1,000 Million Strong For Daw Aung San Suu Kyi in 2015 12 မေ 2014 · နေပြည်တော် တည်ဆောက်ရေး ကုန်ကျစရိတ် မေးမြန်းချက်အပေါ် ဦးရဲထွဋ်မှ ဖြေကြားရန် ငြင်းဆန်လိုက်ပြီး နေပြည်တော် တည်ဆောက်ရေး ကုန်ကျစရိတ်များနှင့်ပတ်သတ်၍ စုံစမ်းနေသောသတင်းထောက်များရှိပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက် (နေပြည်တော် သတင်းရပ်ဝန်း) (သတင်းထောက်) ဦးရဲထွဋ်ခင်ဗျား နေပြည်တော် တည်ဆောက်ရေး နဲ့ ပတ်သတ်ပြီး အရင် အစိုးရကရော အခုအစိုးရကပါ ကုန်ကျ စရိတ် ဘယ်လောက်ရှိသလဲဆိုတာ တစ်ခါမှ ထုတ်ဖော် ပြောကြားတာမတွေ့ရပါဘူး ၊ အဲဒါ နဲ့ ပတ်သတ်လို့ ဦးရဲထွဋ် အနေနဲ့ (ဦးရဲထွဋ်) ကျနော့် အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘာမှပြောစရာမရှိပါဘူး ၊ (သတင်းထောက်) ဒီလိုပါ ဦးရဲထွဋ်ခင်ဗျား ၊ ပြည်သူတွေက ဒီ နေပြည်တော် ဆိုတဲ့ စီမံကိန်းကို ဘယ်သူတာဝန်ခံ ဆုံးဖြတ်ခဲ့တာလဲ ၊ ပိုက်ဆံတွေ ဘယ်လောက်ကုန်သွားသလဲ ၊ တန်ရာတန်ကြေးကုန်တာ ဟုတ်ရဲ့လား စသဖြင့် သိချင်နေကြပါတယ် ၊ တရားဝင် တိတ်ကျကျ ထုတ်ပြန်ထားတာတွေ ဘာမှ မရှိဘူးဆိုတော့ ပြည်သူတွေ ကြားမှာ မလိုလားအပ်တဲ့ ကောလဟာလတွေ ဖြစ်နေမှာစိုးလို့ပါ ၊ (ဦးရဲထွဋ်) ကျနော့်အနေနဲ့ ဘာမှ ပြောစရာမရှိဘူးလို့ပဲ ထပ်...