ကိုမျိုးသန့်ရေကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဖြစ် တဲ့မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ကိုသန်းထိုက်သူနဲ့ ဒု -သတင်းထောက်ချုပ် ကိုဆန်းမိုးထွန်း တို့နှစ်ယောက် ဂျာနယ်မှာဖော်ပြခဲ့တဲ့ နယ်သတင်း တစ်ပုဒ်နဲ့ ပတ်သက်ပြီး မွန်ပြည်နယ်မော်လ မြိုင်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၀အသရေဖျက် မှုမြောက်တယ် ဆိုပြီးထောင် ဒဏ်နှစ်လ ချမှတ်ခံလိုက် ရတယ်ဗျာ။ တကယ့်အဖြစ်မှန်က သူတို့နှစ်ယောက်စလုံး ဒီကိစ္စမှာ ဘာမှမကျူးလွန် ခဲ့သူတွေပါ။ ကျွန်တော်က အဲဒီကိစ္စ သူတို့ရှင်းပြ လို့အစအဆုံး သိနေရတော့ဒီကိစ္စကနေ ဘာတွေ သင်ခန်းစာယူ ရမလဲပြောပြ ချင်မိတယ်ဗျာ။
ပြီးခဲ့တဲ့ ၂၀၁၄ ဇန်န၀ါရီကမော်လမြိုင်မြို့က အလွတ်တန်း သတင်းထောက် သံလွင်မောင်မောင် ဟာမြန်မာပို့စ်
ဂျာ နယ်ကို နယ်သတင်း တစ်ပုဒ်ရေးသားပေး ပို့ပါတယ်။ အဲဒါကို လက်ခံရပြီးနောက် အယ်ဒီတာ ကိုဇော်မင်းနိုင်က ဒုသ တင်းထောက်ချုပ် ကိုဆန်းမိုးထွန်း ကိုပြုပြင်ရေးသားစေပါတယ်။နောက် သတင်းရေး သားတည်းဖြတ် ပြီးနောက် ဇန် န၀ါရီလ ၂၉ ရက်ထုတ်မြန်မာ ပို့စ်ဂျာနယ် မှာဖော်ပြ ခဲ့ပါတယ်။ ခေါင်းစဉ်က “ပညာရည်နိမ့်ကျမှုကြောင့် တပ်မတော် သားများ လွှတ်တော် တွင်ပါဝင်နေ ရခြင်းဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဆို” ဖြစ်ပြီး မျက်နှာဖုံးမှာ လည်းဖော်ပြခဲ့ ပါတယ်။ သတင်း မှာဖော်ပြ ထားတာက “ပညာရည်နိမ့်ကျ မှုကြောင့် အချို့သော ဆုံးဖြတ်ချက်များတွင် Check and Balance လုပ်နိုင်ရန် လွှတ်တော်တွင် ပါဝင်နေရခြင်းဖြစ်ကြောင်းမွန်ပြည်နယ် လွှတ်တော်မှတပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော် ကမွန်ပြည် နယ်လွှတ်တော်တွင် ကျင်းပခဲ့သော Meeting and Workshop with member of Mon State Hluttaw ပွဲတွင်ပြောကြား ခဲ့သည်” လို့ဖြစ် ပါတယ်။ ဆက်ပြီး တိုက်ရိုက်ပြော စကားအနေ နဲ့ဖော်ပြ ထားတာက “ကျွန်တော် တို့ တိုင်းပြည် အနေအထား နဲ့ကြည့်ရင် လွှတ်တော် ကိုယ်စား လှယ်တွေဆွေးနွေး ခဲ့သလိုပဲ ပညာရေးနဲ့ ပတ်သက် ပြီးတော်တော်လေး အားနည်းခဲ့တဲ့ အပိုင်းလေးတွေ ရှိတယ်။ ဒါကြောင့် မို့လည်းတချို့ ဆုံးဖြတ်တဲ့ အပိုင်းတွေမှာ Check and Balance လုပ်ဖို့အတွက် ကို ကျွန်တော်တို့တွေ ပါဝင်နေရခြင်း ဖြစ်ပါတယ်ဟု အဆိုပါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ကပြောသည်” လို့ဖော်ပြ ထားပါတယ်။ ဒီသတင်းဖော်ပြ ပြီးနောက် အဲဒီ တပ်မတော် သားအမတ်က သူပြောတာ မဟုတ်ပါဘူး။ ဒါကိုပြန် ပြီးဖော်ပြပေးပါလို့ ဂျာနယ်တိုက် ကိုတောင်းဆို တယ်လို့ ဆိုပါ တယ်။ နယ်သတင်းထောက်ကလည်း သူသတင်းရေးသားပေးပို့တာ အဲလိုမဟုတ် ဘူး။ပြန်ပြင်ရေးထား လို့ပြဿနာပေါ် ရတာလို့ ဆိုပါတယ်။ အဲလိုပြန်တောင်း ပန်ပေးဖို့တောင်း ဆိုတာကို အယ်ဒီတာ ကိုဇော်မင်းနိုင်ကလက်ခံရ ပြီးပြန်တောင်းပန်တာ ၊ပြန်ပြုပြင်ဖော်ပြတာ မလုပ်ခဲ့သလို၊ အယ်ဒီတာချုပ် ကိုသန်းထိုက်သူ ကိုလည်း အသိမပေး ခဲ့ဘူးလို့ ကျွန်တော် သိရပါတယ်။ ကိုမျိုးသန့်ရေ နောက်တော့ အဲဒီ တပ်မတော် သားအမတ် ကမော်လမြိုင် တရားရုံးမှာ အသရေ ဖျက်မှုနဲ့ တရားစွဲ ပါတယ်။ တရားစွဲတော့ ထုံးစံ အတိုင်းရေး သားသူ သံ လွင်မောင်မောင်၊ ကိုဆန်းမိုးထွန်း၊ အယ်ဒီတာချုပ် ကိုသန်းထိုက် သူသုံးယောက်ကို စွဲခဲ့တာပါ။ အဲဒီထဲမှာ မူလ သတင်းရေး သားပေးပို့တဲ့ သံလွင်မောင်မောင်က သူရေး သားပေးပို့တာ ကိုပြုပြင်ဖော်ပြ တယ်ဆိုပြီး တရားရုံး သက်သေ အနေနဲ့ လုပ်လိုက်ပါ တယ်။ ဒီအတွက် ကိုသန်းထိုက်သူနဲ့ ကိုဆန်းမိုးထွန်း တို့နှစ်ယောက်မော်လမြိုင် တရားရုံး ကိုသွားပြီး ရုံးချိန်း အကြိမ်ကြိမ် တက်ရပါတယ်။အဲလို တစ်မြို့နယ်မှာ တရားသွား ရင်ဆိုင်ရတာ အတော် ဒုက္ခရောက် ကြပါတယ်။ငွေလည်း အတော် ကုန်ပါတယ်။ အဲ … အချိန်အတော်လေးနောက် ကျပြီးမှ ကျွန်တော့် စိတ်ထင် လွန်ခဲ့တဲ့နှစ်လ သုံးလလောက်ရောက်မှ အယ်ဒီတာချုပ် ကိုသန်းထိုက်သူက ဒီအမှုကို ကျူးလွန် ခဲ့သူအယ်ဒီတာ ကိုဇော်မင်းနိုင်ကို တိုက်တွင်း အရေးယူဖို့ လုပ်ပါတယ်။ အရေး မယူခင် ဘယ်နည်းဘယ်ပုံ အရေးယူ မယ့်အကြောင်း ကျွန်တော့် ကိုလည်းတိုင် ပင်ပါတယ်။ သူအရေးယူ ဖို့ပြင်ဆင် ထားတဲ့ စာကြမ်းကို လည်းပြပါတယ်။ ကျွန်တော် ကတော့ အရေး ယူတာ လုပ်ပါ၊ ဒါပေမယ့် လူ့ဂုဏ် သိက္ခာ ထိခိုက်မှု မရှိအောင်တော့ လုပ်ပါလို့ ပြောခဲ့ပါတယ်။ ဒါက တိုက်တွင်းပြဿနာပါ။ နောက်တစ် ပိုင်းကတော့ တရားရုံးရဲ့ စစ်ဆေး မှုအပိုင်းပါ။ တစ်နှစ်ကျော်စစ်ဆေးပြီးနောက် အသရေဖျက်မှု ကျူးလွန်တယ်လို့ တရားရုံး ကဆုံးဖြတ် ပြီးထောင် ဒဏ်နှစ်လ ချလိုက် တာပါ။ ဒါနဲ့ပတ် သက်ပြီး စာနယ်ဇင်း သမားတွေ ကတော့ မကျေ နပ်ကြပါဘူး။ အခု ယာယီ စာနယ် ဇင်းကောင်စီက လည်းကြေ ညာချက် တစ်စောင် ထုတ်မယ် လို့တော့ပြော ပါတယ်။ ကျွန်တော် သုံးသပ်လို့ ရသလောက် ကတော့ တကယ် လို့သာ ဒီအမှုဖြစ် ပွားစဉ်က သတင်း မီဒီယာ ဥပဒေသာ ရှိပြီး၊ အဲဒီဥပဒေနဲ့ တရားစွဲခံ ရမယ်ဆို ရင်ထောင်ဒဏ် ဆိုတာ မရှိပါဘူး။ငွေဒဏ်ပဲရှိ ပါတယ်။နောက် တချို့ဝေဖန် သူတွေ ကတော့ အင်္ဂလိပ်ခေတ် ကတည်းက ရှိခဲ့တဲ့ အဲဒီ ပုဒ်မ ၅၀၀ နဲ့ထောင်ချခဲ့ တယ်ဆိုတာမရှိဘူး။ အခုလိုချတာဟာ သတင်းစာဆရာတွေ မို့ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ရှေ့မှာ ဘယ်လိုအရေးယူခဲ့တယ်ဆိုတဲ့သမိုင်း ကျွန်တော်မသိတော့ ဒါကို အတည်မပြုနိုင်ပါ ဘူး။ ကိုမျိုးသန့် သိပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ကိုယ်တိုင်လည်း အလဲဗင်းက အဲဒီ ပုဒ်မ ၅၀၀ နဲ့ပဲ ငါးမှုလောက်စွဲနောက် ထပ်စွဲဦးမယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက် ခံထားရသူပါ။ အမယ် အလဲဗင်းက ကျွန်တော့်ကိုစွဲတာ ကျပ်ငွေ သိန်း ၅,၀၀၀ ရလိုမှု၊ တရားမမှုတစ်မှုတောင်ပါသေး။ တရားရင်ဆိုင်နေရဆဲ။ အခုဖြစ်စဉ်မှာ ဂျာနယ်တိုက်က တာဝန်ရှိအယ်ဒီတာ တစ်ယောက်ကသတင်းကိုကြီးအောင်ချဲ့ ပြီးခေါင်းစဉ်တပ် တာကစတာပါ။ ဒါနဲ့ပတ်သက်ရင် ကျွန်တော်က သတင်းစာ ပညာ သင်တန်းပေး တဲ့အခါ အမြဲ တစေပြောလေ့ ရှိပါတယ်။ သတင်းထောက် တစ်ယောက်ဟာ သတင်း တစ်ပုဒ် ကိုကြီးအောင် လုပ်လို့ မရ သလို ငယ်အောင်လည်း လုပ်လို့မရဘူး။ လုပ်ဖို့လည်းမလိုဘူး။ သတင်းခေါင်းစဉ်တပ်တယ်ဆိုတာ လူစိတ်ဝင်စားရင်ပြီးရော ပြူးပြူးပြဲပြဲ မလုပ်ကောင်းဘူး။ သတင်းကိုခြုံငုံမိတာကို မှခေါင်းစဉ်တပ်ရမယ်စသဖြင့် အကြိမ်ကြိမ် ရှင်းပြဖူးပါတယ်။ပြော ရရင်အခုဖြစ်စဉ်ဟာ စာနယ်ဇင်းကျင့်ဝတ် ဆိုင်ရာပြဿနာ ၊ရေးသားမှုဆိုင်ရာပြဿနာပါ။ ဒီပြဿနာကြောင့်ထောင်ဒဏ် ချမှတ်ရတယ် ဆိုတာမျိုးကိုတော့ ကျွန်တော် လည်း လုံးဝ သဘောမ ကျပါဘူး။ ဒါပေမဲ့လည်း ပုဒ်မ ၅၀၀ ဟာ တည်ဆဲ ဥပဒေဖြစ်နေတယ်။ ဥပဒေအရ တရား သူကြီး ကပြစ်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့ ရင်ထောင် ဒဏ်နှစ်နှစ် အထိ ချနိုင် တယ်။ငွေဒဏ် သက်သက်လည်း ချနိုင်တယ်။နှစ်မျိုး စလုံးလည်း ချနိုင်တယ် ဆိုပြီးပြဋ္ဌာန်း ထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာ ပိုင်တွေဟာ ဒီလိုပုဒ်မ ဒီလိုပြဋ္ဌာန်း ချက်မျိုး ကိုသုံးပြီး စာနယ်ဇင်း သမားတွေကို ဖိနှိပ်မှု လုပ်လာနိုင်တဲ့ အန္တရာယ်တော့ ရှိနေပါတယ်။ အရင်စစ်အစိုးရခေတ်ကတော့ ခုလိုပဲ တည်ဆဲဥပဒေနဲ့ တရားရုံးတွေကို အသုံးချပြီး မတရား ဖိနှိပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ခုဆိုရင်ပြန် ကြားရေး ၀န်ကြီး ဌာနကဒေါက်တာ သန်းထွဋ်အောင် အပါအ၀င် အလဲဗင်းက လူတစ်စုကြီးကို ပုဒ်မ ၅၀၀ နဲ့နေပြည်တော် တရားရုံးမှာ တရားစွဲ ထားပါတယ်။ သူတို့အတွက် ကျွန်တော် စိုးရိမ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ စာနယ်ဇင်းသမားတွေဟာ သတင်းစာ ကျင့်ဝတ်ကိုတော့ အသေအချာ လိုက်နာကြရပါမယ်။ နောက် သတင်းသမားတွေကို မတရား ဖမ်းဆီးထောင်ချဆိုတဲ့ အဖြစ်မျိုးမဖြစ်အောင်၊ တည်ဆဲဥပဒေ ဆိုတာတွေကို သုံးပြီး တစ်ဖက်လှည့်နဲ့ မတရား ဖိနှိပ်တာ မခံရအောင် ဘယ်လိုနည်းတွေနဲ့ ကာကွယ်ကြမလဲ ဆွေးနွေးတိုင်ပင်ကြဖို့လိုပြီ ထင်ကြောင်းပါ။ ကျန်းမာပျော်ရွှင်ပါစေ စည်သူအောင်မြင့်

Comments
Post a Comment