Skip to main content

သိန်းစိန် ဆက်တိုက်လုပ်ခဲ့တဲ့ အမှားများ

ဒီမိုကရက်တစ် ရဟန်းတော်များအသံ's photo.
(သူတို့သက်တမ်းကို လက်ချိုးရေတွက်လို့ ရပြီ)
နဝတ၊ နအဖခေတ်က သိန်းစိန်မှားခဲ့တာကို အသာထားပါ။ သိန်းစိန်ရေးခဲ့တဲ့ နာဂစ်ဖွဲ့စည်းပုံအရ ၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ မဲတွေ လိမ်ခဲ့တာကိုလည်း ခဏထားပါ။ လူမှားပြီး သမ္မတဖြစ်လာတာကိုလည်း ထည့်မတွက်ပါနဲ့။ သိန်းစိန် သမ္မတဖြစ်ပြီး အရင်က စစ်တပ်မှားခဲ့သလို မှားရိုးကျိုးနေတဲ့ အမှားတွေကို ဆက်မှားခဲ့ပါတယ်။

(၁) ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ဖျက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းကို အသွားမှာ လက်ပံတောင်းမှာ သံဃာတော်များကို ဗုံးဆွမ်းကပ်ခြင်းပါ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ကချင်ကို သွားတိုက်လို့ ဒေါ်စုက စစ်တပ်ငြိုငြင်မှာစိုးလို့ ကချင်ဘက်ကနေ ပြတ်ပြတ်သားသား မရပ်တည်ခြင်းကို ခွင့်ကောင်းယူပြီး ကချင်နဲ့ ဒေါ်စုကို သွေးကွဲအောင် ရန်တိုက်ပေးနိုင်ခဲ့တယ်။ လက်ပံတောင်းမှာလည်း ဒေါ်စုနဲ့ သူချစ်တဲ့ ပြည်သူတွေ သွေးကွဲစေဖို့ ကြံရွယ်ချက် ဖြစ်တယ်။ ဒါပေမဲ့ သိန်းစိန်တွက်ချက် မှားခဲ့ပါတယ်။ တကယ့်တကယ်မှာကျတော့ ပြည်သူတို့ရဲ့ တိုက်စစ်က ပြောင်းမသွားပါဘူး။ သိန်းစိန်တို့ကိုပဲ ဆက်ပြီးတော့ ပစ်မှတ်ထားခဲ့ကြပါတယ်။
(၂) တိုင်းရင်းသားတွေကို သွေးခွဲခြင်းပါ။ BGF ကို လက်မခံတဲ့ အဖွဲ့အစည်းတွေဟာ UNFC ဆိုတဲ့ အဖွဲ့မှာ စုမိကြပါတယ်။ ဒီ UNFC အဖွဲ့ဟာ ရန်သူပဲလို့ သတ်မှတ်ပြီး နည်းအမျိုးမျိုးနဲ့ ပြိုကွဲအောင် လုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲ။ MPC ဟာ အစိုးရနဲ့ စစ်တပ်တို့ရဲ့ လက်ကိုင်တုတ်အဆင့်မျှသာ ရှိတယ်။ NCA ကို ရအောင် ယူရင်း UNFC ကို ချောင်ထိုးထားဖို့ ကြံရွယ်ခဲ့တယ်။ UNFC ရပ်တည်ချက်ယိမ်းယိုင်အောင် KNU နဲ့ RCSS တို့ကို မဏ္ဍိုင်ပြုတဲ့ သွေးခွဲရေးစီမံချက်တစ်ခုပါ။ ဒီမှာလည်း သိန်းစိန်တို့က အတွက်အချက် မှားခဲ့ပါတယ်။ NCA ကို ဆွေးနွေးကတည်းက ဦးအောင်းမင်းတို့က ပျော့ကွက်ရှိတဲ့ အဖွဲ့တွေနဲ့ တိတ်တဆိတ် ချဉ်းကပ်နေခဲ့ပါတယ်။ ဒါပေမဲ့ အများစုကို သူ မစည်းရုံးနိုင်ခဲ့ပါဘူး။ EBO က ဟန်ယောင်ဝေနဲ့အတူ ကဏ္ဍခွဲပြီး လှုပ်ရှားခဲ့ပေမဲ့ ဒီလှုပ်ရှားမှုတွေကြောင့် အစိုးရအပေါ် တိုင်းရင်းသားတို့ရဲ့ ယုံကြည်မှု လျှော့နည်းလာခဲ့ရပါတယ်။
(၃) ဘာသာရေးအဓိကရုဏ်းကို ဖန်တီးခြင်းပါ။ ဒီဘာသာရေးအဓိကရုဏ်းဖန်တီးခြင်းဟာ NLD နဲ့ တိုင်းရင်းသားတို့ကို အဓိကပစ်မှတ်ထားပါတယ်။ ဘင်္ဂလီတွေနဲ့ မြန်မာမွတ်စလင်တွေက မြေဇာပင်တွေပါ။ အဓိကရုဏ်းစဖြစ်ဖို့ ပထမဆုံးနေ့မှာ သီတာထွေးနေ့ပါ။ ဒေါ်စုက ကရင်ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းကို ရောက်ရှိတဲ့ နေ့ပါ။ မုဒိမ်းမှု ဖြစ်တာက ရခိုင်ပြည်မှာပါ။ အမှန်မှာ သီတာထွေး အသတ်မခံရတုန်း တစ်နှစ်ကျော်မှာ နေပြည်တော်ရှိဧရာဝတီဆောင်ရှိ စစ်တပ်က မွတ်စလင်အယောင်ဆောင်ပြီး သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ သိန်းစိန်အစိုးရက ဒီမိုကရေစီစနစ်ကို မကြိုက်ပါ။ ဖွဲ့စည်းပုံပြင်ပေးဖို့လည်း စိတ်မကူးပါ။ အဓိကရုဏ်းဆိုတာ ဒီမိုကရေစီရန်သူပါ။ ဒါကြောင့် အဓိကရုဏ်းကို ဖန်တီးခြင်းဖြင့် ဒီမိုကရေစီဝါဒကို ပြက်ရယ်ပြုခဲ့ပါတယ်။ အဓိကရုဏ်းဖန်တီးမှုကြောင့် မဘသဆိုတဲ့ အဖွဲ့ကို သိန်းစိန်တို့ ရလိုက်ပါတယ်။ သံဃာကို ရရင် ပြည်သူတွေ ပါလာမယ်လို့ မျှော်လင့်ချက် ရှိခဲ့ပါတယ်။ ရွှေဝါရောင်ကြောင့် သိန်းစိန်နာမည်ပျက်ခဲ့တာကို အဖတ်ဆယ်ချင်တာလည်း ပါတာပေါ့။ ဒါကြောင့် ဘာသာရေးအဓိကရုဏ်းတွေကို အစိုးရက စနစ်တကျ စီစဉ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
(၄) နောက်အမှားတစ်ခုမှာ လက်ပံတန်းအကြမ်းဖက်မှု ဖြစ်တယ်။ ဒီအကြမ်းဖက်မှုကို မကျူးလွန်ခင် ကျောင်းသားတွေနဲ့ ညှိပါတယ်။ ညှိတဲ့နေရာမှာ ယုံကြည်မှုရှိဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေကိုလည်း အသုံးချခဲ့ပါတယ်။ သဘောတူညီချက်ကို ရခဲ့ပြီးမှ ပြန်ချိုးဖောက်ပြခြင်းဖြစ်တယ်။ ဒီလိုချိုးဖောက်တဲ့နေရာမှာ မဟနဆရာတော်များနဲ့ နပသက အကြံပြုချက်တွေကြောင့်လို့ ပုံမှားရိုက်ခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ ဒီဆန္ဒပြမှုနောက်ကွယ်မှာ အင်အားစုတစ်ခု ရှိနေပြီး ဒီအင်အားစုဟာ NLD နဲ့ USDP ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ ယူဆလို့ ဖြစ်တယ်။ ဒီကျောင်းသားတွေကို ဖြိုခွဲပြခြင်းဖြင့် မြန်မာနိုင်ငံဟာ သိန်းစိန်နဲ့ မအလတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်၊ ၈၈ အရေးတော်ပုံလိုကပဲ စစ်တပ်ရဲ့ ရပ်တည်ချက် မပြောင်းလဲသေးဘူးလို့ ပြည်သူတို့ကို အသိပေးချင်လို့ ဖြစ်တယ်။ ဒါပေမဲ့ သိန်းစိန်ရဲ့ တွက်ချက်မှားခဲ့ပါတယ်။ အခု သိန်းစိန်က ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဘာပဲလုပ်လုပ် လူတွေ အယုံအကြည်မရှိတော့ပါ။ ဒီမိုကရေစီပညာရေးအတွက် ဆန္ဒပြတဲ့ ကျောင်းသားတွေကို ထောင်ထဲထည့်ပြီး ရေဒီယို၊ ရုပ်မြင်သံကြားကနေ ဒီမိုကရေစီကတိတွေ ပေးနေတဲ့ သိန်းစိန်ဟာ ဘဝသေခဲ့ပြီဖြစ်တယ်။ သူဟာ နိုင်ငံရေးအရ လေဖြတ်ခဲ့ပြီ။
(၅) သိန်းစိန်ရဲ့ မှားယွင်းတဲ့ တွက်ချက်မှု နောက်တစ်ခုမှာ သူရရွှေမန်းကို စစ်တပ်အကူအညီနဲ့ ဖယ်ရှားတဲ့ ကိစ္စ ဖြစ်တယ်။ သိန်းစိန်က ရွှေမန်းကို ဖယ်ရှားလို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ခိုင်ဖြိုးပါတီကြားမှာတောင် လူကြိုက်များလာတာကို ဟန့်တားနိုင်မယ်လို့ တွက်ခဲ့ပါတယ်။ နောက်ပြီး NLD နဲ့ ရင်းရင်းနှီးနှီးဆက်ဆံတဲ့ ပုဂ္ဂိုလ်များကို မကြိုက်ကြောင်း အသိပေးလိုတာ ဖြစ်တယ်။ ဒါ ဘာကြောင့်လဲ။ သိန်းစိန်တို့က ဟန်ဆောင်ပန်ဆောင်ပြုပြင်ပြောင်းလဲရေးကို လုပ်ပြနေတာ ဖြစ်တယ်။ တကယ် ပြောင်းလဲလိုစိတ်မရှိပါဘူး။ ဒီလိုဟန်ဆောင်ပန်ဆောင် ပြောင်းလဲတဲ့လမ်းကနေ ခွဲထွက်ပြီး အသင့်အတင့် ပြောင်းလဲလိုတဲ့ ရွှေမန်းကို ဖယ်ထုတ်ပြတာဟာ သိန်းစိန်နဲ့စစ်တပ် အတူတူ ရှိနေတယ်၊ သိန်းစိန်အစိုးရဟာ ဖွဲ့စည်းပုံပြင်ရေးကို လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ ပြည်သူတို့က သိရှိစေပါတယ်။ ဒီလိုသိရှိစေခြင်းဟာ သိန်းစိန်ရဲ့အမှား ဖြစ်တယ်။ ပြည်ခိုင်ဖြိုးပါတီမှာ မတည်မငြိမ် ဖြစ်စေပြီး ပြည်သူတို့ရဲ့ ယုံကြည်မှုကို သုညအောက်သို့ အနုတ်လက္ခဏာပြခဲ့ပါပြီ။ အခုရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးတို့ အကြီးအကျယ်ရှုံးပါလိမ့်မယ်။
(၆) သိန်းစိန်အမှား နောက်တစ်ခုကိုလည်း အစဖော်ပေးပါ့မယ်။ UNFC ကို သွေးကွဲအောင် လုပ်ရာကနေ NCCT ကို အကွဲအကွဲတွေနဲ့ နှာခေါင်းသွေးထွက်အောင် လုပ်ပစ်ခြင်းဖြစ်တယ်။ အဖွဲ့တွေအားလုံးကို ပါဝင်ခွင့် မပေးဘူး၊ ပါဝင်စေချင်တဲ့ အဖွဲ့တွေကိုပဲ ပါဝင်ခွင့်ပေးကြောင်း အသိပေးခဲ့တယ်။ အခု NCA ကို အဖွဲ့ (၈)ဖွဲ့နဲ့ပဲ လက်မှတ်ထိုးခဲ့ပါပြီ။ ဘာကြောင့် အဲ့လိုလုပ်ရသလဲ။ သိန်းစိန်အစိုးရမှာ ပြည်တွင်းစစ်ကို အမှန်တကယ် ပြီးဆုံးစေလိုတဲ့ စေတနာ မရှိပါဘူး။ ပြုပြင်ပြောင်းလဲရေးကို ဟန်လောက်ပဲ လုပ်ချင်သလို ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း နိုင်ငံတကာကို ပြစားနိုင်ရုံလေး၊ မဲဆန္ဒတွေကို မျက်လှည့်ပြလိုရုံလေးသာ လုပ်လိုပုံရပါတယ်။ ဒီနေရာမှာလည်း သိန်းစိန်က အတွက်မှားခဲ့ပါတယ်။ သူတို့စီစဉ်တာကို KNU နဲ့ RCSS တို့နဲ့အတူ CNF နဲ့ PNLO တို့ပဲ လက်ခံခဲ့ပါတယ်။ အပစ်ရပ်ရေးကို ထင်ရှားတဲ့ ခေါင်းဆောင်တွေ တက်မလာဘဲ ဝတ်ကျေတန်းကျေ တက်လာတဲ့ ဒုတိယတန်းစားခေါင်းဆောင်တွေပဲ တက်ရောက်လာကြတာကို တွေ့ရပါတယ်။ ဒီလိုတဇောက်ကန်းလုပ်လိုက်ခြင်းဖြင့် MPC အနေနဲ့ NCA ကို ပြက်ရယ်ပြုမိရာ ရောက်ခဲ့လို့ အစိုးရသက်တမ်း မကုန်ခင်မှာပဲ သူတို့သက်တမ်းက စေ့သွားခဲ့ပြီဖြစ်တယ်။
(၇) သိန်းစိန်အမှားက အဲ့မှာ ရပ်မသွားပါဘူး။ အခု SSPP/SSA-N ရှမ်းပြည်တိုးတက်ရေးပါတီကို စစ်ရေးအရ ဖိအားပေးနေခြင်းပါ။ NCA ကို လက်မှတ်ထိုးသွားတဲ့ (၈)ဖွဲ့က မေတ္တာရပ်ခံတဲ့ကြားက မျက်နှာပြောင်တိုက်ပြီး SSPP ကို သွားတိုက်ခြင်းဖြစ်တယ်။ ဘာကြောင့်ပါလိမ့်။ NCA ကို ငြင်းဆိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မအလက စစ်ရေးအရ SSPP ကို ချေမှုန်းချင်လို့ ဖြစ်တယ်။ SSPP ရှမ်းမြောက်တပ်မတော်ဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာ အခါခါ လက်မှတ်ထိုးဖူးတဲ့ အဖွဲ့ ဖြစ်တယ်။ ပြည်မမီဒီယာတွေမှာ "ရှမ်းမြောက်တို့က တပ်မတော်နယ်မြေကို ကျူးကျော်"လို့ ဆိုပြီး အကြောင်းပြပေမဲ့ ဘယ်ရှမ်းတပ်မတော်ကမှ သူတို့နယ်မြေကနေ ထွက်ခွာခဲ့ကြခြင်းမရှိပါဘူး။ အမှန်မှာ BGF အစီအစဉ်ကို လက်မခံလို့ KIA ကို တိုက်သလို NCA ကို အားလုံးပါမှ လက်မှတ်ထိုးမယ်ပြောတဲ့ ရှမ်းမြောက်ကို KIA ကို တိုက်ခဲ့သလို လာတိုက်ခြင်းဖြစ်တယ်။ ဦးအောင်မင်းက လက်မှတ်မထိုးလည်း မတိုက်ပါဘူးဆိုတဲ့ကတိကို ချက်ချင်းဖောက်ဖျက်ပြခြင်းဖြစ်တယ်။ နောက်တစ်ခု UWSA နဲ့ အခြားတိုင်းရင်းသားတွေ နယ်မြေချင်းထိစပ်နေတာဟာ UWSA ကို ကိုင်တွယ်ဖို့ အခက်အခဲ ရှိနေပါတယ်။ ဒါကြောင့် UWSA ဝပြည်တပ်မတော်ကို ထောက်ထားလို့ ရတဲ့ ပွိုင့်တွေကို တပ်မတော်က သိမ်းပိုက်ထားလိုပါတယ်။ တချိန်ထဲမှာ KIA, TNLA, AA, MNDAA, SSPP တို့ကို အချိန်မရွေး နောက်ဆုံးချေမှုန်းရေးတိုက်ပွဲဆင်နွှဲလို့ ရအောင်လည်း မအလတို့က မဟာဗျူဟာအခင်းအကျင်းတစ်ခုကို ဖော်ဆောင်ချင်ပါတယ်။ ဒါပေမဲ့ သိန်းစိန်နဲ့မအလတို့က အမှားကြီးမှားပါတယ်။ UNFC က ငြိမ်းနေခြင်းမှာ လုပ်စရာမရှိလို့ မဟုတ်ဘဲ သိန်းစိန်တို့ အင်မတန်ကြောက်နေတဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို ငဲ့ညှာနေလို့ ဖြစ်တယ်။ လက်ရှိအစိုးရတပ်ထိုးစစ်ကို ဝတို့ကလည်း စောင့်ကြည့်နေပါတယ်။ NCA ထဲ ဝတွေ လက်မှတ်ထိုးဖြစ်အောင် MPC က ကြိုးစားနေခြင်းမှာလည်း ဝတို့ကို ပေးထားတဲ့အခွင့်အရေးတွေကို ပြန်ရုပ်သိမ်းချင်လို့ ဖြစ်တယ်။ ဒါကြောင့် လက်ရှိအနေအထားအရ UWSA တို့ကို UNFC နဲ့ နီးစပ်သွားအောင် တွန်းပို့စေသလို ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ကို သက်တမ်းတိုးစေတဲ့ သိန်းစိန်တို့လုပ်ဆောင်ချက်သာ ဖြစ်တယ်။
ဒီတော့ လက်ပံတောင်းပြဿနာ၊ လက်ပံတန်းပြဿနာ၊ ဖွဲ့စည်းပုံပြင်ရေးပြဿနာ၊ ဘာသာရေးပြဿနာ၊ တိုင်းရင်းသားပြဿနာ၊ သယံဇာတပြဿနာ စတဲ့ ပြဿနာပေါင်းစုံကို ဖန်တီးနေတဲ့ သိန်းစိန်ဟာ ရေဒီယိုကနေ ဘာကတိပဲပေးပေး၊ ရုပ်မြင်သံကြားကနေ ဘာအာမခံချက်ပဲပေးပေး၊ မြန်မာ့အလင်းနဲ့ကြေးမုံတို့မှာ ဘယ်လောက်ပဲမဲဆွယ်ဆွယ်၊ သူတို့နဲ့ သူတို့အပေါင်းအပါတွေက ဘယ်လောက်ပဲဝါဒဖြန့်ဖြန့် သူတို့ဟာ ငြိမ်းချမ်းရေးကို လိုလားကြသူများ မဟုတ်၊ သူတို့ဟာ တိုင်းပြည်ဖွံ့ဖြိုးရေးကို လိုလားကြသူများမဟုတ်၊ သူတို့ဟာ ပြုပြင်ပြောင်းလဲရေးကို တကယ်လိုလားကြသူများမဟုတ်၊ သူတို့ဟာ အာဏာရှင်တစ်စုကိုသာ အကာအကွယ်ပေးကြသူများဖြစ်ကြောင်း ပြည်သူတို့က သိရှိနားလည်ကြပြီဖြစ်တယ်။ သူတို့ မဲရဖို့ မလွယ်တော့ပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုသာ ဖြစ်ခဲ့ပါက သူတို့သက်တမ်းဟာ လက်ချိုးရေတွက်လို့ ရနေပါပြီ။ ဝမ်းနဲ့လေ ရောပါတတ်သလို သူတို့ကို ထောက်ခံနေတဲ့ အဖွဲ့အချို့နဲ့ ပုဂ္ဂိုလ်ကျော်အချို့လည်း မကြာခင်မှာပဲ ဇာတ်သိမ်းရဖွယ် ရှိနေပါတယ်။ တကယ်လို့ ကိုယ့်အမှားကို တာဝန်ယူတဲ့ အစိုးရမျိုးဆိုရင် သိန်းစိန်က နောက်သမ္မတသက်တမ်းကို မှန်းနေမှာမဟုတ်ပါ။ ကိုယ့်ဟာကိုယ် ဝန်ခံပြီး နုတ်ထွက်ပေးဖို့ပါပဲ။
---------------------------------
ရေးသားသည့် ဆရာတော် = ဆရာတော် ဦးရာဝိက

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video