ရုပ်’ခန္ဓာရော ‘စိတ်’သန္တာန်ပါလုံးဝကျေပျက်ချုပ်ငြိမ်းကာ ဘ၀အသစ်တစ်ဖန်
ပြန်လည်မဖြစ်တော့သည့် ‘နိဗ္ဗာန်’မရောက်ရှိသေးသမျှ လူသတ္တ၀ါအပေါင်း၏ဘ၀ကား
သံသရာတစ်ကြောမှာ အဖန်တစ်ရာမက မျောနေရပေဦးမည် အမှန်ဖြစ်ပါလေ၏။
ကြိုးစားလျှင် ‘ဘုရား’တောင် မှ ဖြစ်နိုင်ခွင့်ရှိသည့် လက်ရှိလူ့ ဘ၀ဟာဖြင့် ဘယ့်ကလောက်များ အဖိုးအနဂဃ ထိုက်တန်သလဲဆို တာ တွေးဆဆင်ခြင်ဉာဏ်ဖြင့် မြင်ကြည့်ပါက
လုံးဝကို တွေ့ရ ပေလိမ့်မည်တကား။ ယခုပစ္စုပ္ပန် လက်ရှိရှင်သန်နေဆဲ ဘ၀ဟာဖြင့် သင့်လက်ထဲမှာ ရှိနေရာ အနှီအ ခြေအနေမှနေ၍ မိမိတို့၏ အနာ ဂတ်ဘ၀တွေကို ပုံဖော်သွန်း လောင်းလေရာ မိမိသာလျှင် မိမိ ဘ၀၏ အရှင်သခင်ဆိုတာကို အသေအချာမြင်ရပါလေ၏။
‘စာ’ကောင်းရေးချင်လျှင် စိတ်ကောင်း မွေးရမည်မှာ ပထမ ဟု ကျွန်ုပ်တို့၏ ဆရာများက ပြောကြားသွန်သင်ခဲ့လေရာ အင် မတန်မှ အဖိုးတန်လှသည့် စကား ပါလေ။ ဤသည်ကား စာသမား တွေအတွက်သာ ကွက်ပြီး အသုံး ချရမှာ မဟုတ်မူဘဲ လူထဲသူထဲ ဘယ်နေရာမှာမဆို ဤကဲ့သို့သာ စိတ်ကောင်း မွေးကြဖို့သာ ဖြစ်ပါ ပေ၏။
ရပ်ကွက်ထဲမှာ စိတ်ကောင်း မွေးသူတွေများလျှင် ရပ်ကွက် အေးချမ်းမည်။ မြို့နယ်တွေမှာ စိတ်ကောင်း မွေးသူတွေများလျှင် မြို့နယ်တွေ အေးချမ်းမည်။ နိုင်ငံ တော်မှာ စိတ်ကောင်းမွေးသူတွေ များများရှိလာလျှင် နိုင်ငံတော် တွေ အေးချမ်းသာယာမည်။ ကမ္ဘာကြီးမှာ စိတ်ကောင်း မွေးသူ တွေများသထက်များလာလျှင် ကား ကျွန်ုပ်တို့၏ ကမ္ဘာကြီးမှာ အေးချမ်းသာယာလှပလာပေမှာ အမှန်ပင် ဖြစ်ပါလေ၏။
တကယ်တော့ စိတ်ကောင်း မွေးဖို့ဆိုတာ ခက်ခဲသော ကိစ္စ တော့ မဟုတ်တန်ရာပါ။ တအား ကြီး ကြိုးစားပြီး လေ့ကျင့်ဖော် ဆောင်မှ ရရှိလာမည့် အရာလည်း မဟုတ်ပါ။ မိမိ၏ လက်ရှိ လက်ခံ ကျင့်သုံးနေသည့် ခံစားမှု စိတ်က လေးကို နည်းနည်းလေး ပြောင်း လိုက်ရုံသာပါ။ နည်းနည်းလေး ဟု ဆိုသော်ငြား အချို့အချို့သော လူပုဂ္ဂိုလ်များမှာကား တစ်သက်တာလုံး စိတ်ကောင်းနှလုံးကောင်း မရှိခဲ့၊ မသုံးခဲ့လေရာ အားလေးတော့ စိုက်ရမှာ ဖြစ်ပါပေ၏။
ယနေ့ ကမ္ဘာကြီးပေါ်မှာ အာ ဏာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ငါးပါးမှောက်ကာ တောက်လျှောက်တသီတတန်း ကြီး ပျက်စီးပျက်သုဉ်းနေတာကို ရှေ့မှာ ရှေ့မှာ အထူးသင်ခန်းစာများ ရှိနေပါလေ၏ခင်ဗျာ။ သင်ခန်းစာဆိုတာ ယူတတ်မည် ဆိုလျှင် အင်မတန်မှကို အသုံးဝင် သည့်အရာပါလေ။ သင်ခန်းစာ တွေကိုပိုက်ဆံငွေကြေး ဘီလီယံ ချီကာ ပေးပြီး ၀ယ်စရာမလို။ ယနေ့အခါ ဤမှာ ဟိုမှာ လက်တွေ့အခမဲ့မြင်မြင်နေရပါသည့် အာဏာ ရှင်ကြီးတွေ၏ နောက်ဆုံးအချိန် တွေမှာ ဘယ်ပုံ ဘယ်နည်းဖြင့် ထွက်ခဲ့ကြရပါသနည်း။ သင်ခန်း စာဆိုတာ ယနေ့တစ်ပုံတစ်ခေါင်း ပါ။
ယခုနှစ်ပိုင်းတွေမှာပဲ ကမ္ဘာပေါ်က ကမ္ဘာကျော် အာဏာရူး အာဏာရှင်တွေဟာ ဘယ်အခြေဘယ်ကမ်းကို ဘယ်လိုဆိုက်ကပ်ခဲ့ ပါသနည်း။ အရှင်ထွက်တာနှင့် အသေထွက်တာ ဘယ်အရာက ပို၍ များပြားလှပါသနည်း။ ဆက်ဒမ်ဟူစိန်ကို သင်ခန်းစာယူပါ။ သူ့ ကို မကြိုက်လျှင် ကဒါဖီကို သင် ခန်းစာယူပါ။ ဒါမှမဟုတ်ရင် လည်း အသက်အရွယ်တွေ အို မင်းရင့်ရော် ဂိတ်ဆုံး အချိန်ကာ လမှာမှ အကျဉ်းထောင်တွေထဲမှာ ရောဂါဝေဒနာရော စိတ်ဖိစီးမှု အစုစုပါ တစ်ပြိုင်နက်ရင်ဆိုင် ခံ စားနေကြရသည့် ယနေ့လက်ရှိ ကမ္ဘာကျော် အာဏာရှင်ဟောင်း ကြီးများကို ဥပမာ ကြည့်ကြပါ။
ကမ္ဘာပေါ်မှာကား ပြည်သူ လူထုအပေါ် ခေတ်အဆက်ဆက် ရက်ရက်စက်စက် နှိပ်စက်ဖိနှိပ် အုပ်စိုးပြီး သူတို့၏ သံဖနောင့်တွေ အောက်မှာ နင်းခြေခံခဲ့ရသည့်လူထုပြည်သူတွေဟာ အဲဒီအာဏာရှင်တို့ ခွေးပြေး၊ ၀က်ပြေး သုတ်ခြေတင်ရချိန်မှာ ၀ိုင်းဝန်းဖမ်းဆီးကာ၊ ရိုက်နှက်ကန် ကျောက်ကာ တန်ပြန် တုံ့ပြန်ကြတာတွေ့ ရပါလေ၏။ ဤကား အခြားနိုင်ငံ တွေမှာ။
ကျွန်ုပ်တို့၏ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်းသည့် ရွှေနိုင်ငံတော်မျိုးဆီမှာ အာဏာ ရှင် ဖြစ်ခဲ့သူများကား တအား တအားကိုပဲ ကံကောင်းကြပါပေ ၏ခင်ဗျာ။ လူထုဟာ မေ့လွယ် ပျောက်လွယ်တယ်။ ခွင့်လွှတ် တတ်တာရှာမှ ရှားပါခင်ဗျာ။ ကိုယ့်ကို ထုလို့ အခွင့်သာခိုက်မှာ ကိုယ်ကပြန်ထုမယ် ဘာညာအ ငြိုးအတေး မရှိတဲ့သူတွေပါ။ ခေတ်အဆက်ဆက်ကြည့်လေ။ နာစရာရှိတာတွေကို လွမ်းစရာနဲ့ သာ ဖြေခဲ့ကြတာ တွေ့ရမှာပါ။ မမေ့နိုင်သော်လည်း ခွင့်တော့ လွှတ်တတ်တဲ့သူတွေပါ။
တစ်ခါတုန်းက ယူနီဖောင်း ဘောင်းဘီချွတ်ကာ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီကြီးကို တည်ဆောက်ကာ အရပ်ဝတ်လဲ အုပ်ချုပ်တော်မူခဲ့သည့် ဘဘကြီး တစ်ယောက် သူ၏နောက်မျိုး ဆက်သစ်တွေ ခေတ်ရောက်မှ အို ကြီး အိုမအရွယ်မှာ ကွယ်လွန် အနိစ္စရောက်လေရာ သူ၏အစိမ်း မျိုးဆက်ကပဲ လူမသိ သူမသိ မထင်မရှား မီးရှို့သင်္ဂြိုဟ်ပစ်ရန် အမိန့်ပေးကြံစည်ခဲ့ပါလေ၏။ ဤအခါက နိုင်ငံတော်၏ မင်္ဂလာဒုံစစ်သင်္ချိုင်းတွင်ပင် လူသိရှင်ကြားပရိသတ်နှင့် ဘာနှင့်ကျကျ နန ဂုဏ်ပြုသင်္ဂြိုဟ်ခွင့်မရခဲ့ဘဲ ရှိခဲ့ရာ လိုက်ပါပို့ဆောင်ချင်သည့် ကျွန်ုပ်တို့မှာ အခါမသင့် အခွင့်မသာဖြစ်ခဲ့ကြပါပေ၏ခင်ဗျာ။
ပြန်လည်ကြားသိရသည်က လူကလေး ဆယ်ယောက် တစ် ကျိပ်လောက်နှင့်သာ တိုင်းပြည် ၏ ခေါင်းဆောင်ဆိုသူ အာဏာ ရှင်တစ်ယောက်မှာ ထွက်ခွာခဲ့ရ ပါလေ၏။ ဤကား တရားရစရာ၊တရားကျစရာ ။
ဦးသန့်ကွယ်လွန်စဉ်ကဆို လျှင် ချစ်သည့်ပြည်သူလူထုမှာ မရရအောင် အလောင်းကိုလုကာ ကျကျနန သင်္ဂြိုဟ်ဂုဏ်ပြုဖို့ ကြိုး စားခဲ့ကြတာ အားလုံးအသိပင် ဖြစ်ပါလေ၏။ ဗိုလ်ချုပ်ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်အနိစ္စ ရောက်စဉ်ကလည်း လိုက်ပါပို့ ဆောင်ကြသည့် ကျောင်းသား၊ မိဘ၊ ပြည်သူတွေမှာ အဆမဆန် များပြားလှတာ တွေ့ရပါလေ၏။
နိုင်ငံ၏ လူထုမှာ သူတို့ချစ် ပြီဆိုပါက နိုင်ငံ့ခေါင်းဆောင်တွေ သာမက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေကိုပါ ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ လိုက်လံပို့ဆောင် နှုတ်ဆက်တာ အစဉ်အလာပါခင်ဗျား ဥပမာအားဖြင့် ပြေငြိမ်းကွယ်လွန်စဉ်က ကြည့်မလား။ တွံတေး သိန်းတန် ကွယ်လွန်စဉ်က ကြည့် မလား။ ဥပမာများ ပြောပါတယ်။ ဒီနောက်ပိုင်းမှာ ဆရာဦးဝင်းတင် အနိစ္စရောက်စဉ်၊ ဆရာခင်မောင် ရင် ဘ၀တစ်ပါးပြောင်းစဉ်၊ ဆရာ ဦးအောင်သင်းကွယ်လွန်စဉ်၊ ဆရာသင်းရီ နောက်ဆုံးခရီးစဉ် တွေမှာ သူတို့က ချစ်တဲ့၊ သူတို့ကိုချစ်တဲ့ ပြည်သူတွေဟာ ရောက်ရာ အရပ်ကနေ ကြားရာဒေသကနေ အရောက်လာကြကာ နောက်ဆုံး နှုတ်ဆက်ကာ ကန်တော့ခဲ့ကြတာ ကို မြင်ခဲ့ကြရပါပေ၏ခင်ဗျာ။
အာဏာရှင်တွေ သေလျှင် ကား လူမရှိ၊ သူမရှိ ကျီးနဲ့ဖုတ် ဖုတ်သာဖြစ်လိမ့်မည်ဟု အချို့က ဆိုကြ ပြောကြပါပေ၏။ ကျွန်ုပ်အထင်တော့ ဤကဲ့သို့ မဟုတ်နိုင်ပါဟု ဆိုချင်ပါသည်။ ပြည်သူတွေအပေါ် မတော်မတရား မညှာမတာသွေးစုပ် အုပ်ချုပ်နင်းခြေခဲ့ကြသည့် အနှီ အာဏာရှင်များ၊ သေဆုံးချိန်တွင် လူထုကို လိုက်ပါပို့ဆောင်ခွင့်သာပြုပါက ကျွန်ုပ်က အစလိုက် ပါပို့ဆောင်မှာပါခင်ဗျာ။ သူတို့ သူတို့ကို မီးရှို့သည်ဖြစ်စေ၊ ဂူသွင်းသည်ဖြစ်စေ ကျွန်ုပ်တို့ အနားမှာ ရှိနေမှာပါ။
တကယ် သေ၊ မသေ ဆိုတာ သေချာချင်လို့ပါခင်ဗျာ။ ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဆာသော်ဒိုး၏ အာဘော်သာဖြစ်သည်)
Comments
Post a Comment