ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာအောင်သူသည် ၂၀၁၅
အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍
နိုင်ငံ့ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်စာတင်လိုက်ကြောင်း ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယခုလ ၁၇ ရက်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်စာကို အဆင့်မြင့်ပညာဦးစီးဌာသို့
တင်ပြလိုက်ပြီဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာအောင်သူက ပြောသည်။

ပါမောက္ခချုပ် ဒေါက်တာအောင်သူသည် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈
ရက်မတိုင်မီ အသက် (၆၀)ပြည့်မည်ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းသည် ပါတီ
နိုင်ငံရေးကင်းရှင်းရမည်ဆိုသောကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ
နှုတ်ထွက်စာတင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင်ခြင်းနှင့် ကိုယ်စားလှယ်လောင်း လျှောက်ထားခြင်းများကို ဇူလိုင်လကုန်တွင် ပြုလုပ်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်ကိုလည်း ပါတီခေါင်းဆောင်များနှင့် ညှိနှိုင်းရမည် ဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာအောင်သူက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် ကိုယ်စားလှယ်လောင်းများကို ပါတီဝင်များအပြင် ပြင်ပ ပညာရှင်များ၊ အရည်အချင်းရှိသူများကိုပါ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်မည်ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

Comments
Post a Comment