Skip to main content

အနာဂတ်ကို လုံခြုံခွင့်ပေးပါ

ရွေးကောက်ပွဲ ကျင်းပ ဖို့ရက်ကလည်း တဖြည်းဖြည်း နီးကပ် လာခဲ့ပြီဖြစ်သလို သူနိုင်ကိုယ်နိုင် စကားနိုင်လုမဲဆွယ်မှုတွေ၊ ပါတီ တစ်ခုနဲ့တစ်ခုကြားက ပဋိပက္ခ တွေ၊ အမတ်လောင်းတစ်ဦးနဲ့ တစ်ဦးကြား ဝေဖန်တိုက်ခိုက်မှု တွေ၊ စိတ်ဓာတ်မရင့်သန်သူတို့ရဲ့ အဖျက်လုပ်ရပ်တွေနဲ့ပတ်သက် ပြီး သတင်းတွေလည်း အဆက် မပြတ်ဆိုသလို ဖတ်ရှုနေရတဲ့ ကာလဖြစ်ပါတယ်။
အဲဒီလိုအခြေအနေတွေထဲ မှာ ဖတ်ခွင့်ကြုံရတဲ့သတင်းတချို့ လည်းရှိနေပါတယ်။ အဲဒါကတော့ မဲပေးခွင့်မရတဲ့ ကလေးသူငယ်တွေရဲ့ကျန်းမာရေး၊ ပညာရေး၊ ဘဝနေထိုင်ရပ်တည်ရေးစတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အမတ်လောင်းတွေထံကနေ ကတိကဝတ်တွေတောင်းခံမယ့်လှုပ်ရှားမှုဆိုင်ရာသတင်းတွေပဲ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို လူမှုအဖွဲ့ အစည်းပေါင်း ၅၀ ကျော်ပါဝင် ဖွဲ့စည်းထားတဲ့ Child Right Working Group (NCRWG)က သြဂုတ်လထဲမှာ စတင်ပြုလုပ် လာတာကို သတိထားမိခဲ့ပါတယ်။အဲဒီအဖွဲ့အစည်းက နိုင်ငံရေးပါ တီ ၈၀ ကျော်နဲ့ ကလေးသူငယ် များတွေ့ဆုံမှုကို သြဂုတ် ၂၈ ရက်က စတင်ပြုလုပ်နေတယ်ဆို တဲ့ သတင်းကို သြဂုတ် ၂၉ ရက် နေ့ထုတ် ဆဲဗင်းဒေးသတင်းစာမှာ ဖတ်မှတ်ခဲ့ရပါတယ်။
ကလေးများအတွက် ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များကို အမတ်လောင်းတို့ မဲဆွယ်စည်းရုံး ရေးလှုပ်ရှားမှုမှာ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်းလုပ် ဆောင်ဖို့ အားပေးတိုက်တွန်းသွား မယ်။ အမတ်လောင်းတွေနဲ့တွေ့ ဆုံပြီး ကလေးငယ်များအနေနဲ့ မိမိတို့ရင်ဆိုင်နေရတဲ့အခက်အခဲ များတင်ပြခြင်း၊ အမတ်လောင်း တို့ထံမှ ကတိကဝတ်များတောင်း ဆိုခြင်း၊ မဲဆန္ဒရှင်ပြည်သူများနဲ့ တွေ့ဆုံပြီး ကလေးအရေးဆောင် ရွက်ပေးတဲ့ ကိုယ်စားလှယ်ကို မဲပေးဖို့တောင်းဆိုခြင်းတွေ လုပ်ဆောင်သွားမယ်ဆိုတာကို သတင်း တွေကနေတစ်ဆင့် သိရှိခွင့်ရရှိခဲ့ ပါတယ်။ ‘ကလေးများအတွက် မဲ ပေးပါ’လှုပ်ရှားမှုကို ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်ငါးခု မှာ စက်တင်ဘာလ ဒုတိယပတ် က စတင်လှုပ်ရှားခဲ့တာဖြစ်ပြီး အောက်တိုဘာ (ယခုလ)ကုန်မှာ ပြီးဆုံးမယ်လို့လည်း သိရပါတယ်။
‘‘ကလေးတွေအနေနဲ့က လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးရှုထောင့်မျိုးစုံအတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေ နဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါ ကြောင့် မည်သည့်အစိုးရပဲတက် တက် ကလေးတွေအတွက် ဒီပြ ဿနာလေးတွေကို ဝိုင်းဝန်းဖြေ ရှင်းကြမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးလာ မှာဖြစ်ပါတယ်’’ဆိုပြီး လူမှုအဖွဲ့ အစည်းတစ်ခုမှာပါဝင်ဆောင် ရွက်နေသူတစ်ဦးကလည်း က လေးငယ်တွေရဲ့ ဘဝရပ်တည် ရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုထားတာ သတင်းမှာဖတ်လိုက်ရပါတယ်။
အဲဒီလို ကလေးသူငယ်များ ရဲ့အခွင့်အရေးကို လူမှုအဖွဲ့ အစည်း ၅၀ ကျော်က ပူးပေါင်း ဆောင်ရွက်နေသလို ဘာသာ ပေါင်းစုံအဖွဲ့ကြီးကလည်း ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက် ပြီး လိုအပ်ချက်များကို ဘာသာ ရေးကွဲပြားခြားနားမှုမရှိဘဲ အတူ တကွပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုပြီး နှိုးဆော်တိုက်တွန်းလာတဲ့ သတင်းတစ်ပုဒ်ကိုလည်း အောက် တိုဘာ ၂၂ ရက်ထုတ် ဆဲဗင်းဒေးသတင်းစာမှာဖတ်လိုက်ရပါတယ်။
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာတို့ကို ကိုယ်စားပြုတဲ့ ဘာသာပေါင်းစုံ အဖွဲ့ကြီးက ၂၀၁၅ ရွေးကောက်ပွဲ မှာ ကလေးများအတွက် ပြုပြင် ပြောင်းလဲတိုးတက်မှုများဖြစ်ပေါ် လာဖို့ ရည်ရွယ်ပြီး လူထုနဲ့နိုင်ငံ ရေးသမားတွေကို ကတိကဝတ် အသစ်များချမှတ်ပြီး ကြိုးစားလုပ် ဆောင်ကြဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ကလေးငယ်များ အကောင်းဆုံးသော ဘဝများ စတင်နိုင်ဖို့ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝခြင်း၊ ပညာသင် ယူနိုင်ခြင်း၊ ပဋိပက္ခစစ်ပွဲအကြမ်း ဖက်မှုတို့က ကင်းဝေးစေဖို့ တာဝန်ရှိကြောင်းလည်း အဲဒီနှိုးဆော်ချက် ထဲမှာပါဝင်တယ်လို့သိရပါတယ်။
အမတ်လောင်းတို့ရဲ့ မဲဆွယ်စည်းရုံးခွင့်ကာလရက်ပေါင်း ၆၀ မှာ အခုဆိုရင် ရက်ပေါင်း ၅၀ ဝန်းကျင်ကိုရောက်ရှိခဲ့ပြီဖြစ်တာ ကြောင့် မဲဆွယ်ခွင့်ကာလသုံးပုံ နှစ်ပုံကိုကျော်လွန်လာခဲ့ပြီဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီမဲဆွယ်ခွင့် ကာလရက် ၅၀ ဝန်းကျင်အတွင်း မှာ အများဆုံးနဲ့သက်ရောက်မှု အရှိဆုံး ကြားသိရတာတွေက တော့ ဆောင်းပါးအဖွင့်မှာဖော်ပြ ခဲ့သလိုပါပဲ။ ပါတီတစ်ခုနဲ့တစ်ခု ကြား၊ အမတ်လောင်းတစ်ဦးနဲ့ တစ်ဦးကြား စကားနိုင်လုပြောဆို မှု၊ ဝေဖန်ပုတ်ခတ်မှု၊ တိုက်ခိုက် ပြောဆိုမှုများနဲ့အတူ ဘယ်ပါတီ ဘက်ကမှမဟုတ်တဲ့ စိတ်ဓာတ် သိမ်ဖျင်းသူတို့ရဲ့ အဖျက်လုပ်ရပ် များကသာ သတင်းစာမျက်နှာတွေထက်မှာ တွင်တွင်ကျယ်ကျယ်နေရာယူနိုင်ခဲ့ပါတယ်။
 လာမယ့် ရွေးကောက်ပွဲ အတွက် အပြင်းအထန်ပြင်ဆင် နေကြတဲ့ပါတီတွေကြား၊ အမတ် လောင်းတစ်ဦးချင်းစီအကြား မဲ ဆွယ် စည်းရုံးဟောပြောမှုတွေ ကြားမှာ မဲပေးခွင့်မရကြတဲ့ အသက် (၁၈)နှစ်အောက် ကလေးသူငယ်များရဲ့အခွင့်အရေးနဲ့ပတ် သက်တဲ့ ပြောဆိုမှုတွေကတော့ တိတ်ဆိတ်လွန်းလှတယ်လို့မြင် ပါတယ်။ သတင်းစာမျက်နှာတွေ ထက်မှာ ကလေးငယ်တွေနဲ့ပတ် သက်ပြီး ဘာလုပ်ပေးမယ်၊ ညာ လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ် အသံတွေလည်း ကြားသိခွင့်ရ မလာခဲ့ပါဘူး။ မဲပေးခွင့်မရှိသူတို့ အရေးမို့ အလေးဂရုမပြုကြလေ သလားလို့ ထင်မြင်မိပါတယ်။
၂၀၁၃ ဇန်နဝါရီလကနေ နိုဝင်ဘာအထိ လူကုန်ကူးခံရတဲ့ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၂၂၄ ဦးထဲမှာ အရွယ်မရောက် သေးတဲ့ ကလေးသူငယ် ၅၈ ဦး ပါဝင်နေတယ်ဆိုတဲ့သတင်း၊ မြန်မာနိုင်ငံက ကလေးအလုပ် သမားပြဿနာဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးဖြစ်ပြီး မြောက်ကို ရီးယားနဲ့ ဆိုမာလီနိုင်ငံများထက် ပိုဆိုးတယ်ဆိုတဲ့သတင်း၊ မြန်မာ နိုင်ငံမှာ အသက် (၇)နှစ်ကနေ (၁၆)နှစ်ကြားရှိ ကလေးသုံးပုံတစ် ပုံက အလုပ်လုပ်နေကြရတယ်ဆို တဲ့သတင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာအရ မူကြိုအရွယ်ကလေး ဦးရေရှစ်သန်းနီးပါးရှိပြီး ၂၂ ရာခိုင်နှုန်းကျော်သာ မူကြိုဝန်ဆောင်မှု ရရှိတယ်ဆိုတဲ့သတင်း၊ ကျောင်း နေအရွယ်ကလေးငယ်တစ်သန်း ကျော် အခြေခံပညာကျောင်းများ မှာ ပညာသင်ယူခွင့်ဆုံးရှုံးနေ တယ်ဆိုတဲ့ ကုလသမဂ္ဂကလေး သူငယ်များရန်ပုံငွေအဖွဲ့ (UNIC EF)ကထုတ်ပြန်တဲ့သတင်းတွေ ဟာ မြန်မာနိုင်ငံက ကလေးငယ် တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖော်ထုတ်ပြ သနေတာပဲဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ့မြေပေါ်မှာ ရှင်သန်ရပ် တည်နေရတဲ့ ကလေးသူငယ် အများစုဟာ ပုံစံမျိုးစုံ၊ အခြေ အနေမျိုးစုံနဲ့ ဒုက္ခမျိုးစုံကို နေ့စဉ် ရင်ဆိုင်ကျော်ဖြတ်နေကြရပါ တယ်။ တိုင်းရင်းသားဒေသတွေ မှာရှိတဲ့ ကလေးငယ်တွေဟာ စစ် ပွဲတွေကပေးတဲ့ဒုက္ခတွေကို အလူးအလဲခံနေကြရပါတယ်။ ကျေး လက်ဒေသတွေမှာရှိတဲ့ ကလေး ငယ်တွေဆိုရင် ဘဝရပ်တည်ရေး အတွက် အခြေခံအကျဆုံးဖြစ် တဲ့ ကျန်းမာရေး၊ ပညာရေးတွေ အလွန့်အလွန်ကိုချို့တဲ့နေကြပါ တယ်။ မြို့ပေါ်မှာရှိတဲ့ ကလေး ငယ်အများစုဟာဆိုရင် လက်ဖက် ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ လစာ ငွေကျပ်သုံးသောင်းဝန်း ကျင်နဲ့ ဘဝကို ကိုယ့်ဘာသာ ကျောင်းနေရတဲ့ လုပ်သားတွေ အဖြစ်ရှိနေကြသလို လမ်းမတွေ ထက်မှာလည်း တောင်းရမ်းစား သောက်သူများအဖြစ်နဲ့ ဘဝကို ရုန်းကန်နေကြရတဲ့ ကလေးငယ် မြောက်မြားစွာရှိနေပါတယ်။
အဲဒီလိုအခြေအနေတွေကို ပြောင်းလဲပေးနိုင်စွမ်းတာကတော့ နိုင်ငံကိုဦးဆောင်ပဲ့ကိုင်နေကြတဲ့ အစိုးရအဖွဲ့လူကြီးမင်းများနဲ့ ပြည် သူ့အရေးအတွက် ပြည်သူ့ကိုယ် စား လွှတ်တော်တွင်းကို သွား ရောက်ကြရမယ့် အမတ်မင်းများ သာဖြစ်ပါတယ်။
‘‘အနာဂတ်ကမ္ဘာရဲ့ခေါင်း ဆောင်တွေဟာ ယနေ့ကလေး တွေဖြစ်ပါတယ်။ ကလေးတွေကို ပစ်မထားကြပါနဲ့။ ဒီနေ့ကလေး တွေဟာ မကြာမီလူကြီးဖြစ်လာ ကြမှာပါ။ ဒီနေ့လူကြီးတွေဟာ ယမန်နေ့က ကလေးတွေပါ’’ဆို ပြီး သီတဂူဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရက ကလေးသူ ငယ်အရေးနဲ့ပတ်သက်ပြီး မိန့် ကြားထားခဲ့တာကိုလည်း ဆဲဗင်း ဒေးသတင်းစာမှာ ဖော်ပြထားတာ ကို မှတ်သားမိပါတယ်။
ဒီကနေ့ ကလေးသူငယ်များ ဟာ သူတို့ရဲ့ ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေးစတဲ့အာမခံချက်ရှိ တဲ့ ဘဝရပ်တည်မှုတွေရရှိဖို့ အတွက် တောင်းဆိုလာနေကြပါ တယ်။ အဲဒီတောင်းဆိုချက်တွေ ကို အကောင်အထည်ဖော်ပေးဖို့ က အစိုးရအဖွဲ့တွင်းက လူကြီး မင်းများနဲ့ လွှတ်တော်တွင်းက အမတ်မင်းများပဲဖြစ်ပါတယ်။
ဒီနေ့ ဒီရက်မှာ ကလေး သူငယ်တွေရဲ့အနာဂတ်ကောင်း ရေး ထိရောက်ပီပြင်စွာ ဆောင် ကြဉ်းပေးနိုင်ခဲ့မယ်ဆိုရင် မဝေး တော့တဲ့အနာဂတ်မှာ အဲဒီကလေးတွေဟာ နိုင်ငံ့ကောင်းကျိုးကို သယ်ပိုးထမ်းရွက်မယ့် နိုင်ငံ့သား ကောင်းတွေဖြစ်လာပါလိမ့်မယ်။ နိုင်ငံကိုဦးဆောင်ဦးရွက်ပြုမယ့် နိုင်ငံ့ခေါင်းဆောင်ကောင်းတွေ ဖြစ်လာပါလိမ့်မယ်။
 အဲဒီအတွက် အနာဂတ် ကလေးငယ်တွေက  အမတ် လောင်းများအပေါ်မှာ အားကိုး အားထားပြုနေကြတယ်ဆိုတာ သတင်းတွေကတစ်ဆင့်ဖော်ပြ နေပါတယ်။ ကျန်းမာရေး၊ ပညာ ရေး၊ စားဝတ်နေရေး၊ ဘဝနေ ထိုင်ရပ်တည်ရေး စတဲ့အဘက် ဘက်က ချို့ငဲ့နေကြတဲ့ ကလေး သူငယ်တွေကို အာမခံချက်ရှိတဲ့ လုံခြုံခွင့်တွေပေးနိုင်အောင် အ မတ်လောင်းများ အနေနဲ့ စွမ်း ဆောင်ပေးကြစေလိုပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video