နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က
ပါဝင်ထမ်းဆောင်နိုင်ရေးဟူသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၆(စ)ပါ ပြဋ္ဌာန်းချက်သည် တပ်မတော်၏ နိုင်ငံရေးပါဝင်မှုနှင့် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပြင်ဆင်ရေး၌ အ သာစီးရရှိမှုတို့၏ ဇာစ်မြစ်ဖြစ် သည်။ တပ်မတော်သည်
လွှတ် တော်နိုင်ငံရေးတွင် လေးပုံတစ်ပုံ ကိုယ်စားပြုမှုကို ကျစ်ကျစ်ပါ အောင်
ဆုပ်ကိုင်ထားခြင်းထက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊
ပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေးတို့တွင် ဇာတ်
စီးဦးဆောင်နိုင်ရေးကို မျက်မှောက်ပြုသင့်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ဘီဘီစီ မြန်မာသတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းစဉ် တိုင်းပြည်၏ နိုင်ငံ ရေးအခြေအနေနှင့် လက်နက် ကိုင်တိုင်းရင်းသားများ၏ အခြေ အနေတို့အပေါ်မူတည်ပြီး တည် ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ အာမခံချက်ရှိ မှုတို့အပေါ် တည်မှီလျက် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်မည် ဟု ဖြေကြားခဲ့သည်။ ‘‘ခင်ဗျား ပြောတဲ့အချက်ထဲမှာ ဒီဥပဒေပြင် ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ရှိမလားဆိုတော့ ကျွန်တော်ကတော့ရှိတယ်လို့ပြော နိုင်တာပေါ့။ သို့သော်လည်း ဘယ်အချိန်မှာ ပြင်မလဲဆိုတဲ့အခါကျတော့ စောစောက ကျွန်တော်ခင်ဗျားကိုရှင်းပြတဲ့သမိုင်းရဲ့ အခြေအနေတွေကို ရှင်းပြတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေပေါ့။ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အခြေအနေတွေ ကျွန်တော်ရှင်းပြတယ်။ ဒီနှစ်ချက်ရှင်းပြခဲ့တယ်။ ဒီနှစ်ချက် အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ဘယ်လောက်ထိတည် ငြိမ်မှုရသလဲ၊ ငြိမ်းချမ်းမှုရသလဲ၊ အာမခံချက်ဘယ်လောက်ရှိသလဲ ဒီအပေါ်မှာတည်တယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြေကြားခဲ့သည်။
တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် အာမခံချက်ရှိမှုတို့ကို လက်တွေ့ ဖော်ဆောင်နိုင်ရေးတွင် ထိရောက်အလုပ်ဖြစ်မည့် နိုင်ငံရေးစားပွဲဝိုင်း တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံရေး သဘောတူညီချက်နှင့် နိုင်ငံရေး လမ်းပြမြေပုံတို့သည် သော့ချက် ကျမည်ဖြစ်သည်။ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်အသိ အမှတ်ပြုမှု၊ တန်းတူရည်တူရှိမှု တို့အပေါ် အခြေပြုသည့် နိုင်ငံ ရေးစားပွဲဝိုင်းဆွေးနွေးပွဲများမှ သည် နိုင်ငံရေးသဘောတူညီချက် ဆီသို့ အချိန်ဇယားရှိရှိ ချဉ်းကပ် နိုင်ရန် လိုအပ်မည်ဖြစ်သည်။နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများ တွင် အကြိတ်အနယ်ဆွေးနွေး၊ အပြန်အလှန် အလျှော့အတင်း၊ အပေးအယူလုပ်နိုင်မှသာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲသည် တိုင်းရင်းသားပြည်သူလူထုတစ် ရပ်လုံးကို လွှမ်းခြုံနိုင်မည်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထုတစ် ရပ်လုံး ထမ်းပိုးထားရသည့် ဆင်း ရဲမွဲတေမှုဝန်ထုပ်ဝန်ပိုးကို လျှော့ ချနိုင်မည်ဖြစ်ကာ ဘက်စုံထောင့် စုံဖွံ့ဖြိုးတိုးတက်ရေးဆီ ဦးတည် နိုင်မည်ဖြစ်သည်။
မျက်မှောက်နိုင်ငံရေး အခင်းအကျင်းတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားပါတီ များအပါအဝင် နိုင်ငံရေးပါတီ များ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးပါဝင် သည့် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကဲ့သို့ နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေး ပွဲကြီးသည်သာ သူနိုင်ကိုယ်နိုင် ထွက်ပေါက်၊ ရှုံးသူမရှိ နိုင်သူသာရှိသည့် ထွက်ပေါက်ကို လမ်းပြ ပေးနိုင်မည်ဖြစ်ပြီး အေးခဲတောင့် တင်းနေဆဲ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ပိုမိုအသက်ဝင်၊ ပျော့ပျောင်းလာစေနိုင်မည်ဖြစ် သည်။
နိုင်ငံရေး စားပွဲဝိုင်းဆွေး နွေးပွဲများအလွန် ကာလတွင် နိုင်ငံ ရေးသဘောတူညီချက်များနှင့် နိုင်ငံရေးလမ်းပြမြေပုံသစ်ကို မဖြစ်မနေ ရေးဆွဲအတည်ပြုနိုင်မှသာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ဗလောင်းဗလဲ နည်းသည်ထက်နည်းလာမည်ဖြစ်သည်။
တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁၂)မှာ ပေးထားသော ပြဋ္ဌာန်းချက်အရ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မဲပေး ခဲ့ခြင်းဖြစ်ပြီး တပ်မတော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနှင့်ဆက်စပ်လျက် ဗီတိုရှိ သည်ဆိုသည့်အချက်ကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ငြင်းဆိုခဲ့သည်။ ဘီဘီစီမြန်မာ သတင်းဌာနနှင့်တွေ့ဆုံစဉ် ‘‘အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ် သက်ပြီး မဲပေးခဲ့တာကတော့ အခန်း(၁၂)မှာပေးထားတဲ့ ပြဋ္ဌာန်း ချက်အရ ကျွန်တော်တို့ မဲပေးခဲ့တာတွေရှိတယ်။ ဗီတိုလို့ ကျွန် တော်တို့ပြောမရပါဘူး’’ဟု ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၄၃၆ အရ တပ် မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် သဘောတူလက်ခံခြင်းမရှိလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မည်သည့်ပုဒ်မ ကိုမှ ပြင်ဆင်နိုင်ခြင်း မရှိသည့် အနေအထားအား အဓိပ္ပာယ်ဖွင့် ဆိုမည်ဆိုလျှင် တပ်မတော်သား ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဗီတိုအာဏာကို စွဲကိုင်ထားသည့် သဘောအပြည့်အဝသက်ရောက် နေသည်မှာ ဖုံးမရ၊ ဖိမရသော အခင်းအကျင်းပင်ဖြစ်သည်။
တိုင်းပြည်က ပြည်သူလူထု အတွက် အာမခံချက်ရှိပြီဆိုလျှင် တပ်မတော်အနေဖြင့်လည်း သူရှိ သင့်ရှိထိုက်သောနေရာမှာရှိမည် ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က အာမခံပြောကြားခဲ့သည်။ ‘‘တိုင်းပြည်က ပြည်သူလူထု အ တွက် အာမခံချက်ရှိပြီဆိုလို့ရှိရင်တော့ တပ်မတော်အနေနဲ့ကလည်း သူရှိသင့်ရှိထိုက်တဲ့နေရာ မှာပဲရှိမယ်ဆိုတာ ကျွန်တော် အာ
မခံပြီးပြောနိုင်ပါတယ်’’ဟု ကာကွယ်ရေးဦးစီးချုပ်က ဖြေကြားခဲ့သည်။ ပြည်သူလူထုအတွက် အာမခံချက်ရှိရေးကို ရှေးရှုလျက် တပ်မတော် အနေဖြင့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေရသည်ဟုဆို လျှင်ပြည်သူလူထု၏ ဆန္ဒသဘောထားအစစ်အမှန်ကို စောကြောဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်။
ပြည်သူလူထုအတွက် အာ မခံချက်ရှိ၊ မရှိနှင့်စပ်လျဉ်း၍ တပ် မတော်အနေဖြင့် တစ်ဖက်သတ် အဆုံးအဖြတ်ပြုပြီး နိုင်ငံရေးတွင် ပါဝင်နေခြင်းထက် တပ်မတော် ၏ နိုင်ငံရေးတွင်ပါဝင်ပတ်သက် မှုအပေါ် ပြည်သူလူထု၏ဆန္ဒ သဘောထားရယူပြီး အဆုံးအဖြတ်ပြုနိုင်မည်ဆိုလျှင် ပိုမိုကြောင်း ကျိုးလျော်ကန်မည် ဖြစ်သည်။ ပြည်သူလူထုအတွက် အာမခံချက်ဟု အကြောင်းပြပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့်ကင်းလွတ်လျက် တပ်မတော် အနေဖြင့် နိုင်ငံရေးတွင်ပါဝင်နေမည်ဆိုလျှင်ကြောင်း ကျိုးဆီလျော်မှု လုံးလုံးရှိမည်မဟုတ်ပေ။
အချုပ်အားဖြင့် ဆိုသော် မြန်မာ့ဒီမိုကရေစီစပ်ကူးမပ်ကူး တွင် အစိုးရများ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနည်းတူ၊ ဗျူဟာမြောက်သော့ချက်ကျ အရေးပါသည့် တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၌ ဗီတိုအသွင်အသာစီးရယူမှုကို လျှော့ချပြီး လက်ငင်းနိုင်ငံရေးပါဝင်နေမှုကို ပြည်သူ့ဆန္ဒနှင့်အညီ ထိန်းကျောင်းနိုင်မည်ဆိုလျှင် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးကွာဟမှုများကို လျှော့ ချပြီး ပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးတို့ကို ပိုမိုအားကောင်း မောင်းသန်စေနိုင်မည်ဖြစ်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းဆော်ဩလိုက်ရ ပါသည်။။

Comments
Post a Comment