ရွေးကောက်ပွဲတွင် နိုင် ငံခြားသားများကို မဲရုံအတွင်းဝင် ရောက်ခြင်းမှအပ
နေရာအနှံ့သွား လာခွင့်ပြုထားကြောင်းနှင့် နိုင်ငံ တကာသံရုံးများသို့လည်း
ရွေး ကောက်ပွဲနှင့်ပတ်သက်၍ ကြို တင် ဟောကိန်းမထုတ်ရန်မေတ္တာ ရပ်ခံထားကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနမှ သိရသည်။
‘‘ရွေးကောက်ပွဲနေ့မှာ မဲရုံ ကို လေ့လာချင်ရင် ခွင့်ပြုမိန့်တင် ရတယ်။ကျန်တာဘာမှမကန့်သတ် ထားဘူး။ အခုလည်း နိုင်ငံခြား သား ခရီးသွားတွေ ၀င်ရောက်နေ ပါပြီ’’ဟု ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ စိုင်းကျော်အုန်း ကပြောသည်။
ယခုရက်ပိုင်းအတွင်း ဗုံး ပေါက်ကွဲမှုများရှိသော်လည်း ရွေး ကောက်ပွဲကို မကျေနပ်၍ဖောက် ခွဲခြင်းဟု ထုတ်ဖော်ပြောကြား သည့် အဖွဲ့အစည်းများ မရှိ ကြောင်း၊ ထို့ကြောင့် ရွေးကောက်
ပွဲနှင့်ပတ်သက်မှုမရှိကြောင်း မြန် မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်တွဲဖက်အတွင်းရေးမှူးနှင့် ဈေးကွက်မြှင့်တင်ရေးဥက္ကဋ္ဌ ဦး ဖြိုးဝေရာဇာကပြောသည်။
‘‘အခုအချိန်အထိလွတ်လွတ် လပ်လပ်မဲဆွယ်လို့ ရနေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရွေး ကောက်ပွဲမှာလည်း ဘာပြဿနာ မှမရှိနိုင်ဘူး။ ရွေးကောက်ပွဲ ကြောင့် ခရီးသွားလျော့တယ်ဆို တာ မဖြစ်နိုင်ပါဘူး။ ထိုင်းမှာ လည်း ရွေးကောက်ပွဲရက်တွေမှာ နိုင်ငံခြားသားတွေ သွားလာနေ ကြတာပဲ’’ဟု ၎င်းကဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံရွေးကောက်ပွဲ သည်ငြိမ်းချမ်းစွာ ပြီးစီးမည်ဖြစ်ပြီး မကြာမီက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့်အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသည်ဟု ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနက ကြေညာထားသည်။ လာရောက် လည်ပတ်မည့် နိုင်ငံခြားသား များအတွက် အစိုးရနှင့်ခရီးသွားရဲ များကလည်း အပြည့်အ၀ ကာ ကွယ်ပေးမည်ဟု ယင်းဝန်ကြီးဌာန က ဆိုထားသည်။
နိုဝင်ဘာလသည် ခရီးသွား ရာသီစတင်ချိန်ဖြစ်ပြီး နိုင်ငံခြား သားခရီးသွားများကို မြန်မာနိုင်ငံ က များစွာ မျှော်လင့်နေသည်။ ခရီးသွားလုပ်ငန်းတွင် မှီခိုနေသူ အများအပြားရှိ၍ ၎င်းတို့ကို ထိ ခိုက်စေမည့် မြန်မာ့ရွေးကောက် ပွဲနှင့် ပတ်သက် သည့်ခရီးသွားလာ ရေးဆိုင်ရာ မကောင်းသတင်းများကို ကြိုတင် ဟောကိန်းမထုတ်ရန် နိုင်ငံတကာသံရုံးများအား မေတ္တာရပ်ခံပါသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာထားသည်။

Comments
Post a Comment