ဖော်ဆောင်မည် ဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်နေ့က တာချီလိတ်မြို့၌
ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစု
ကြည်က ပြောကြားလိုက်သည်။
"အခုလက်ရှိ ကမ္ဘာမှာ ပညာရေးစနစ် အကောင်းဆုံးဆိုပြီး ကျော်ကြားနေတဲ့ တောင်
ကိုးရီးယား နိုင်ငံမှာတောင် တက္ကသိုလ်ဘွဲ့ရတွေ အလုပ်လက်မဲ့ ပြဿနာ ကြုံနေရ
တယ်၊ ဘာလို့လဲဆိုတော့ တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ အရည်အချင်းတွေ
က အခုခေတ် အလုပ်အကိုင်ရနိုင်တဲ့ အရည်အချင်းတွေနဲ့ မပြည့်စုံလို့ပဲ။ ဒါကြောင့်
ကျွန်မတို့တွေ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးမယ့် ပညာရေးစနစ် တစ်
ခု ဖော်ဆောင်ပါမယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း
စုကြည်က ပြောသည်။
အနောက် ဥရောပနိုင်ငံရှိ အချမ်းသာဆုံး နိုင်ငံများဖြစ်သော ဂျာမနီ၊ ဆွီဒင်၊ ဆွစ်ဇာ
လန် တက္ကသိုလ် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးတွင် အဆင့်အ
တန်း ခွဲခြားထားခြင်း မရှိသော်လည်း အာရှ အရှေ့ဘက်ခြမ်းတွင် မိရိုးဖလာ စွဲလမ်း
မှုတွေအရ ခွဲခြားမှုတွေ ရှိနေကြောင်း ၎င်းကဆိုသည်။
"ကျွန်မတို့ နိုင်ငံမှာ လူတွေက တက္ကသိုလ်တက်နိုင်မှ၊ ဘွဲ့ရမှ ပညာတတ်လို့ ထင်နေ
တယ်၊ သူတို့ နိုင်ငံတွေမှာ တက္ကသိုလ်ဘွဲ့ရရဲ့ ၀င်ငွေနဲ့ သက်မွေးဝမ်းကျောင်း ပညာ
ရပ်တွေ တက်တဲ့လူတွေရဲ့ ၀င်ငွေဟာ ကွာခြားမှု မရှိဘူး။ ဒါကြောင့် ကျွန်မတို့ဆီမှာ
တကယ် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မယ့် ပညာရေးစနစ်
ပြောင်းဖို့ လိုတယ် " ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အရှေ့တောင်အာရှရှိ စင်ကာပူနိုင်ငံမှာ မည်သည့် သယံဇာတမျှမရှိကြောင်း၊ သို့သော်
လူသားများအား စွမ်းအားများ မြှင့်တင်ပေးနိုင်သည့် ပညာရပ်များ သေချာစွာ သင်
ကြား ပေးပြီးနောက် အရှေ့တောင်အာရှ၏ အဆင့်အမြင့်ဆုံးနှင့် ကြွယ်ဝသော နိုင်ငံ
ဖြစ်လာခြင်း ဖြစ်ကြောင်း၊ ၎င်းမှ သယံဇာတ အရင်းအမြစ်ဆိုတာ လူသားများသာ
ဖြစ်ကြောင်း၊ ကိုယ်ပိုင် အရည်အချင်းနှင့် ရပ်တည်နိုင်သည့် ပညာရေးစနစ်ကို လူငယ်
များအတွက် ထူထောင်လိုကြောင်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ
၂၁ ရက်နေ့တွင် Air KBZ ဖြင့် တာချီလိတ်မြို့သို့ နံနက်ပိုင်း ရောက်ရှိလာပြီး ညနေ
ပိုင်းတွင် ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် လူထုဟောပြောပွဲ
ကျင်းပခဲ့ကာ အောက်တိုဘာ ၂၂ ရက်နေ့တွင် တာချီလိတ်မှ မိုင်းဖြတ်မြို့သို့ ထွက်
ခွာပြီး လူထုဟောပြောပွဲ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းနောက် နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့သို့ ဆက်လက်ထွက်ခွာပြီး ဖားစည်အောင်
မြေကွင်းတွင် လူထု ဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
Comments
Post a Comment