Skip to main content

သူခိုးကို ဓားရိုးကမ်းကြမှာလား


http://graphics8.nytimes.com/images/2008/05/26/world/26myanmar-span-600.jpg

ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့ကတော့ ဖွင့်ချလိုက်ပြီဗျာ။ ဘာတဲ့ ဦးသန်းရွှေမိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တပ်မတော်ပိုင် မြန်မာ့စီးပွာရေးဦးပိုင် လီမိတက်၊ ခရိုနီပိုင် ကုမ္ပဏီတွေနဲ့ မူးယစ်ဂိုဏ်းချုပ်ကြီးတွေက မြန်မာနိုင်ငံရဲ့ ကျောက်မျက်လောကကိုပါ ထိန်းချုပ်ထားသတဲ့ဗျာ။
အဲဒီအပေါင်းအပါတွေ မြန်မာနိုင်ငံက ကျောက်စိမ်းတွေကို တရုတ်ပြည်ဘက်ပို့နေကြတာ ၂၀၁၄ ခုနှစ် တစ်နှစ် တည်းမှာတင် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ရှိသတဲ့။ အလိုလေး တိုင်းပြည်ကို ၁၉၈၈ ခုနှစ်ကတည်းက ဖြတ်လိုက်ရင် နှစ်ပေါင်း ၂၀ ကျော် ပြည်တွင်းကခိုးထုတ်ပြီး တရုတ်နဲ့ အလုပ်လုပ်နေတာ ဘယ်လောက်တောင် ရှိသွားပြီလဲ။ မြန်မာနိုင်ငံဆင်းရဲ၊ ပြည်သူတွေမွဲ၊ အကြွေးတွေတင်၊ ကျွန်တွေဖြစ်၊ လူတစ်စုကတော့ ပိုက်ဆံတွေ ထားစရာ နေရာမရှိလောက်အောင်ဖြစ်နေတာ ဘာကြောင့်လဲဆိုတဲ့ အကွက်တစ်ကွက် ပေါ်ထွက်လာပြီခင်ဗျ။

Global Witness အဖွဲ့က ကျောက်စိမ်းဟာ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်လို့ ချက်ကောင်း ကို တစ်ချက်တည်းပစ်သွင်းလိုက်တာပဲ။ ဒီရိုက်ချက်ဟာ “တရုတ်ကိုလည်း ကြောက်နေရပါတယ်” ဆိုတဲ့ အဖြေ လည်းဖြစ်သပေါ့။ တရုတ်ဘက်ကို မော်မကြည့်ရဲပါဘူး၊ တရုတ်တွေ လုပ်သမျှ ဟုတ်ပါ့၊ မှန်ပါ့လုပ်နေတာ တိုင်းပြည်အတွက်လား၊ လူတစ်စုကောင်းစားဖို့လား ထင်ရှားနေပါပြီဗျာ။
ကျောက်စိမ်းရောင်းလို့ရတဲ့ ငွေတွေကို သူတို့ဘာတွေလုပ်နေကြသလဲ။ သူတို့ဘဝ အာဏာတည်မြဲရေး လုပ်နေကြတာဗျ။ အာဏာတည်မြဲနေမှ မြန်မာနိုင်ငံကို ဒီ့ထက်ပိုပြီး အရိုးတောင်မကျန်အောင် စုပ်ဝါး ပျက်သုဉ်းရေးကို ဘယ်သူတွေ လုပ်နေကြသလဲဗျာ။
ကျုပ်တို့ မဆင်းဘူး၊ ကျုပ်တို့ မပြောင်းဘူး၊ ကျုပ်တို့ပဲ အာဏာဆက်ရစေရမယ်လို့ ကျောထောက်နောက်ခံ တွေကို ခိုင်မာအောင်လုပ်၊ ပါတီတွေထောင်၊ အာဏာပြောင်ပြောင်တင်းတင်းရအောင် ဓားပြတိုက်နေကြတာ ဘယ်သူတွေများလဲဗျာ။
မြင်အောင်ကြည့်ကြပါ။ စဉ်းစားဆင်ခြင်ကြည့်ကြပါ။ တစ်တိုင်းပြည်လုံး မွဲပြာကျနေချိန်မှာ တိုးတက်အောင် ဆက်ပြီး ကြံဆောင်ဦးမယ်ဆိုတဲ့ လူတွေဟာ “မြန်မာ” ဆိုတဲ့ နိုင်ငံသူ နိုင်ငံသား တိုင်းသူပြည်သား အားလုံး အတွက်လား သူတို့အုပ်စုနဲ့ ခရိုနီတွေအပါအဝင် မူးယစ်ရာဇာတွေအတွက်လား မြင်ပြီလားဗျာ။
ဟုတ်ကဲ့ … ခင်ဗျားတို့ကို ဂုတ်သွေးစုပ်မယ့်သူတွေ၊ ခင်ဗျားတို့ ပခုံးပေါ်ကို ထမ်းပိုးဆက်တပ်မယ့်သူတွေ၊ ခင်ဗျားတို့ ခြေထောက် သံခြေချင်းခတ်မယ့်သူတွေ၊ ခင်ဗျားတို့ သားသမီးတွေရဲ့ အနာဂတ်တွေကို ဆက်ပြီး မတွေးခေါ်နိုင်တဲ့ ခပ်တုံးတုံးသူတွေဖြစ်အောင်လုပ်မယ့်သူတွေကို နောက်တစ်ကြိမ် ပြန်ပြီး တိုင်းပြည်ကို အုပ်ချုပ်ပါလို့ ပြောသူတွေ ထောက်ခံသူတွေဟာ သူခိုးကို ဓားရိုးကမ်းတဲ့ အဆိုးဆုံးသူတွေ ဖြစ်တော့မယ် ဆိုတာ သတိထားကြပါဗျာ။
၂၄.၁၀.၂၀၁၅
Photh Credit, http://www.nytimes.com/

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...