Skip to main content

`ဒေါ်အောင်ဆန်းစုကြည်နှင့် CBS ရုပ်သံ အမေးအဖြေ´


Zarni Htike's photo. ( CBS ရုပ်သံက အောက်တိုဘာ ၂၅ မှာ ထုတ်လွှင့်ခဲ့တဲ့ `The New Burma´ ရုပ်သံအစီအစဉ်ပါ သတင်းထောက် Bill Whitaker ရဲ့ တွေ့ဆုံမေးမြန်းချက်တွေကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ် )
...........
မေး။ ။ မြန်မာနိုင်ငံဟာ အခုဆိုရင် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီလို့ ခင်ဗျား ယုံကြည်ပါသလား။
ဖြေ။ ။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အတည်တကျမရှိသေးပါဘူး။ ကျမတို့အခုရောက်နေတာက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီရဲ့ လမ်းကြောင်းပေါ်မှာပါ။
မေး။ ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာ….
ဖြေ။ ။ ကျမအထင်တော့ စစ်အာဏာရှင်ခေါင်းဆောင်တွေ မြင်တဲ့ ဒီမိုကရေစီစနစ် လို့ ထင်ပါတယ်။
မေး။ ။ ခင်ဗျားရဲ့ ဒီမိုကရေစီအမြင်နဲ့ ကိုက်ညီရဲ့လား။
ဖြေ။ ။ နိုးနိုး။ လုံးဝမကိုက်ညီပါဘူး။


မေး။ ။ ခင်ဗျားက စိတ်ဓာတ်မာကျောတဲ့လူတစ်ယောက်ဆို။ ဟုတ်လား။
ဖြေ။ ။ ကျမဖြင့်ကိုယ့်ကိုယ်ကိုယ် သတ္တိကြီးလှပါချည်ရဲ့လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ ကျမငယ်ငယ်ကဆို အမှောင်ကိုကြောက်တတ်တယ်။ နောက်ပြီး ကြွက်သေတို့ ဘာတို့ဆိုလည်း ကျမ ကြောက်တတ်တာပဲ။ ဒါပေမယ့် ရင်ဆိုင်စရာရှိတာကိုတော့ ကျမရဲရဲရင်ဆိုင်ပါတယ်။ ကျမ တတ်နိုင်သမျှအကောင်းဆုံးလုပ်ဖို့ မျှော်လင့်ပါတယ်။
မေး။ ။ ခင်ဗျားကို ဒီမိုကရေစီရဲ့ သင်္ကေတတစ်ခုလို့ ကမ္ဘာအနှံ့ သဘောထားကြတာ ခင်ဗျားသိမှာပါ။
ဖြေ။ ။ နိုး နိုး။ ကျမကို သင်္ကေတတစ်ခုလို့အမည်တပ်တာ မကြိုက်ပါဘူး။ နောက်ပြီး စံပြတစ်ယောက်လို့ ခေါ်တာလည်း မကြိုက်ဘူး။ ပြောရရင် ကျမအနေနဲ့ အလုပ်ကို အင်မတန်မှကျားကုတ်ကျားခဲလုပ်ရပါတယ်။ ဒါကြောင့် ကျမကို အလုပ်ကြိုးစားသူတစ်ယောက်လို့ သိကြတာမျိုး ပိုလိုလားပါတယ်။ သင်္ကေတတွေ၊ စံပြတွေက အများကြီးတာသွားတယ်လို့ ကျမမထင်ပါဘူး။
မေး။ ။ ခင်ဗျားတို့ဆီမှာ အရေးကြီးတဲ့ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်နော်။ အဲဒီရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတမယ်လို့ ယုံကြည်သလား။
ဖြေ။ ။ယုံကြည်တယ်ဆိုတာ ကျမတို့ဆီမှာ အခုချက်ချင်းလိုအပ်နေတဲ့အရာလို့ ကျမ မထင်ပါဘူး။ ကျမထင်တာက ကျမတို့ဆီမှာအခုချိန်လိုအပ်နေတာက ရွေးကောက်ပွဲတွေ လွတ်လပ်တရားမျှတရအောင် တတ်နိုင်သမျှ ကြိုးစားပမ်းစား အလုပ်လုပ်ကြဖို့ပါပဲ။ ဒါကြောင့် အခုအချိန်က စိန်ခေါ်မှုတွေပြည့်နေတဲ့အချိန်ပါပဲ။ နောက်ပြီး စိန်ခေါ်မှုတွေဆိုတာ အခွင့်အလမ်းတွေလည်းဖြစ်ပါတယ်။
မေး။ ။ အခြေခံဥပဒေက အထူးသဖြင့် ခင်ဗျားကို သမ္မတမဖြစ်ရအောင် ရေးဆွဲထားတယ်လို့ ထင်ပါသလား။
ဖြေ။ ။ အို သိပ်ထင်တာပေါ့။ အဲဒီ စာပိုဒ်က ကျမကို ရည်ရွယ်ပြီးရေးထားတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ကျမပြောရဲပါတယ်။
မေး။ ။ ခင်ဗျား သမ္မတဖြစ်ချင်သလား။
ဖြေ။ ။ ကျမ ဖြစ်ချင်တာက ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ပြီ၊ ငါတို့ တကယ်ပဲအနိုင်ရလိုက်ပြီဆိုတဲ့ ခံစားချက်မျိုး ကျမတို့ပြည်သူတွေခံစားရစေ ချင်တာပါ။ ပြည်သူတွေက သူတို့အစိုးရရဲ့ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရပြီး ကျမကို ရွေးချယ်ဖို့ သူတို့ရွေးချယ်လိုက်ကြမယ်ဆိုရင်၊ ဒါဆိုရင် အဆင်ပြေပါတယ်။
(မွတ်စလင်အရေးနဲ့ပတ်သက်ပြီး ဖြေကြားပုံ)
……
ဖြေ။ ။ ဒီကိစ္စက စိတ်ဝင်စားစရာကောင်းတယ်။ ဘာလို့ဆိုတော့ ကျမက ဗုဒ္ဓဘာသာဝင်တွေကို အပြစ်မတင်လို့ဆိုပြီး ပြင်ကမ္ဘာက ကျမကိုဝေဖန်တယ်။ ပြည်တွင်းမှာကျပြန်တော့လည်း ကျမက မွတ်စလင်တွေကို အပြစ်မတင်လို့ဆိုပြီး ကဲ့ရဲ့ရှုတ်ချခံရပြန်တယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကျမက ဒီကိစ္စကို ချဉ်းကပ်ရာမှာ အချင်းချင်းသဟဇာတဖြစ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တည်ဆောက်ဖို့ ကျမတို့ ကြိုးစားနေတယ်ဆိုတဲ့ ရိုးရှင်းတဲ့ အချက်ပေါ်မှာပဲ အခြေခံချဉ်းကပ်လို့ပါပဲ။
မေး။ ။ ခင်ဗျားအခုပြောတာကို နားထောင်ရတာ နိုင်ငံရေးသမားလေသံပဲ။
ဖြေ။ ။ ကျမက အမြဲတမ်း နိုင်ငံရေးသမားတစ်ယောက်ပဲလေ။
မေး။ ။ နိုင်ငံရေးသမားတစ်ယောက်က ဒီနိုင်ငံကို စည်းလုံးညီညွှတ်အောင် ဘယ်လိုလုပ်မှာလဲ။
ဖြေ။ ။ ဒီအတွက်အဖြေက အင်မတန်မှရိုးရှင်းပြီး အင်မတန်မှလည်းခက်ခဲပါတယ်။ ယုံကြည်မှုပါပဲ။ ကျမတို့အနေနဲ့ မတူကွဲပြားတဲ့ ကျမတို့ရဲ့ တိုင်းရင်းသားမျိုးနွယ်အားလုံးကြားမှာ ယုံကြည်မှု မဖြစ်မနေတည်ဆောက်ရမှာပါ။
….
မေး။ ။ ခင်ဗျားစွန့်လွှတ်အနစ်နာခံခဲ့တာတွေ သိပ်များလွန်းနေပြီ။ နိုင်ငံအတွက် ခင်ဗျား အများကြီးစွန့်လွှတ်ပေးဆပ်ခဲ့တယ်။ ခင်ဗျားမိသားစုကိုတောင် စွန့်လွှတ်ခဲ့တယ်။ အဲသလို ဘာကြောင့် လုပ်ခဲ့တာလဲ။
ဖြေ။ ။ ဘာကြောင့်ဒီလိုလုပ်ခဲ့သလဲဆိုတော့ ကျမဒီလိုလုပ်ရမယ်လို့ ယုံလည်းယုံကြည်တယ်၊ ပြီးတော့ ဒီလိုလုပ်ချင်တဲ့ဆန္ဒလည်းရှိ လို့ပါ။ ဒါကြောင့် ဒါကို စွန့်လွှတ်အနစ်နာခံမှုတစ်ခုလို့ သတ်မှတ်သင့်တယ်လို့ ကျမ မထင်ပါဘူး။
မေး။ ။ ဒါ စွန့်လွှတ်အနစ်နာခံတာမဟုတ်ဘူးလို့ ဘာကြောင့်ပြောရတာလဲ။
ဖြေ ။ ။ ကောင်းပြီ။ ရှင်က တစ်ခုခုကို ယုံကြည်တဲ့အတွက် အဲဒါကိုလုပ်မယ်လို့ရွေးချယ်လိုက်တဲ့အခါ ဒါကို စွန့်လွှတ်အနစ်နာခံတယ်လို့ ရှင် ခေါ်နိုင်ပါ့မလား။
--------------------------
ကိုမိုးထက် ဘာသာပြန်ဆိုပါသည်။
ပုံ - CBSnews
Via . ကိုထွန်းဝေ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...