Skip to main content

ပြည်ခိုင်ဖြိုး မရှုမလှရှုံးနိုင်သည်ဟုဆိုသော လျှို့ဝှက်စာတမ်းကို ဦးရွှေမန်းခွင့်ပြုချက်ဖြင့်ပြုစုခဲ့ခြင်းဖြစ်

သူရဦးရွှေမန်း (ဓာတ်ပုံ - ရဲနိုင်)
လာမည့် ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မရှုမလှရှုံးဖွယ်ရှိဟု ခန့်မှန်းဖော် ပြချက်များပါရှိသည့် လျှို့ဝှက်စာ တမ်းကို ပါတီဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်း ခွင့်ပြုချက်ဖြင့် ပါတီမှ ဗဟိုကော်မတီဝင်များက ရေးဆွဲ ခဲ့ခြင်းဖြစ်သည်ဟု သူရဦးရွှေမန်း က ဆိုသည်။

‘‘ဒီစာတမ်း အခြေခံဖြစ်ပေါ် လာတာက နိုင်ငံခြားသားပညာ ရှင်ပေါ်အဓိကမဟုတ်ဘဲနဲ့ ပြည် ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ် စားလှယ်တွေ၊ တခြားလွှတ်တော် ကိုယ်စားလှယ်မဟုတ်သော ပညာရှင်များ၊ သုတေသနပြုချက်အပေါ်မူတည်ပြီး ထွက်ပေါ်လာတဲ့ စာတမ်းဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

အဆိုပါစာတမ်းကို နိုင်ငံ ခြားသားပညာရှင်နှစ်ဦး၊ ပြည်သူ့ အခြေအနေမှန်ကိုသိရှိသည့် ပြည် ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် ပြည်ပပညာရှင် များဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါစာတမ်းတွင် ပြည် ခိုင်ဖြိုးပါတီအနေဖြင့် လက်ရှိရွေး ကောက်ပွဲမဲဆွယ်ကာလတွင် အ ခြေခံထားရမည့် မူ ၁၅ ချက်ကို အကြမ်းဖျင်းရေးဆွဲထားကြောင်း ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုး မရှုမလှရှုံးဖွယ်ရှိသည်ဟုပြည်ခိုင်ဖြိုး လျှို့ဝှက်စာတမ်း ဟောကိန်းထုတ်ထားခေါင်းစဉ်ဖြင့်အွန်လိုင်းမီဒီယာ တစ်ခုဖြစ်သော မဇ္စျိမသတင်းဌာနက အောက်တိုဘာ ၁၁ ရက်က ဖော်ပြခဲ့သည်။
၂၀၂၅ တွင် မြန်မာကို အ လယ်အလတ်ဝင်ငွေရှိ စီးပွားရေး နိုင်ငံတစ်ခုအဖြစ်သို့ ဖွံ့ဖြိုးလာ မည်ဟု မျှော်မြင်ထားသည့် ဦးရွှေ မန်း၏ ၁၀ နှစ်တာ မျှော်မှန်းချက် ကို ချပြထားသော ပြုပြင်ပြောင်း လဲရေးဖွံ့ဖြိုးမှု စီမံကိန်းတွင် အ ကြမ်းဖျင်းအနေဖြင့် မျိုးစေ့ချ၊ အ ပင်ပေါက်၊ ကြီးထွား၊ ရိတ်သိမ်း ဟူသည့် အဆင့်လေးဆင့်ဖြင့် အ ဆိုပါစာတမ်းကို ဖော်ပြထားသည် ဟု ဆိုသည်။
ထို့အပြင် လာမည့် ရွေး ကောက်ပွဲတွင် အဆိုးရွားဆုံးအ ဖြစ် ပြည်ခိုင်ဖြိုးက ပြည်သူ့လွှတ် တော်တွင် အမတ် ၁၆နေရာအထိ လျော့နည်းကျဆင်းသွားနိုင်ပြီး အင်န်အယ်လ်ဒီနှင့် တိုင်းရင်းသား ပါတီများက အများစုရသွားနိုင် သည်။ ပိုမိုလက်ခံနိုင်ဖွယ်ရာရှိ သည့် ခန့်မှန်းချက်တစ်ခုတွင်လည်း ပြည်ခိုင်ဖြိုးက အမတ်နေရာ ၁၀၅ နေရာဖြင့် ၁၁၇ နေရာရသည့် အင်န်အယ်လ်ဒီ နောက်တွင် နောက်ကောက်ကျ ကျန်ရစ်နေဖွယ်ရှိသည်ဟုလည်း အဆိုပါစာတမ်းကို ကိုးကား၍ မဇ္စျိမက ရေးသားသည်။
ကြေညာစာတမ်းတွင် ရေး ဆွဲထားသည့် ပေါ်လစီအချို့မှာ လျှို့ဝှက်အပ်သည်ဟု ယူဆသော ကြောင့် ဗဟိုကော်မတီသို့ မတင် ပြသကဲ့သို့ လူထုသို့ သတင်းထုတ် ပြန်ရန် မရည်ရွယ်ခဲ့သည်ဟု ဆို သည်။ အထူးသဖြင့် လူထုအကျိုး အတွက် စစ်တပ်နှင့် ချိတ်ဆက် ထားသော လုပ်ငန်းစုကြီးများကို ပြုပြင်ပြောင်းလဲရေးနှင့် ရဲတပ်ဖွဲ့ ခေတ်မီရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်သည့် သတင်းအချက် များလည်း ပါဝင်သည်ဟု ဖော်ပြ ထားသည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ယင်းစာတမ်းထွက်ပေါ်လာခြင်းသည် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးကို အားနည်းမှုရှိအောင် ပြုလုပ်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ထိုကဲ့သို့ ပြောကြားမှုအပေါ် သူရဦးရွှေမန်းက‘‘ဒီစာတမ်းထွက် ပေါ်လာခြင်းဟာ ရွေးကောက်ပွဲ အတွက် စည်းရုံးရေးကို ထိခိုက် အောင် တမင်ရည်ရွယ်ပြီးလုပ် တယ်လို့ မယူဆပါဘူး’’ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဖြူးမြို့နယ်မှ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် သူရဦးရွှေ မန်းသည် ဖြူးမြို့နယ်ရှိ ဥသျှစ် ခင်၊ သပြေခင်၊ စက်ရုံကုန်းစသည့် ကျေးရွာများသို့ အောက်တိုဘာ ၂၅ ရက်က သွားရောက်၍မဲဆွယ် စည်းရုံးခဲ့သည်။
ထို့အပြင် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ခက်ခဲမည်ဟု ၎င်းက ဆိုသည်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...