Skip to main content

တပ်မိသားစုများ၏ ကိုယ်စားလှယ် ရုပ်သိမ်းရန် တိုင်ကြားမှု ရင်ဆိုင်မည်ဟု ဦးရွှေမန်းတုံ့ပြန်

ဦးရွှေမန်း , တပ်မတော် , လွှတ်တော်နာယက , ပြည်ထောင်စု , လွှတ်တ်ာကိုယ်စားလှယ် , ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ , သမ္မတဦးသိန်းစိန်
ဦးရွှေမန်း (ဓာတ်ပုံ – ပြည်သူ့လွှတ်တော်)
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖြုတ်ချရန် တပ်မိသားစုများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြ တိုင်ကြားလိုက်ပြီး ယင်းတင်ပြ တိုင်ကြားမှုအပေါ် ဥပဒေကြောင်းအရ ပြန်လည် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဦးရွှေမန်းက တုံ့ပြန်လိုက်သည်။
ဇေယျာသီရိမြို့နယ်သည် တပ်မတော် စစ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနရုံး အပါအ၀င်
တပ်မတော်မိသားစုများ အများဆုံး နေထိုင်သော မြို့နယ်ဖြစ်ပြီး ယင်းမြို့နယ်မှ တပ်မတော်မိသားစု ၀င်များက ဦးရွှေမန်းကို ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖြုတ်ချရန် တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တိုင်ကြားမှုကို မိမိအနေဖြင့် ဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဟု ဘီဘီစီ(မြန်မာပိုင်း) သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုကြောင်း ဦးရွှေမန်း၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ကြိုးစားခဲ့သည့်အတွက် ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင် တပ်မတော် သား ၃ ရာခိုင်နှုန်းနီးပါးက သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲ ကော်မရှင်ကို ဇူလိုင် ၂၄ ရက်စွဲဖြင့် တိုင်စာပေးခဲ့သည်။
“မိမိသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားဆောင်ရွက် ခဲ့ခြင်း သာဖြစ်၍ မိမိအနေဖြင့် တာဝန်ယူနိုင်ကြောင်းနှင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါကလည်း ရင်ဆိုင်သွား မည် ဖြစ်ပါသည်” ဟု သူရဦးရွှေမန်းက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
တပ်မိသားစုများ၏ တိုင်ကြားစာတွင် ဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး မဲဆန္ဒရှင် ပြည်သူများ၊ တပ်မတော်သားများ နှင့် မိသားစုများအား ကြိုတင်အသိပေးခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ရန် ပြုလုပ်ခဲ့ခြင်း သည် မိမိတို့တပ်မတော်နှင့် တပ်မတော်သားများအပေါ် ပြည်သူပြည်သားများက အထင်အမြင်လွဲမှားစေရန် ရည်ရွယ် ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တယောက်၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ် သည့်တာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်းတို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရေး အတွက် အရေးယူဆောင်ရွက်ပေးရန်ဟု ဖော်ပြထားသည်။
လတ်တလော လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်ရုပ်သိမ်းရန် လွှတ်တော်တွင် ဥပဒေပြဋ္ဌာန်း ချက်မရှိသေး သဖြင့် ယင်းကဲ့သို့ တိုင်ကြားမှုရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆက်လက်ဆောင်ရွက်မှု လုပ်၍ ရမည်မဟုတ်ဘဲ အရေးယူနိုင်မည်မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“ဒါနဲ့ပတ်သက်လို့ သဘောထားမှတ်ချက်မပေးချင်ပါဘူး။ Right to Recall က ဖွဲ့စည်းပုံမှာတော့ မူရင်းပြဋ္ဌာန်းထားပြီး သား အခြေအနေရှိတယ်။ အဲဒါကို အကောင်အထည်ဖော် အသက်သွင်းဖို့ရာတော့ လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းရ မယ်။ အခု မပြဋ္ဌာန်းရသေးတဲ့အတွက် အရေးယူလို့မရဘူး။ တိုင်ကြားလာတာရှိလည်း ဘယ်လိုအရေးယူမလဲဆိုတာက မေးခွန်းတခု ဖြစ် နေတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။
တပ်မတော်မိသားစုက အရေးယူရန် ဥပဒေမရှိဘဲ ယခုကဲ့သို့တင်ပြတိုင်ကြားခြင်းသည် နိုင်ငံရေးအရ ဦးရွှေမန်းကို ထိုးနှက်ခြင်းဖြစ်နိုင်သည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်းအခန်းတွင် ပုဒ်မ ၃၉၆၊ ပုဒ်မခွဲ(ခ)၌ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရ မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်ဟု ဖော်ပြပါရှိသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...