Skip to main content

လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများ မကြာမီထပ်မံကြေညာမည်

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသအချို့တွင် လုံခြုံရေးအခြေ အနေကြောင့် ရွေးကောက်ပွဲကျင်း ပနိုင်တော့မည် မဟုတ်ကြောင်း ကြေညာချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မ ကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအနှံ့ ကျေးရွာ အုပ်စုပေါင်း ၄၀၀ ကျော်၌ လုံခြုံ ရေးအခြေအနေအရ ရွေးကောက် ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့်ကြေညာထားသည်။
သို့သော်လတ်တလောအခြေအနေအရ ရှမ်းနှင့် ကချင်ပြည်နယ်တွင် ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် ဒေသအချို့၌ ရွေးကောက်ပွဲကျင်း ပနိုင်ဖွယ်မရှိတော့ဘဲ ထပ်မံကြေ
ညာပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။
‘‘ကျွန်တော်တို့ စိစစ်ပြီး မကြာခင်ထုတ်ပြန်ဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ မေးထားတယ်။ အထူးသဖြင့် ရှမ်းပြည်ဘက်ကပေါ့။ သူတို့ဘက်က အခြေအနေကို စောင့်ကြည့်နေတယ်။ အချိန်ကပ်လာပြီဆိုရင်တော့ ကျွန်တော်တို့လည်း ထုတ်ပြန်ပေးရတော့မှာပေါ့’’ ဟု ဦးသောင်းလှိုင်က ပြောသည်။ ဦးသောင်းလှိုင်က အောက်တိုဘာ ၂၇ ရက်နှင့် ၂၈  ရက် တစ်ရက်ရက်တွင် ထုတ်ပြန်ကြေညာမည်ဟု ဆိုသည်။
ရွေးကောက်ပွဲ ကျင်းပရန် ဆယ်ရက်ကျော်သာလိုတော့ချိန်  ၌ ယခုကဲ့သို့ ရွေးကောက်ပွဲမကျင်းပနိုင်သည့်ဒေသများ ထပ်မံကြေညာမည်ဆိုသည့်အပေါ် တိုက်ပွဲဖြစ်နေသည့် ဒေသများမှ နိုင်ငံရေးပါတီများနှင့် ဒေသခံများက ဝေဖန်ကန့်ကွက်ကြသည်။
မြန်မာ့တပ်မတော်နှင့် ရှမ်း ပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)တို့ တိုက်ပွဲဖြစ်ပွား နေသည့် ရှမ်းပြည်နယ် အရှေ့ မြောက်ဘက်ရှိ မိုင်းရှူး၊ ကျေးသီး မြို့တို့တွင် ရွေးကောက်ပွဲဝင်ပြိုင် မည့် ရှမ်းအမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ‘‘ကျွန်တော်တို့ စည်းရုံးရေးဆင်း နေတဲ့သူတွေက ပုံမှန်ဆင်းနေတာ ပဲ။ ရွေးကောက်ပွဲမကျင်းပနိုင်ဘူး လို့ ကြေညာခဲ့ရင် SNLD ရဲ့ သေ ချာပေါက်နိုင်မယ့် နေရာတွေကို တမင်ရွေးလုပ်တာပဲ။ လူထုမှာ တ အားနစ်နာမှာပါ။ ကန့်ကွက်ပါ တယ်’’ဟု ဆိုသည်။
တိုက်ပွဲများကြောင့် စစ်ရှောင်နေသူများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသည့် ရှမ်းလူမှုအဖွဲ့အစည်းကွန်ရက်မှ စိုင်းဆိုင်မိန်းကလည်း အမှန်တကယ်တိုက်ပွဲဖြစ်နေသည်မှာ ကျေးသီးမြို့နယ်အစွန်အဖျားကျေးရွာအချို့တွင်သာဖြစ်၍ လုံခြုံရေးအ ကြောင်းပြကာ ရွေးကောက်ပွဲမကျင်းပနိုင်ဟု ပြောကြားနေသည်မှာ ဒေသခံတစ်ဦးအနေဖြင့် လက် သင့်မခံနိုင်ကြောင်း ပြောသည်။
လက်ရှိအခြေအနေတွင် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မ တော်မြောက်ပိုင်း (SSPP/SSA) တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် နေရာမှာ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ အနီးဝန်းကျင်တွင် ဖြစ်သည်။
မိုင်းနောင်မြို့ဒေသခံများအပြင် ဒေသအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများပါ စိုးရိမ်ထိတ်လန့်နေကြသောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မြေပြင်အခြေအနေများ တင်ပြထားသည်ဟု လွိုင်လင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်က ပြောသည်။
ကျေးသီးမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ ဒေသခံ ငါးသောင်းခန့်ရှိသည်ဟု လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video