရ ၊ စစ်သားသည် ပြည်သူ၏အခြေခံဖြစ်ရမည် ၊ ပြည်သူလူထုသည် စစ်တပ်၏ အခြေခံ မဖြစ်ရဟု ပြောဆိုထားခဲ့သဖြင့် ထိုအချက်များကို NLD က ဆုပ်ကိုင်ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်း ဆိုပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစဉ်လာအတိုင်း ရာနှုန်းပြည့်အောင်ရမည် ဖြစ်ပြီးလွှတ်တော်အဖွဲ့အောင်နိုင်ရေးဟာ ဒီမိုကရေစီအောင်နိုင်ရေး ၊ တို်င်းရင်းသား ပြည်သူတရပ်လုံးရဲ့ အောင်နိုင်ရေး ဖြစ်ရမည်လို့ သံဓိဌာန်ချမှတ်ထားတယ်လို့လည်း ဦးတင်ဦးက ဆက်ပြောပါတယ်။


အာဇာနည်နေ့နဲ့ ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျဆုံးသွားတဲ့ အာဇာနည်များမှာ လူမျိုး ၊ ဘာသာမတူကြသော်လည်း တိုင်းပြည်ကို လွတ်လပ်၍ ဒီမိုကရေစီ ရလိုတဲ့ စိတ်ရှိကြသူများ ဖြစ်ပြီး တိုင်းပြည်အတွက် လုပ်ငန်းများ မပြီးဆုံးမီ ကျဆုံးသွားခြင်းကြောင့် NLD အနေဲ့ အဲ့ဒီလုပ်ငန်း တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်ရန် တာဝန်ရှိတယ်လို့ ခံယူထားကြောင်း ၊ တာဝန်များကို အပြီးသတ် ဆောင်ရွက်နိုင် ရန် ပါတီကို ထူထောင်ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ကို ပြည်သူကနေ တောင်းဆိုလို့ ပြည်သူဆန္ဒရှိလို့ဆိုပြီး အဲ့လို အကြောင်းတွေ ကျမတို့မပြပါဘူး ။ ကျမတို့မှာ တာဝန်ရှိတယ်လို့ ယုံကြည်လို့ ကျမတို့ကလုပ်မှာဖြစ်တယ် ။ ပြည်သူကို ပုံချတဲ့ အလုပ်မျိုး ကျမတို့က ဘယ်တော့မှ မလုပ်ပါဘူး” ဟူ၍လည်း ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ထားခြင်းနှင့် ပတ်သတ်ပြီး ပြောပါတယ်။

ဒါ့အပြင် အာဇာနည် ခေါင်းဆောင်ကြီးများအနေနဲ့ သူတို့ လုပ်ဆောင်ခဲ့တဲ့အရာ အားလုံးဟာ နေရာ၊ ရာထူး  ၊ ဥစ္စာ ရလိုမှုများမပါပဲ ပြည်သူများ ဘ၀ တိုးတက်ရေးကိုသာ ဦးတည် လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် NLD ကလည် ၎င်းတို့ရဲ့ အရည်အချင်းများအားလုံးကို အာဇာနည်ခေါင်းဆောင်များ ကျင့်သုံးခဲ့တဲ့ လမ်းစဉ်အတိုင်း ပြည်သူအတွက် အသုံးချသွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုသွားပါတယ်။

ဓာတ်ပုံ - သော်ဟိန်းထက်/ The Irrawaddy

ဒါ့ထက် တိုင်းရင်းသားအင်အားစုများ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ရရှိရေးကိုလည်း NLD က လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

NLD အင်အားရှိမှသာ နိုင်ငံအင်အား (တိုင်းပြည်နှင့်ပြည်သူများ အင်အား) ရှိမည် ဖြစ်သဖြင့် လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူများရဲ့ ထောက်ခံချက် ရာခိုင်နှုန်း ၁၀၀ လုံးလုံး NLD မှ လိုအပ်တယ်လို့လည်း ဒေါ်      အောင်ဆန်းစုကြည်က ပြည်သူများကိုပြောကြားသွားပါတယ်။


နန်းလွင်နှင်းပွင့်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...