Skip to main content

အာဏာ နှင့် ကျောက်စိမ်း

Hla Soe Wai's photo. ရွေးကောက်ပွဲကြီးကား ရက်သတ္တပါတ် ၂ ပါတ် ခန့်သာ လိုပေတော့သည်။
ယခုအခါ သမ္မတကြီးမှ နိုင်ငံတ၀ှမ်း ရွက်စုံတက်စုံ ဖွင့် လျက် သွားလာနေပြီး (ကိုးကိုးကျွန်းပင် ရောက်လေဥင်္ီးမလား မသိ) ဥပဒေကို လက်တလုံးခြား လုပ်ကာ မျက်နှာပြ မဲဆွယ်လျက် ရှိနေသည်ကို လေးတန်းကျောင်းသား ပင် တိုက်ဆိုင်မှု မဟုတ် ဆိုသည်ကို နားလည် နိုင်စွမ်းရှိနေသော်လည်း ဒီထက်မကလည်း အကြိမ်ကြီမ် ချိုးဖေါက်ခဲ့ပြီးသူ ဖြစ်သဖြင့် မျက်နှာတချက် အပြုံးမပျက်ခဲ့ပေ၊
ထို့အတူ ကာချုပ် မင်းအောင်လှိုင်မှလည်း စစ်တိုင်း ဒေသကြီးများသို့ ခရီးလှည့်လည်ပြီး တပ်မတော်သားများ မဲထည့် မမှားကြဘို့ ပညာပေး လှုံ့ဆော်လျက် ရှိနေပေပြီ၊

ထိုကြားထဲ လူကြားမကောင်း သန်းကောင်ယံ အာဏာလုပွဲကြီးတွင် နန်းစွန့်ခဲ့ရသော သူရ ဦးရွှေမန်းနှင့် ကာချုပ် ပလူးပလဲ ပြန်ဖြစ်နေကြသည့် သတင်းများလည်း ထွက်ပေါ်လာရပေသည်။
လုံးဝ အခြေအနေ မလှဖြစ်လာသဖြင့် ပုတ်နေသည် ထင်ကာ အရင်က စွန့်ပြစ်ခဲ့သော ပန်းသီးကို ငတ်လာ၍ ကြံရာမရ ကောက်စားလာသည့် အဖြစ်ပင်၊ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် နှင့် အပေးအယူ ပြုလုပ်စရာကား ရွှေမန်းလို့ပဲ သူတို့ မြင်ပေတော့သည်။ ဦးသိန်းစိန်ကို ကား ဦးသန်းရွှေ၏ ခါးပိုက်ဆောင် လူယုံတဦးမျှသာ ဟူသည်ကို တနိုင်ငံလုံးကသိလာ၍ လက်မခံနိုင်ကြတော့ပေ၊
ထို့အတွက် အသက်သာဆုံး ရှဥ့်လဲလျောက်သာ ပျားလဲစွဲသာ အဖြစ်က အခုအချိန်အထိ သမ္မတ ဖြစ်ရေး ရည်မှန်းချက်ကို စွန့်လွှတ်ပုံ မရှိသော ဦးရွှေမန်းကို ပြန်လည် ချည်းကပ်လာခဲ့ကြခြင်း ဖြစ်ပြီး ဦးရွှေမန်းမှ ထိမ်းထိမ်းသိမ်းသိမ်း လုပ်သွားနိုင်လိမ့်မယ်လို့ အားကိုးလာခဲ့ပုံရပါတယ်။
ဤကဲ့သို့ ပျားပန်းခပ်မျှ ဖြစ်နေသော အဆိုပါ ပုဂ္ဂို လ် ၂ ဦး ရဲ့ ဖြစ်စဉ်ကို ကြည့်၍ ထိုမျှလောက် အာဏာ ငန်းငန်းတက် ဖြစ်ရပါမည်လောဟု စဉ်းစားတွေးတော စရာ ရှိလာရသည်၊ အာဏာမဲ့သွားကလည်း ၎င်းတို့ လုပ်ရပ်များကို နောက်ကြောင်းပြန် အရေးမယူနိုင်ရန် ဖွဲ့စည်းပုံကြီးက အသေအချာ ကာကွယ်ထားပြီး ဖြစ်၍ စိုးရိမ်စရာ မရှိ၊ ထိုဖွဲ့စည်းပုံကို ပြင်ပေးရန် မည်သည့် ပြည်သူ တဦးတယောက်ကမျှလည်း ခုထိ တောင်းဆိုသည်ကို မကြားခဲ့ရဘူး၊ ပြည်သူ အားလုံးက သင်ပုန်းချေခြင်ကြသည်ကို သိသာလှသည်။
သို့ပါလျက် အဘယ်သို့များ အိနြေ္ဒမဲ့စွာ ဖြစ်ကြရရှာသနည်း၊ တပ်မတော်ရဲ့ ဖခင်ကြီးဟု ခံယူထားသော ဦးသန်းရွှေ လက်ထက် စိန်ထွန်းကြည် တို့ ခေတ်မှ ယခု အချိန်အထိ တိုင်းပြည် ဘဏ္ကာများ ခိုးယူကာ စည်းစိမ်ယစ်မူးခဲ့ကြသော ဗိုလ်မှုးကြီး ရာထူးမှ အထက် လူများရဲ့ လုပ်ရပ်ကား နောက် အာဏာရလာသည့် (၎င်းတို့အခေါ်) အရပ်သားများ လက်ထက်တွင် ဗူးပေါ်သလို ပေါ်လာတော့မည့် အဖြစ်ကို သွေးလန့်နေခြင်း ဖြစ်ပုံရပေသည်။
ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်း မရှိသော်လည်း ဘယ်သူက ဘာလုပ်ခဲ့သည် ဆိုသည့် အရေးကား တတိုင်းပြည်လုံး အတိအကျ သိရှိသွားနိုင်ပြီး တပ်မတော်အတွင်းတွင်မှာပင် နာကျည်းမှုများ စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်ကာ သားစဉ်မြေးဆက် မျက်နှာမဖေါ်ရဲတော့မည့် အဖြစ်ကား ထောင်ကျသည်ထက်ပင် ဆိုးပေအုန်းမည်ကို အထိတ်တလန့်ဖြစ်လာကြပုံရသည်ဟုလည်း သုံးသပ်၍ရသည်။
လက်ရှိ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားရမည့်အရေးက အားကျ စရာ၊ ဂုဏ်ယူစရာ တကွက်မှ မရှိသည့် အလုပ်ဆိုသည်ကို သူတို့ အပါအ၀င် အားလုံးသိကြသည်၊ တသက် စားမကုန် အောင် ဖြစ်နေကြပြီ ဖြစ်သော ၎င်းတို့ အဖို့ကား ပို၍ ဝေးဝေး ရှောင်ချင်ကြမည်သာ၊ သို့သော် အထက်က ဆိုခဲ့သော ကိစ္စကား ရှိနေပြီ ဖြစ်ရကား အတတ်နိုင်ဆုံး အာဏာဆုပ်ကိုင်ကာ အရပ်သားများထံ ရောက်မသွားရေး ပြုလုပ်နေကြခြင်းမျှသာ ဖြစ်သည်။
ယခုပင် ဒီနေ့ရရှိသော နိုင်ငံခြားသတင်းများအရ ၂၀၁၄ ခုနှစ်အတွင်း ကျောက်စိမ်းများ ရောင်းချရမှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ပေါင်း ၃၁ ဘီလီယံ ခန့်အထိ ဥိးသန်းရွှေ နှင့် ဆွေမျိုးများ အပါအ၀င် အာဏာရ စစ်ဗိုလ်ချုပ်ကြီးများရဲ့ အိပ်ကပ် အသီးသီးသို့ တရားမ၀င် ကုန်သွယ်မှုများမှတဆင့် ခုံပျံရောက်ရှိ ကုန်သည်ဟု နိုင်ငံတကာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့ Global Witness က ၎င်းတို့ရဲ့ ၁၂၈ မျက်နှာ အစီရင်ခံစာမှာ တရားဝင် ထုတ်ဖေါ်ပြောကြားလိုက်၍ AFP သတင်းဌာနမှ ၎င်းသတင်း အပေါ် တုန့်ပြန် ထင်မြင်ချက်ပေးရန် မြန်မာ အစိုးရပိုင်းနှင့် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်အထိ မအောင်မြင်သေးလို့ ဆိုပါတယ်၊
အဆိုပါ ၃၁ ဘီလီယံက တနိုင်ငံလုံးရဲ့ GDP တန်ဘိုး တ၀က်ခန့်ရှိပြီး အစိုးရမှ သုံးစွဲနေတဲ့ ကျန်းမာရေးစရိတ် စုစုပေါင်းရဲ့ ၄၆ ဆ ရှိတယ်လို့ဆိုပါတယ်။ ဒါတွေကို ကြည့်ပြန်ရင် အခုလာမယ့် ရွေးကောက်ပွဲဟာ စစ်ဗိုလ်ချုပ်တွေ အတွက် ဘယ်လောက်အထိ သေရေးရှင်ရေး ဖြစ်လာနေပြီဆိုတာ သိသာပါတယ်။
သို့သော် ၂၀၁၃-၁၄ အတွင်း တရားဝင် ကျောက်စိမ်း ရောင်းချ တန်ဘိုးက တစ်ဘီလီယံသာ စာရင်း ရှိခဲ့ပါတယ်။ တရားမ၀င် ကုန်သွယ်မှုများကို ထိမ်းချုပ်ဘို့ အထူးကော်မီတီကို ၂၀၁၂ ခုနှစ်မှာ စတင်ထူထောင်ပေးခဲ့တာလည်း အခု pacemaker ကြီး ပြုတ်ကျမတတ် တနိုင်ငံလုံး လှည့် လမ်းလျောက် မဲဆွယ်ပေးနေရတဲ့ ဦးသိန်းစိန်သာ ဖြစ်ပါတော့တယ် ခံဗျာ၊
လူတစုရဲ့ ကြီးပွားကောင်းစားရေး၊ အာဏာ တည်မြဲရေးအတွက် ပြည်သူတို့ရဲ့ လုပ်အားခ ချွေးနဲစာ များမှ နှိုက်ယူ ဘုန်းနေကြသည်ကိုပင် အားမရပဲ မလှုပ်နိုင်အောင် နည်းမျိုးစုံဖြင့် လည်မျိုကို နင်းရန် ကြိုးစားလာနေကြသည့် အဖြစ်ကား အမျိုးကို ချစ်သော မြန်မာ့သားကောင်းတို့ရဲ့ ရင်ထဲ အသဲထဲတွင် ပွက်ကွက်ဆူလာလျက် ရှိနေကြရပြီ ဖြစ်သည်။
ထိုကဲ့သို့ မသန့်ရှင်းသည့် လုပ်ရပ်များကြောင့် မြန်မာပြည်တ၀ှမ်း နီနီရဲရဲ အဖုအပိန့်များ အပ်ကျစရာ မရှိအောင် ပေါက်လာနေသည်မှာလည်း အဆန်းတော့ မဟုတ်ပေ၊
အဆိုပါ နီနီရဲရဲ များကို ဒီအတိုင်း မထားပဲ ကုတ်ဖဲ့ရန် ကြိုးစားမည်ဆိုက မြန်မာပြည်ကြီး သွေးစိမ်းရှင်ရှင် ထွက်ရန်သာ ရှိပေတော့သည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...