Skip to main content

“ဦးသိန်းညွန့်က စကိုင်းနက်အကျိုးစီးပွားကို အကာအကွယ် ပေးချင်တာလား၊ ရုပ်သံမီဒီယာကို အမှောင်ချချင်တာလား” မတ် ၂၀

ပြီးခဲ့တဲ့မတ်လ ၁၈ ရက်အစည်းအဝေးမှာ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်က ပြည်ပကနေ တင်သွင်းလာပြီး ပြည်တွင်းမှာ ပြည်သူတွေ တပ်ဆင်ကြည့်ရှုနေကြတဲ့ ရှစ်ပေစလောင်း၊ အနက်ရောင်နဲ့ လိမ္မော်ရောင် ဂြိုဟ်တုစလောင်းတွေကို ဘယ်လို ဖမ်းဆီးအရေးယူပေးနိုင်မလဲ ဆိုတဲ့မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ သူ့မေးခွန်းမှာ ပါတာက အဲဒီဂြိုဟ်တုစလောင်းတွေဟာ ခိုးသွင်းလာတာတွေ ဖြစ်တယ်။ ပြည်သူတွေ အဲဒီစလောင်း တွေကို ကြည့်ကြတဲ့အတွက် ပြည်တွင်းမှာ တရားဝင် ရင်းနှီးမြှုပ်နှံမှုပြုပြီး လုပ်ကိုင်နေတဲ့ စကိုင်းနက်လို ကုမ္ပဏီတွေ နစ်နာ နေတယ်။ အဲဒါကို အကာအကွယ်ပေးဖို့ လိုအပ်တယ်ဆိုပြီး မေးသွားတာပါ။ မြန်မာနိုင်ငံက ရုပ်သံထုတ်လွှင့်ခွင့်၊ ပြည်သူတွေရဲ့ သတင်းအချက်အလက် ရပိုင်ခွင့်အခြေအနေ
ဘယ်လိုရှိနေသလဲ၊ အဲဒီလိုစလောင်းတွေကို ဦးသိန်းညွန့်က ဘာကြောင့် ဖမ်းခိုင်းရသလဲ၊ ဒါဟာ ဖြစ်သင့်ပါသလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။ ဦးသိန်းညွန့်ရဲ့ မေးခွန်းကိစ္စ မပြောခင် လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အကြောင်း အရင်ရှင်းပြဖို့ လိုပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ မတိုင်ခင်အထိ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် လုံးဝမရှိပါ ဘူး။ ရုပ်သံ၊ ရေဒီယို၊ ပုံနှိပ်စာနယ်ဇင်း၊ အင်တာနက် အားလုံးကို စစ်အာဏာရှင်အစိုးရက အပြည့်အဝ ထိန်းချုပ်ဖိနှိပ်ထား ပါတယ်။ ၂၀၁၁ အစိုးရ အကူးအပြောင်းမတိုင်ခင် ကာလမှာတော့ အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီသူဌေးကြီးတချို့ကို ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အထူးသဖြင့် ရုပ်သံထုတ်လွှင့်ခွင့်ကို MRTV-4 ထုတ်လွှင့်တဲ့ ဖော်အဲဗား ဂရု(ပ်)နဲ့ ရွှေသံလွင်ရဲ့ စကိုင်းနက်ကုမ္ပဏီကို အခွင့်ထူး လုပ်ကိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ အဲဒီလို သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ထားတဲ့ကာလမှာ ပြည်သူတွေဟာ ပြည်ပထုတ် လွှင့်တဲ့ ရေဒီယိုလိုင်းတွေနဲ့ ပြည်ပက ထုတ်လွှင့်ပြီး ဂြိုဟ်တုစလောင်းနဲ့ ဖမ်းယူရတဲ့ ရုပ်သံလိုင်းတွေကို အားကိုးကြည့်ရှုခဲ့ကြ ရပါတယ်။ သတင်းမှန်တွေ သိရဖို့ လန်ဒန်အခြေစိုက် ဘီဘီစီ၊ အမေရိကန် ဝါရှင်တန်အခြေစိုက် ဗီအိုအေနဲ့ အာရ်အက်ဖ်အေ ရေဒီယိုအသံလွှင့်ချက်တွေကို ပြည်သူတွေ နားထောင်ခဲ့ရပါတယ်။ ရုပ်သံထုတ်လွှင့်မှုနဲ့ ပတ်သက်ပြီး နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗီဘီက ထုတ်လွှင့်တာကို ရှစ်ပေ စလောင်း ဂြိုဟ်တုလိုင်းကနေတစ်ဆင့် ကြည့်ခဲ့ကြရတာပါ။ ဒါပေမဲ့လည်း ပြည်သူတွေဟာ ရှစ်ပေစလောင်းဂြိုဟ်တုတွေကို ကောင်းကောင်းကြည့်ခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး။ ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ မကြာခဏထုတ်ပြီး ခြိမ်းခြောက်လိုက်၊ ရောင်းချတဲ့နေရာတွေကို ဖမ်းဆီးပြလိုက်လုပ်ရင်း အဲဒီလိုခြိမ်းခြောက်မှုတွေကြားကနေ ကြည့်ရှုခဲ့ရတာပါ။ အားလုံး မှတ်မိကြပါလိမ့်ဦးမယ်။ ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင် သံဃာ့အရေးအခင်းဖြစ်ပွားခဲ့ပြီး ဒီဗီဘီရုပ်သံ ထုတ်လွှင့် မှုကြောင့် တစ်ကမ္ဘာလုံးက စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို မြင်တွေ့ခဲ့ကြရပါတယ်။ ပြည်တွင်းက ပြည်သူတွေလည်း ရှစ်ပေစလောင်း ဒီဗီဘီရုပ်သံထုတ်လွှင့်မှုတွေကနေတစ်ဆင့် စစ်အစိုးရရဲ့လုပ်ရပ်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ကြ ရပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကို နာဂစ်မုန်တိုင်းကြီး ဝင်ရောက်တိုက်ခတ်ပါတယ်။ နာဂစ် မုန်တိုင်းဟာ လူ့အသက်နဲ့ အဆောက်အအုံ ရုပ်ဝတ္ထုတွေကို ဖျက်ဆီးပစ်လိုက်ရုံမက ဒီဗီဘီထုတ်လွှင့်ချက်တွေကို ကြည့်နိုင် တဲ့ ခေါင်မိုးတွေပေါ်က ရှစ်ပေစလောင်း အတော်များများကိုလည်း ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ အခွင့်ကောင်းရသွားတဲ့ စစ်အာဏာရှင်တွေဟာ ရှစ်ပေစလောင်းပျက်စီးသွားတဲ့ ပြည်သူတွေ ပြန်လည်တပ်ဆင်မှု မလုပ်နိုင်အောင် ဘားလမ်းနဲ့ မြို့လယ်က ဂြိုဟ်တုစလောင်းရောင်းတဲ့ဆိုင်တွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးပြလိုက်ပြီး စလောင်း ပြန်လည်တပ်ဆင်မှုကို တားဆီးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၁ သမ္မတဦးသိန်းစိန် အစိုးရတက်လာတဲ့အခါ မီဒီယာလွတ်လပ်ခွင့်ပေးမယ် ပြောပါတယ်။ အစိုးရက ပိုင်ထားတဲ့ မီဒီယာလုပ်ငန်းတွေကို အများပြည်သူဝန်ဆောင်မှုခေါင်းစဉ်အောက် ပြောင်းမယ်ဆိုပြီး အစီအစဉ်တွေ လုပ်ပြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပုံနှိပ်စာနယ်ဇင်းကိုပဲ လွတ်လပ်ခွင့်ပေးပြီး ရုပ်သံနဲ့ ရေဒီယိုထုတ်လွှင့်ခွင့်ကိုတော့ ဥပဒေမရှိသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်ပြီးထိန်းချုပ်ထားဆဲ။ အရင်စစ်အာဏာရှင်တွေက ခွင့်ပြုထားတဲ့ ခရိုနီ တစ်စုကိုပဲ ဆက်ပြီးလုပ်ကိုင်ခွင့် ပေးထားဆဲဖြစ်ပါတယ်။ အစိုးရသက်တမ်း လေးနှစ်ရှိလာသည့်တိုင် ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့် အခြား ဘယ်တစ်စုံတစ်ယောက်ကိုမှ ခွင့်ပြုမပေးသေးပါဘူး။ အခြားတစ်ဖက်မှာတော့ အမေရိကန် ဝါရှင်တန်အခြေစိုက် ဗီအိုအေနဲ့ အာရ်အက်ဖ်အေတို့ဟာ အရင်လို ရေဒီယို တစ်ခုတည်းမဟုတ်ဘဲ ရုပ်သံရိုက်ကူးမှုတွေလုပ်လာပြီး အဲဒီဒီဗီဘီ ဖမ်းယူကြည့်ရှုနိုင်တဲ့ ရှစ်ပေစလောင်းတွေကနေပဲ လွှင့်ထုတ်နေတာ တွေ့လာရပါတယ်။ အခြားတစ်ဖက်မှာလည်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံက ပြည်သူတွေ သူတို့ထုတ်လုပ်လိုက်တဲ့ လိမ္မော်ရောင်နဲ့ အနက်ရောင် နှစ်ပေဗန်းတွေ ဝယ်ယူအောင်နဲ့ ကြည့်ရှုအောင် ဒီဗီဘီရုပ်သံလိုင်းကိုပါ ထည့်သွင်းထုတ် လွှင့်တာ လုပ်လာပါတယ်။ ဈေးနှုန်းကလည်း ဗန်းတပ်ဆင်ခ အပြီးအစီး ကျပ် သုံးသောင်းကျော် လေးသောင်းအောက်မို့ ပြည်သူအများအပြား တပ်ဆင်ကြည့်ရှုကြပါတယ်။ အဓိကကတော့ ဒီဗီဘီရုပ်သံလွှင့်ချက်တွေကို ကြည့်ရှုဖို့ပါ။ ဒီလိုအခြေအနေ ဖြစ်လာရတာကလည်း အစိုးရရဲ့ မီဒီယာလက်ဝါးကြီးအုပ်ထားမှုကနေ ပေါ်ပေါက်လာတာ ဖြစ်ပါ တယ်။ တကယ်လို့သာ ဦးသိန်းညွန့် ပြောသလို ရှစ်ပေစလောင်းနဲ့ နှစ်ပေစလောင်းတွေကို အကြီးအကျယ် ဖမ်းဆီးနှိပ်ကွပ် ပယ်ထုတ်လိုက်မယ်ဆိုရင် ပြည်သူတွေဟာ အရင်စစ်အာဏာရှင်ခေတ်ကထက် ဆိုးပြီး ရုပ်သံသတင်း အမှောင်ကျသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ ဦးသိန်းညွန့်က ရင်းနှီးမြှုပ်နှံမှု အများကြီးလုပ်ထားတဲ့ စကိုင်းနက်လို ကုမ္ပဏီတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့တင်မက အဲဒီနှစ်ပေစလောင်းတွေထဲမှာ ဘာသာရေးအစွန်းရောက် ချယ်နယ်လိုင်းတွေလည်း ပါဝင်နေတဲ့အကြောင်း၊ ဒါကြောင့် အဲဒီစလောင်းတွေကို ဘယ်လိုဖမ်းဆီးအရေးယူပေးမလဲဆိုပြီး မေးခဲ့တာပါ။ ဒီပြဿနာ ပြန်ဖြေတာက ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းပါ။ သူကတော့ သွင်းကုန်လုပ်ထုံး လုပ်နည်းတွေအတိုင်း အရေးယူမယ့်အကြောင်း၊ အဲဒီလိုင်းတွေမှာ ဘာသာရေးအစွန်းရောက် ချယ်နယ်တွေ၊ နိုင်ငံတော်လုံခြုံ ရေးကို ထိခိုက်စေတာတွေ ပါခဲ့ရင် အရေးယူမယ်ဆိုပြီး ဖြေသွားခဲ့ပါတယ်။ ကံအားလျော်စွာပါပဲ။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကို ပြန်ရုပ်သိမ်းဖို့ လွှတ်တော်ထဲရောက်နေတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း အဲဒီနှစ်ပေစလောင်းတွေထဲမှာ ညစ်ညမ်းတာတွေ၊ လောင်းကစားလိုင်းတွေ၊ ဘာသာ ရေးအစွန်းရောက်လိုင်းတွေ ပါနေတဲ့အကြောင်း၊ ဒါကြောင့် ပြန်ကြားရေး၊ ဆက်သွယ်ရေး၊ ပြည်ထဲရေး၊ စီးပွား/ကူးသန်း ဝန်ကြီးဌာန လေးခုပေါင်းပြီး အရေးယူသွားမယ့်အကြောင်း တက်တက်ကြွကြွ ပြောသွားပါသေးတယ်။ အားလုံးကို ခြုံငုံပြီးပြောရရင် ဦးသိန်းညွန့်ရဲ့ တင်ပြချက်ဟာ စကိုင်းနက်လို အခွင့်ထူးခံ၊ ခရိုနီကုမ္ပဏီကြီးရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မေးမြန်းတာဖြစ်ပေမယ့် တကယ့်အနှစ်သာရကတော့ ရုပ်သံသတင်းမီဒီယာ အမှောင်ချဖို့ ဖြစ်နေ ပါကြောင်း၊ အဲဒီလို ရှစ်ပေစလောင်းတွေ၊ နှစ်ပေစလောင်းတွေကို ဖမ်းဆီးအရေးယူခဲ့မယ်ဆိုရင် အရင်စစ်အစိုးရခေတ်က ထက် ဆိုးတဲ့ ရုပ်သံအမှောင်ချမှု ဖြစ်လာမှာ အသေအချာပဲဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့် 

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video