Skip to main content

သူတို့ မညစ်ရင် အန်အယ်လ်ဒီ နိုင်မယ်

KoShweAung“ရိုက်နှက်ဆုံးမခံရဦး၊ အမေရိုက်ရင် ကရုဏာလက်နဲ့ ရိုက်တာမို့ အဖေရိုက်တာ လောက်တော့ နာမှာမဟုတ်ဘူးဆိုတဲ့စကား ကျေးရွာအုပ်စု လူထုကြား  ကြားနေရတယ်”
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးကျေးရွာသား တောင်သူ တယောက် ပြောခဲ့တဲ့ စကားတခွန်း ဖြစ်တယ်။ ဇေယျာသီရိမြို့နယ်၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်ရဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောနေသံကြောင့် သူပြောတဲ့ စကား နားနားကပ်ပြီး နားထောင်ရတယ်။
အောက်တိုဘာလကုန်ပိုင်းရောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့ တပတ်ဆယ်ရက်လောက်ပဲ
လိုတော့တဲ့အချိန် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ထမင်းတရွတ်တိုက်စားပြီး မဲဆွယ်နေကြရတယ်။
အသက် ၄၀ ကျော်ခါစရှိသေးတဲ့ ၀၀ပုပု ဒေါ်ခင်မျိုးသွင်က ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ စကားအပေါ် အလေးအနက်ထားပြီး ရှင်းပြပြောနေတယ်။
“ကျမတို့ အပြောင်းအလဲလုပ်ချင်တယ်၊ မေးကြတယ်၊ မင်းတို့မှာ အပြောင်းအလဲလုပ်ဖို့ ခေါင်းဆောင်ရှိရဲ့လားလို့ မေးစရာရှိပါတယ်၊ ကျမတို့မှာ ခေါင်းဆောင်ကောင်း ရှိပါတယ်၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး အမေ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်၊ အမေ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုရဲ့ ကိုယ်စားသာ မကပါဘူး၊ ကမ္ဘာ့ပြည်သူလူထုကြီးရဲ့ကိုယ်စား ဖြစ်ပါတယ်၊ နောက်တခု မြန်မာပြည်မယ် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ ပြောကြတယ်၊ မှန်ပါတယ်၊ ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ဒါပေမယ့် ကိုယ်လုပ်မှ ကိုယ်စားရတဲ့ထဲမှာ ပြည့်ပြည့်၀၀ စားရရဲ့လားဆိုတာ သေချာ စဉ်စားကြည့်စေချင်ပါတယ်။”
ဟောပြောနေတဲ့သူစကား နားစွင့်ရင်း ဟောပြောပွဲ တက်လာသူတွေဘက် တချက် အကဲခတ်ကြည့်မိတော့ အမျိုးသမီးအများစုက စိတ်အားထက်ထက်သန်သန် ရှိလှတာ တွေ့ရတယ်။ ပရိသတ် ၁၀၀ လောက်ထဲမှာလည်း အမျိုးသမီးအရေအတွက်က များတယ်။
ရွာခံလူကြီးတချို့နဲ့ စကားစမြည် ပြောကြည့်တော့ ရွာသစ်ကြီးရွာမှာ တောင်သူအများစု နေထိုင်ပြီး တောင်ယာလုပ်ကြတယ်၊ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး မဲပေးနိုင်တဲ့သူ ၁၃၀၀ လောက် ရှိတယ်၊ သူတို့ဘက် အကြိတ်အနယ်ပြိုင်ရမယ့် ပါတီ ၂ ခုက တခြားမြို့နယ်တွေလိုပဲ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေး၊ ရွာလူထုက နှစ်ဘက်စလုံးရဲ့ ဟောပြောပွဲ တက်နားထောင်ကြတယ်၊ အရင်က ကြံ့ခိုင်ရေးနယ်မြေလို ဖြစ်နေပေမယ့် အခု အဖွဲ့ချုပ်က မဲဆွယ်စည်းရုံးရေး ဆင်းလာတော့ အဖွဲ့ချုပ်ပြောတဲ့ ပြောင်းချိန်တန်ပြီဆိုတဲ့ စကားနဲ့ အဓိပ္ပါယ်သိလာတယ်၊ တချို့လည်း ဇဝေဇ၀ါဖြစ်နေတုန်း၊ ဒီလိုကြားသိတယ်။
အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေး အဖွဲ့ဝင်တွေ အဆိုအရတော့ ဇေယျာသီရိမြို့နယ်မှာ ရပ်ကွက် ၄ ခုနဲ့ ကျေးရွာပေါင်း ၆၈ ရွာရှိတယ်၊ ရပ်ကွက် ၂ ခုက စစ်တပ်နဲ့ မိသားစုနေတယ်၊ မဲပေးနိုင်သူ ၇၀၀၀၀ ကျော်မှာ တပ်မဲက ၂၀၀၀၀ လောက်ရှိတယ်၊ အဖွဲ့ချုပ် မဲဆွယ်ဖို့ ၀င်မရတဲ့ရွာ ၂ ခုရှိပြီး အဲ့ဒီရွာတွေက ပရဟိတအဖွဲ့တွေကို အမျိုးဘာသာအဖွဲ့တွေက ထိန်းချုပ်ထားတယ်၊ ဒီလိုတွေဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက  အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းကို တောက်ထုတ်လိုက်လို့ရတယ်လို့ အခုနောက်ပိုင်း ပုတ်ခတ်ပြောဆိုလာတယ်၊ သူတို့မှာ အပိုင်မဲတွေရှိတယ်လို့ ထုတ်ပြောလာတယ်ဆိုတာလည်း မသက်မသာ ကြားရတယ်။
အပိုင်မဲဆိုတာ ခုမှ ကြားရပြီး ကိုယ့်အတွက် အသစ်ဖြစ်နေတယ်၊ နေပြည်တော်ရောက်မှ ကြားရတဲ့ စကားတခွန်းဖြစ်ပြီး ဒီစကားကို ပြောတဲ့သူတွေကလည်း မကြာသေးခင်ကမှ စစ်တပ်က ကမန်းကတန်း အငြိမ်းစားယူပြီး ဖုတ်ပူမီးတိုက် ရွေးကောက်ပွဲဝင်ဖို့ လုပ်ခဲ့ကြသူတွေ ဖြစ်နေပြန်တယ်၊ သြော် ခုထိ ပြောထွက်ကြတုန်း၊ အပိုင်မဲတဲ့၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ကြိုတင်မဲဆိုတာတွေနဲ့ ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့ပြီးပြီ၊ အခုလည်း အပိုင်မဲဆိုတာ လာပြန်ချေပြီ၊ ပြောထွက်တဲ့ ကာယကံရှင်တွေနဲ့တွေ့မှ မေးကြည့်ရဦးမယ်၊ အပိုင်မဲတွေနဲ့ အပိုင်တိုင်းပြည် ထူထောင်ဦးမှာလားဗျာ။
နေပြည်တော်တခွင် ပြဲပြဲစင်အောင် သွားလာရင်း တွေ့ထိမိသမျှ ကားသမား၊ ဆိုက်ကယ်ကယ်ရီ၊ ဈေးသည်၊ ဂျာနယ်လက်ပွေ့ရောင်းတဲ့သူ၊ ရွှေဆိုင်ပိုင်ရှင်၊ ရွာဦးကျောင်းဘုန်းကြီး၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း စတဲ့စတဲ့သူတွေကို ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ မေးစမ်းကြည့်တော့ အဖြေက တခုပဲထွက်တယ်။ သူတို့မညစ်ရင်၊ မဲမခိုးရင် အန်အယ်လ်ဒီပဲ နိုင်မယ်တဲ့။ တနိုင်ငံလုံးအနှံ့ ဖြန့်ဝေနေတဲ့ သတင်းစာ ဂျာနယ်တွေ ဖတ်ကြည့်လိုက်ရင်လည်း အစိုးရသတင်းစာနှစ်စောင် စိမ်းနေတာကလွဲလို့ ကျန်သတင်းစာ ဂျာနယ်တွေ ရဲရဲတောက်နေတာ တွေ့မြင်ဖတ်ရှုနေရတယ်။ ဒီကြားထဲ ထူးထူးခြားခြားဖတ်ရတဲ့ သတင်းတပုဒ်က သမ္မတ ဦးသိန်းစိန် အမေရိကန်ရုပ်သံ သတင်းဌာနတခုကို ပြောလိုက်တဲ့ သတင်းဖြစ်တယ်။ ဘယ်ပါတီအနိုင်ရရ အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမယ်လို့ သမ္မတက ပြောလိုက်တာပါ။ ၁၉၉၀ တုန်းက ဗိုလ်ချုပ်ကြီးစောမောင် ပြောခဲ့တဲ့ ရွေးကောက်ပွဲပြီးရင် စစ်တပ်က ဘားတိုက်ပြန်မှာဆိုတဲ့စကား ပြေးပြီး ကြားယောင်မိတယ်။ စစ်ဗိုလ်ချုပ်တွေ ဒီတကြိမ် စကားတည်မှာလား၊ မယုံတ၀က် ယုံတ၀က်နဲ့ စောင့်ကြည့်လိုက်ဦးမယ်၊ လူထုကတော့ ပြောနေပြီ၊ သူတို့မညစ်ရင် အန်အယ်လ်ဒီပဲ နိုင်မယ်တဲ့။
ကိုရွှေအောင်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...