Skip to main content

ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ခုနစ်ခုဖြင့် တရားစွဲခံထားရသည့် ဖြူးမြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်မြတ်နုခိုင်၏ ဒုတိယအကြိမ် အာမခံ လျှောက်ထားမှု ဒဂုံမြို့နယ် တရားရုံးက ထပ်မံ ပယ်ချ

ဒေါက်တာ ဒေါ်မြတ်နုခိုင်အား ဒဂုံမြို့နယ် တရားရုံး၌ အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးခံမည့် ဒေါက်တာ ဒေါ်မြတ်နုခိုင်အား တရုတ်သံရုံးရှေ့တွင် ဆန္ဒပြရာ၌ ပါဝင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့နယ် တရားရုံး၌ အောက်တိုဘာ ၂၇ ရက်က ဆက်လက် ရုံးထုတ်ခဲ့သည်။

အဆိုပါ ရုံးချိန်တွင် တရားလိုအား စစ်ဆေးရန် ချိန်းဆိုထားသော်လည်း တရားလို လာရောက်ခြင်း မရှိသည့်အတွက် ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း၊ ထို့ပြင် စွပ်စွဲခံရသူ ဒေါက်တာ ဒေါ်မြတ်နုခိုင်အတွက် ဒုတိယအကြိမ် အာမခံ လျှောက်ထားခဲ့ရာ တရားရုံးမှ ထပ်မံ ပယ်ချခဲ့ကြောင်း သိရသည်။


“ဒီနေ့ ရုံးချိန်းမှာ တရားလိုကို သမ္မန်စာထုတ် ဆင့်ခေါ်ထားပေမယ့် တရားလို လာရောက်ခြင်း မရှိပါဘူး။ ပြီးတော့ ဒေါ်မြတ်နုခိုင်အတွက် ဒီရုံးချိန်းမှာ အာမခံ ထပ်လျှောက်ခဲ့တယ်။ ကိုယ်စားလှယ်လောင်း သက်သေခံကတ်ပြားတွေ၊ ကျန်းမာရေးဆိုင်ရာ အထောက်အထားတွေ တင်ပြီးတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၇(၁) အရ လျှောက်တယ်။ ဒါကို တရားရုံးက ၅၀၅(ခ)နဲ့အရ အာမခံပေးလို့ မရဘူးဆိုပြီး ပယ်ချတယ်။ ၄၉၇(၁)အရ ပေးမယ်ဆိုရင် ပေးဆိုပေးလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သေဒဏ်၊ တစ်သက်တစ်ကျွန်း ပေးလို့ရတဲ့ ပုဒ်မလည်း မဟုတ်ပါဘူး” ဟု ဒေါက်တာ ဒေါ်မြတ်နုခိုင်၏ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ၁၂ ဦးအား တင်ပြထားပြီး လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ဒေါက်တာ ဒေါ်မြတ်နုခိုင် အနေဖြင့် သူရဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်၏ အကြံပေး ဦးကိုကိုကျော်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေါက်တာ ဒေါ်မြတ်နုခိုင် အနေဖြင့် ကိုယ်စားလှယ်လောင်း လျှောက်ထားစဉ် အခါက စီအိုင်ဒီ၊ စရဖတို့မှ တောင်ငူတွင် အကြိမ်ကြိမ် စစ်ဆေးခဲ့သော်လည်း ဒီအမှုအား မတွေ့ခဲ့ကြောင်း၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆင်းသည့်အချိန်တွင် ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရသည့်အတွက် မိမိကိုယ်တိုင် နစ်နာသလို မဲဆန္ဒရှင် ပြည်သူတွေလည်း နစ်နာကြောင်း၊ ယခုကဲ့သို့ ကိုယ်စားလှယ်လောင်း တစ်ယောက်အား ဖမ်းဆီး တရားစွဲဆိုခြင်းသည် ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟု ထင်မြင်မိကြောင်း ဒေါက်တာ ဒေါ်မြတ်နုခိုင်က ပြောကြားသည်။

ဒေါက်တာ ဒေါ်မြတ်နုခိုင်အား ဒဂုံမြို့နယ် တရားရုံးတွင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ-၁၈၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၁၄၉၊ ပုဒ်မ-၁၅၂၊ ပုဒ်မ-၂၉၄၊ ပုဒ်မ-၃၅၃ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
Writer: 
မြင့်သူ၊ ပြည့်ဖြိုးအောင်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...