ရွေးကောက်ပွဲနီးလာချိန်မှာ
မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ဘာတွေဖြစ်လာနိုင်မလဲဆိုတာနဲ့ ၂ဝဝ၈
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအလားအလာ ဘယ်လိုရှိတယ်ဆိုတာကို ဇူလိုင် ၁၃ရက်က
ပုဇွန်တောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ရှေ့နေ ဦးကိုနီက
ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့ သူက
ဘယ်လိုနည်းလမ်းပေးခဲ့တာလဲ။
ဖွဲ့စည်းပုံပြင်ရေးကို
ပြည်ထောင်စုလွှတ်တော်ကို တိုက်ရိုက်မတင်ဘဲ ပြည်နယ်နဲ့တိုင်းဒေသကြီး
လွှတ်တော် ၁၄ခုထဲက ဒီမိုကရေစီအင်အားစုတွေ အသာရတဲ့ လွှတ်တော်တွေကတစ်ဆင့်
ပြည်ထောင်စုလွှတ်တော်ဆီ ရောက်အောင်သွားမယ်ဆိုရင်
တစ်နိုင်ငံလုံးသဘောထားဖြစ်နေလို့  ငြင်းလို့မရနိုင်ဘူးလို့ ရှေ့နေဦးကိုနီက ရှင်းပြပါတယ်။
ဖွဲ့စည်းပုံပြင်ဖို့
ခက်ခဲလာတဲ့အခါ သမာရိုးကျမဟုတ်ပေမယ့် ဥပဒေဘောင်ထဲက မထွက်တဲ့နည်းလမ်းတွေနဲ့
ပြင်ဆင်နိုင်သေးသလို လွှတ်တော်နည်းလမ်းနဲ့ မအောင်မြင်တဲ့အခါ
ကိုယ်တိုင်လုပ်နိုင်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲတွေ၊ ပါတီကြေညာချက်တွေ၊
အရပ်ဖက်အဖွဲ့တွေရဲ့ ဖွဲ့စည်းပုံလက်မခံကြောင်း ကြေညာချက် ထုတ်တာမျိုးတွေ
စတဲ့နည်းလမ်းတွေ အများကြီးရှိသေးတယ်လို့ ပြောပါတယ်။
ဒီနှစ်ဟာ ဗိုလ်ချုပ်ရာပြည့်နှစ်ဖြစ်တဲ့အြ ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပါတီဝင်တွေနဲ့ လူထုကို နိုင်ငံရေးအသိစိတ်ဓာတ်တွေ နိုးကြားလာစေဖို့ ရည်ရွယ်ပြီးပြုလုပ်တာဖြစ်တယ်လို့  ပုဇွန်တောင် NLDရဲ့ ဒုဥက္ကဌ ဦးကျော်အောင်က ပြောပါတယ်။
ပြည်သူတွေ
နိုင်ငံရေးအပြောင်းအလဲ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို တကယ်လိုချင်ရင်
လာမယ့်ရွေးကောက်ပွဲမှာ တခဲနက် စိတ်ပါလက်ပါ အားပေးကြဖို့ လိုတယ်လို့
ဆိုပါတယ်။
Comments
Post a Comment