ပဲခူးတိုင်း လက်ပံတန်းဒေသတွင်
အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ရန် ငြိမ်းချမ်းစွာ
ကန့်ကွက်ဆန္ဒပြနေကြသော
ကျောင်းသားသပိတ်အား အစိုးရက အင်အားသုံး
အကြမ်းဖက်ရိုက်နှက်ဖမ်းဆီး
ဖြိုခွဲခဲ့ခြင်းနှင့်ပါတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (သြစတြေးလျ) ထုတ်ပြန်ကြေညာချက်။
၂၀၁၅ ခုနှစ် မတ်လ
( ၁၁) ရက်
၁။
မှန်ကန်သော ပညာရေး ဥပဒေတရပ် ပေါ်ထွန်းရေးအတွက် ပဲခူးတိုင်းဒေသ၊ လက်ပံတန်းဒေသတွင် အမျိုးသားပညာရေး
ဥပဒေကို ပြင်ဆင်ပေးရန် ငြိမ်းချမ်းစွာ ကန့်ကွက်
ဆန္ဒပြ နေကြသော ပင်မကျောင်းသား သပိတ်အား လက်ရှိအာဏာပိုင်
များက မတ်လ (၁၀) ရက်နေတွင်
မင်းမဲ့စရိုက်ဆန်ဆန် ရက်စက်စွာ တရားလက်လွတ်
အင်အားသုံး အကြမ်းဖက် ဖြေရှင်း နှိမ်နင်း ဖမ်းဆီးခဲ့လုပ်ရပ်အား ပြင်းထန်စွာကန့်ကွက်သည်။
၂။ ကျောင်းသားထု၏ ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့သော ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်များကို
အသိအမှတ် ပြုသည်။
၃။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေး အာဃာတကင်းစင်သော အထွေထွေ
သဟဇာတ ဖြစ်မှုကို ရှေးရှုရေးနှင့် ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးပြုရေး မူဝါဒများ
ကိုင်စွဲလျက် အကြမ်းမဖက်ရေး လမ်းစဉ်ကို လကခံယုံကြည်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်း ဖြေရှာရေးက
အစဉ်တစ်စိုက ကြိုးပမ်းလျက်ရှိ နေချိန်တွင်
အမျိုးသား ပညာ ရေးဥပဒေပြင်ဆင်ရေး ပိတ်မှောက်
ကျောင်းသားများအား ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခြင်းမျိုးသည် ယဉ်ကျေးသော လူအဖွဲ့အစည်း
တွင် မရှိသင့်၊ မရှိထိုက်ကြောင်းနှင့် ရဲတပ်ဖွဲ၏ အင်အားသုံး အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး
ဖြိုခွဲခဲ့ခြင်း နှင့်ပါတ်သက်၍ ပြင်းထန်စွာ ရှတ်ချပြီး
ဖမ်းဆီးထိမ်းသိမ်း ခံထားရသော ကျောင်းသားကျောင်းသူများ၊ ရဟန်း ရှင်လူပြည်သူများအား ချွင်းချက်မရှိ အမြန်ဆုံး
လွတ်ပေးရန် အလေးအနက် တောင်းဆိုလိုက်သည်။
အလုပ်အမှုဆောင်ကောင်မီတီ
အမျိုးသားဒီမိုကရေစီအဖွဲချုပ်(ၾသစေၾတးလ်)
Comments
Post a Comment