Skip to main content

“မိခင် ဘာသာစကားနဲ့ သင်ကြားဖို့ လိုသလား” ၊ မတ် ၁၀

လက်ရှိ အမျိုးသားလွှတ်တော်ထဲ ရောက်သွားပြီဖြစ်တဲ့ “အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နဲ့ ပါတ်သက်ပြီး လွှတ်တော် ဥပဒေကြမ်းကော်မတီဟာ မကြုံစဖူးကြားနာပွဲတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ ကြားနာပွဲမှာ လာရောက် ထွက်ဆိုကြတဲ့အထဲ နိုင်ငံရေးပါတီ တာဝန်ရှိသူတွေလည်း ပါဝင်ပြီး တိုင်းရင်းသား ပါတီတွေလည်း ပါဝင်ကြပါတယ်။ ထူးခြားတာ တစ်ခုက အဲဒီ တိုင်းရင်းသားပါတီ တာဝန်ရှိသူတွေဟာ ဥပဒေကြမ်းထဲမှာ ပါတဲ့ အခြေခံပညာ မူလတန်း အဆင့်မှာ တိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်မိခင် ဘာသာစကားနဲ့ သင်ကြားရေး၊ သင်ယူရေးအချက်ကို ထောက်ခံကြခြင်းပါ။ လေးပွင့်ဆိုင် ဆွေးနွေးပြီး တင်လိုက်တဲ့ ပြင်ဆင်ချက် ဥပဒေကြမ်းမှာ အဲဒီအချက် ဘယ်လို ဖော်ပြထားသလဲ၊
တချို့က ဘယ်လို ကန့်ကွက် သလဲ၊ တိုင်းရင်းသားပါတီတွေက ဘာလို့ ထောက်ခံကြသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းမှာ ခုလို ဖော်ပြထားပါတယ်။ အခန်း(၄) ဒီမိုကရေစီ ပညာရေး လွတ်လပ်ခွင့်ကို အာမခံခြင်း ခေါင်းစဉ်အောက်မှာ - “(င) သင်ကြားရေးတွင် ဘာသာစကား သုံးမျိုးစနစ်ဖြစ်သော မိခင်ဘာသာစကား၊ မြန်မာဘာသာစကား၊ အင်္ဂလိပ် ဘာသာစကားတို့ကို အသုံးပြု သင်ကြားမည်။ (ကက) မိခင်ဘာသာစကားကို ရွေးချယ်အသုံးပြုရန် ကျောင်းအလိုက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ခွင့် ရှိသည်။ (ခခ) မိခင်ဘာသာစကားတစ်ခုကို ရွေးချယ်ပြီးပါက မြန်မာစာနှင့် အင်္ဂလိပ်စာကို ဒုတိယ ဘာသာစကား လေ့လာနည်းများ အဖြစ် အသုံးပြုပြီး ကျန်ဘာသာရပ်များကို မိခင်ဘာသာစကားအဖြစ် သင်ကြားသင်ယူခွင့် ရှိသည်။ (ဂဂ) တိုင်းရင်းသားလူမျိုးများစွာ နေထိုင်သော မြို့ပေါ်ကျောင်းများတွင် ကျောင်းသားများသည် မြန်မာဘာသာစကားကို ကျွမ်း ကျင်ပြီးဖြစ်ပါက မြန်မာဘာသာစကားကို မိခင်ဘာသာစကားအဖြစ် အသုံးပြု သင်ကြားမည်။ (ဃဃ) မိခင်ဘာသာစကားကို ရှေးဦး ကလေးပညာရေးကဏ္ဍတွင် ၁၀၀ ရာခိုင်နှုန်း၊ မူလတန်း အောက်အဆင့်တွင် ၆၀ ရာခိုင်နှုန်း၊ မူလတန်း အထက်အဆင့်တွင် ၄၀ ရာခိုင်နှုန်းသင်ကြားရန်” ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီ ပြင်ဆင်ချက်ကို အများပြည်သူသိရှိအောင် အစိုးရပိုင် သတင်းစာတွေမှာစပြီး ထည့်စဉ်တုန်းက ဘုန်းတော်ကြီးတွေရဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး “မဘသ” အဖွဲ့ကြီးက ပညာရေးဥပဒေကြမ်းထဲမှာ “တိုင်းပြည်နဲ့လူမျိုး အနာဂတ်အတွက် ရတက်မအေးစရာများ၊ ကျောချမ်းစရာ ယိုပေါက်ဟာပေါက်များ၊ ကြီးမားသော ဘေးထွက်ဆိုးကျိုးများ၊ မသိမသာ မလိမ့်တပတ် နားလှည့်ပါးရိုက်မှုများ စသည် စသည် မြောက်မြားစွာ ပါဝင်နေသည်” ဆိုပြီး မမှန်မကန် ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။ သူတို့အဆို ခုလို တိုင်းရင်းသားတွေကို မိခင်ဘာသာစကားနဲ့ သင်ကြားခွင့်ပြုလိုက်ရင်ပဲ ဘာသာခြားတွေက သူတို့ ဘာသာခြား ဘာသာစကားနဲ့ သင်ကြားလာကြတော့မယောင် မဟုတ်မမှန် စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း NNER ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က လိုက်လံရှင်းပြတဲ့အခါမှသာ ပိုပြီး ရှင်းလင်းသွားတာ ဖြစ်ပါတယ်။ ပြင်ဆင်မယ့် အမျိုးသားပညာရေး ဥပဒေကြမ်းထဲမှာ ဒီအချက် ထည့်ထားရတာဟာ ရှင်းလင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာ့ပညာရေးဟာ ဘယ်အာရှ နိုင်ငံ၊ ဘယ်အိမ်နီးချင်းနိုင်ငံတွေနဲ့မှ မယှဉ်နိုင်အောင် နိမ့်ကျပြီးရင်း နိမ့်ကျလာခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ကို ဗမာအပါအ၀င် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ခံခဲ့ရတာပါ။ အဲဒီ အထဲကမှ ဝေးလံခေါင်ဖျား ဒေသတွေမှာနေတဲ့ တိုင်းရင်းသားတွေရဲ့ အခြေအနေကတော့ ပိုဆိုးပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ မူလတန်းအဆင့်ကနေ ကျောင်းထွက်တဲ့ ရာခိုင်နှုန်း အလွန်မြင့်မားနေပြီး အဓိကကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပါတယ်။ ဒါကို ထပ်ပြီး ဆန်းစစ်လိုက်တဲ့အခါ တိုင်းရင်းသား ကလေးငယ်တွေဟာ စာသင်ကျောင်းတွေကို ရောက်လာတဲ့အခါ သူတို့ လုံးလုံး နားမလည်၊ ကြားလည်း မကြားဘူးတဲ့ မြန်မာစာ မြန်မာစကားနဲ့ သင်ကြားရလို့ ဖြစ်တယ်ဆိုတာ တွေ့ကြရပါတယ်။ အဲဒီကနေတစ်ဆင့် မူလတန်းအရွယ် ကလေးငယ်တွေ ကျောင်းထွက်နှုန်း နည်းရအောင် အခုလို အချက် ထည့်သွင်းလိုက်ရတာပါ။ ဥပဒေကြမ်းမှာ ထည့်သွင်းထားကလည်း မျှတပါတယ်။ မိခင်ဘာသာစကားကို ရွေးချယ်မယ်ဆိုရင် မူကြိုအဆင့်မှာ ၁၀၀ ရာခိုင်နှုန်း၊ မူလတန်းအောက်အဆင့်မှာ ၆၀ ရာခိုင်နှုန်းနဲ့ အထက်အဆင့်မှာ ၄၀ ရာခိုင်နှုန်းဆိုတာဟာ ကလေးအရွယ် ကြီးလာတာနဲ့ တဖြည်းဖြည်း လျှော့ချသွားမယ်ဆိုတဲ့သဘောကို ဆိုလိုတာပါ။ ဒါနဲ့ပတ်သက်ရင် သက်ဆိုင်ရာ ကျောင်း အကျိုးတော်ဆောင်တွေက ရွေးချယ်နိုင်တယ်လို့လည်းဆိုထားတော့ အတင်းအကြပ် သဘောမျိုးလည်း မသက်ရောက်စေပါဘူး။ တကယ် လက်တွေ့ အဲဒီအချက်ကို ကျင့်သုံးမယ်ဆိုရင်တော့ တိုင်းရင်းသားကလေးတွေဟာ အနည်းဆုံး ဘာသာစကား သုံးမျိုး တတ်ကျွမ်းတဲ့သူတွေ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၆ ရက် အမျိုးသားလွှတ်တော် ကြားနာပွဲမှာ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းထွေးမှုံက “သူတို့တိုင်းရင်းသားတွေဟာ ဝေးလံခေါင်ဖျား ဒေသမှာနေထိုင်ကြပြီး မြန်မာစကားမပြောတတ်၊ မပီကြတဲ့အကြောင်း၊ အစိုးရကျောင်းမှာတက်ရင် မြန်မာစကားမတတ်လို့ အလွန် အခက်အခဲတွေ့ရပြီး အဲဒါကြောင့် တစ်တန်း နှစ်တန်း တက်ပြီး ကျောင်းထွက်တာ အများကြီးရှိတဲ့အကြောင်း၊ တကယ်လို့သာ မိခင်ဘာသာစကားနဲ့ စာသင်ကြားရမယ်ဆိုရင် မူလတန်းအတွက် အကျိုးကျေးဇူး အများကြီးရမယ် ဆိုတဲ့အကြောင်း၊ တိုင်းရင်းသား ကလေးတွေဟာ မိခင်ဘာသာစကား၊ မြန်မာနဲ့ အင်္ဂလိပ်စာ တတ်ကျွမ်းသူတွေ ဖြစ်လာမယ့်အကြောင်း ဆွေးနွေးသွားတာ ကြားကြရပါတယ်။ သူ့လိုပဲ အခြား တိုင်းရင်းသားပါတီ တာဝန်ရှိသူတွေကလည်း ထောက်ခံကြပါတယ်။ ဒီနေ့အချိန် ဆိုးရွားနိမ့်ကျနေတဲ့ မြန်မာ့ပညာရေးစနစ်ကို တော်လှန်ပြောင်းလဲပစ်ရမယ်ဆိုတာ ဘယ်သူကမှ အငြင်းမပွားကြတော့ ပါဘူး။ ပြောင်းလဲတဲ့အခါ ပညာရေးစနစ်ရဲ့ဒဏ်ကို အဆိုးရွားဆုံးခံခဲ့ကြရ၊ ခံနေကြရတဲ့ တိုင်းရင်းသားတွေ အကျိုးရှိရေး အတွက်ကိုပါ လေးလေးနက်နက် ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့် 

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...