ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ကြိုက် နှစ်သက်သည့် မည်သည့်ပါတီမဆို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ပေးထားကြောင်းနှင့် မဲပေးပိုင်ခွင့်နှင့်ပတ် သက်၍ တစုံတရာချုပ်ကိုင်ထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်က News Watch ဂျာနယ်သို့ ပြောသည်။ ''ရဲဝန်ထမ်းတွေနဲ့ သူ့ရဲ့မိသားစု တွေအနေနဲ့လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတာပေါ့။ ဘယ်ပါတီကိုပေးပါ။ ဘယ်ပါတီကိုမပေးပါနဲ့ ဘာမှမပြောဘူး။ အဓိက,က ကျွန်တော်တို့က ဘာစီစဉ်ပေးရမလဲဆိုတော့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် ကျွန်တော်တို့ပဲ စိစစ်ပေးရတာ။ လုံးဝကျန်လို့မရဘူး။