Skip to main content

ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်သော ထဘီအရောင်နှင့် တပ်မတော် ယူနီဖောင်း အရောင်ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြမှုကြောင့် တရားစွဲ ဖမ်းဆီးခံထားရသော မချောစန္ဒီထွန်းအား ရုံးထုတ်၊ ပုဒ်မပြောင်းလဲ စစ်ဆေးသည့် အပြင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ထပ်မံ တရားစွဲ

မချောစန္ဒီထွန်းအား အောက်တိုဘာ ၂၇ ရက် ရုံးထုတ်ချိန်တွင် တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်သော ထဘီအရောင်နှင့် တပ်မတော် ယူနီဖောင်း အရောင်တို့ကို facebook တွင် နှိုင်းယှဉ်ဖော်ပြခဲ့မှုကြောင့် ဖမ်းဆီး တရားစွဲခံထားရသော မချောစန္ဒီထွန်းကို အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီခန့်က မအူပင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလို ဒုတိယဗိုလ်မှူးကြီး ကျော်ထင်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မူလစွဲဆိုထားသည့် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (ဃ) အစား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ပြောင်းလဲ တရားစွဲဆိုခဲ့ပြီး တပ်မတော်၏ ဂုဏ်သိက္ခာ အသရေကို ညှိုးနွမ်းသွားသည်ဟုဆိုကာ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့်ပါ တရားစွဲဆိုရန် တရားလို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က
ရုံးတော်သို့ လျှောက်ထားခဲ့သည်ဟု တရားရုံး ကြားနာမှုများအရ သိရသည်။

ADSL လိုင်းဖြင့် အင်တာနက် အသုံးပြုနေစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်သော ထဘီအရောင်နှင့် တပ်မတော်မှ ပြောင်းလဲဝတ်ဆင်သော ယူနီဖောင်း အရောင်တို့ကို facebook တွင် နှိုင်းယှဉ် ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ၎င်းအကောင့်မှာ ချောစန္ဒီထွန်း အမည်ဖြင့် အကောင့်ဖြစ်ကြောင်း၊ အမေ့ထဘီကို ကြိုက်လို့ သူတို့ ချုပ်ဝတ်ပြီဆိုသော စာသားကိုသာ မှတ်မိကြောင်း၊ အောက်တိုဘာ ၁ ရက်က ယင်းပို့စ်ကို တွေ့ရှိခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ဓာတ်ပုံပေါ်တွင် စာဖြင့် ရေးသားထားမှုမှာ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်၊ အသရေ ညှိုးနွမ်းစေနိုင်သဖြင့် အထက် အဆင့်ဆင့်ကို တင်ပြပြီး မချောစန္ဒီထွန်း နေထိုင်ရာ မအူပင်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းရခြင်းဖြစ်ကြောင်း တရားလို ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

ဆက်၍ ၎င်းက ယင်းကဲ့သို့ အမျိုးသမီး ၀တ်ဆင်သော ထဘီအရောင်နှင့် တပ်မတော် ယူနီဖောင်းတို့ကို နှိုင်းယှဉ်ဖော်ပြမှုသည် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ မဖြစ်သင့်ကြောင်း ထွက်ဆိုပြီး မချောစန္ဒီထွန်း facebook တွင် ရေးသားခဲ့သောပို့စ်ကို ပရင့်ထုတ်ပြီး ရုံးတော်သို့ သက်သေခံ တင်သွင်းခဲ့သည်။

“တရားသူကြီးက နိုဝင်ဘာ ၉ ရက် ရုံးချိန်း ပြန်ချိန်းထားတယ်။ ပထမ စွဲဆိုထားတဲ့ ပုဒ်မကနေ ပုဒ်မ ၆၆(ဃ) ကို ပြန်ပြောင်းလိုက်တာပေါ့။ နောက်ပြီး တပ်မတော်ရဲ့ ဂုဏ်သရေကို ညှိုးနွမ်းစေပါတယ်ဆိုပြီး ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ နောက်တစ်မှု ထပ်စွဲထားတယ်။ ကျွန်မတို့က ကန့်ကွက်လွှာ တင်ထားပြီးတော့ လာမယ့် ရုံးချိန်းမှာ ပြန်မေးရမှာပေါ့” ဟု မချောစန္ဒီထွန်း၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးဝင်းက ပြောကြားသည်။

“တရားရုံးမှာ စစ်ဆေးနေဆဲ ကာလဖြစ်လို့ ဘာမှ မပြောချင်သေးပါဘူး” ဟု မချောစန္ဒီထွန်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။ ၎င်း၏ မိခင်ဖြစ်သူ ဒေါ်အိအိစံက “သမီးရဲ့ အမှုကိစ္စ အ၀၀ကို ရှေ့နေနဲ့ အကုန် လွှဲထားပါတယ်။ လာမယ့်တစ်ပတ် ရုံးချိန်းမှာ ဘာဖြစ်မလဲပဲ စောင့်ကြည့်ရမှာပေါ့” ဟု ပြောကြားသည်။

အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သည့် မချောစန္ဒီထွန်းသည် ဒီမိုကရေစီ ပညာရေး သပိတ် (ဧရာဝတီ သပိတ်စစ်ကြောင်း) တွင် ၀န်းရံသူအဖြစ် ပါဝင်ခဲ့ခြင်း၊ ရေဘေးသင့် ဒုက္ခပြည်သူများအား ကူညီခြင်း၊ ဖေ့စ်ဘွတ်ခ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား အားပေးထောက်ခံသည့် ပို့စ်များ ရေးသားခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။ ၎င်းကို အောက်တိုဘာ ၁၁ ရက်တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ တရားစခန်း တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ညတွင်းချင်းပင် မအူပင် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ နောက်တစ်ရက်တွင် ရုံးထုတ်ပြီး မအူပင် အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။   
Writer: 
သက်မင်း

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...