Skip to main content

နာယကကြီးပေးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကတိတည်ပါ့မလား ၊ မတ် ၆

အတိုက်အခံတို့ လွှတ်တော်တွင်း ရောက်ရှိသည့် အချိန်မှစပြီး တစ်စိုက်မတ်မတ်တောင်းဆိုနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ခရီးက ယခုဆိုလျှင် သုံးနှစ်အတွင်း ရောက်ရှိနေပြီ ဖြစ်သည်။
အတိုက်အခံတို့ လွှတ်တော်တွင်း ရောက်ရှိပြီး  သုံးနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ပြင်ဆင်ရန် အာဏာရ ပါတီ ပြည်ခိုင်ဖြိုးက ကော်မတီအဆင့်ဆင့်ဖွဲ့ပြီး စိစစ်မှုများလုပ်ေ ဆာင်ခဲ့သည်။ သို့သော် ယနေ့ထိ ပြင်ဆင်မည့် အချက်လက်များကို ပြင်ဆင်ရေးကော်မတီမှ လွဲပြီး မည်သူမှ မသိရသေးပေ။ လွှတ်တော် ကိုယ်စားလှယ်တို့ပင် အတိအကျ မသိရှိကြပေ။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသည် အတိုက်အခံတို့အတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုဖြစ်သည်။ အတိုက်အခံတို့ လွှတ်တော်တွင်း
ရောက်ရှိလာသည့် အဓိက ရည်ရွယ်ချက် လည်း ဖြစ်သည်။
ဖွဲ့စည်းပုံပြင်ဆင်မှသာ အတိုက်အခံခေါင်းဆောင် သမ္မတအဖြစ် ရွေးချယ်ခံနိုင်မည်ဖြစ်သလို၊ နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှု လျော့ချခြင်း၊ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းစသည့်အရေးကြီးအချက်များကို ဆောင်ရွက်နိုင်မည်ဟု နိုင်ငံရေးအင်အားစုအားလုံးက ယူဆထားကြသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သဘာဝ အရင်းအမြစ်၊ အုပ်ချုပ်ရေးအာဏာ အပါအဝင် ကဏ္ဍအများစု တွင် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုအများအပြားရှိနေသဖြင့် ၂၀၁၅ ခုနှစ်အလွန် အစိုးရဖွဲ့ချိန်အမှီ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရန် လိုအပ်သည်ဟု မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။
ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒု-ဥက္ကဋ္ဌ (၂)  ဦးစောသန်းမြင့်က "သူလုပ်ချင်ရင် ဖြစ်အောင်လုပ်မှာပဲ၊ ဘယ်ဟာကို အရင်လုပ်မှာဆိုတာကို နားမလည်ဘူး။ လွှတ်တော်တွင်း ပြင်လို့ရတာကို ပြင်ဖို့ဘယ်တော့ လုပ်မလဲဆိုတာကိုလည်း မသိရသေးဘူး။ တခြားဥပဒေတွေတော့ ပြင်တာ တော်တော်များများ တွေ့ပါတယ်" ဟု ဆိုသည်။
အခြေခံဥပဒေပြင်ဆင်ရေးကို စစ်ဘက်မှ အရပ်ဘက်ပြောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက လွှတ်တော်တွင်း အာဏာရပါတီဖက်မှ ဦးဆောင်နေပြီး၊ အတိုက်အခံဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း အချိန်နှင့် အမျှတိုက်တွန်းနေသည်။
သူရဦးရွှေမန်းက စစ်ဖက်မှ အရပ်ဖက်ပြောင်း ဗိုလ်ချုပ်ကြီးဟောင်းများအတွင်း အတိုက်အခံ ခေါင်းဆောင်နှင့် နီးစပ်သည့် ဆက်ဆံရေးရရှိထားသူလည်းဖြစ်သည်။ အတိုက်ခံအင်အားစု လွှတ်တော်တွင်းရောက်ရှိပြီးသည့် ၂၀၁၂ခုနှစ် ဧပြီလ နောက်ပိုင်းမှ ယခုအထိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၅၄ ကြိမ်ထိ ဦးရွှေမန်းက တွေ့ဆုံထားသည်။
ဦးသိန်းစိန်ကလည်း နိုင်ငံရေး ရေချိန်မြင့်တက်နေသည့် ၂၀၁၅ ခုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၃ ရက်တွင် သီးသန့်တွေ့ဆုံကာ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တွေ့ဆုံထားသည်။

နိုင်ငံ၏အသက်သွေးကြောဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မေလတွင် ပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် လွှတ်တော်တွင်း ပြင်ဆင်မှုများပြုလုပ်ရန်  ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပေးခဲ့သည့် ကတိတည်နိုင်မှု ရှိမရှိကို နိုင်ငံရေးပါတီတို့ သံသယ ရှိနေကြသည်။အမျိုးသားလွှတ်တော်အမတ်လည်းဖြစ် ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဦးလှဆွေက "ဖွဲ့စည်းပုံ ၄၃၆ (က) ပါတဲ့ဟာတွေက ၂၀၁၅ မကုန်ခင်ပြီးနိုင်တယ်။ (ခ) ကတော့ ၂၀၁၅ အကျော်မှပဲ ပြီးနိုင်မယ်၊ လုပ်တာတော့လုပ်မှာပါပဲ၊ အခုဘတ်ဂျတ်၊ ပညာရေးဥပဒေကိစ္စ ဒါတွေကလည်း အရေးကြီးနေတယ်" ဟု ဆိုသည်။
ပုဒ်မ ၄၃၆ (က) တွင် ပါဝင်သည့် ပုဒ်မများကို လွှတ်တော်တွင်း ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်သော်လည်း ပုဒ်မ ၄၃၆ (ခ) မှ ပုဒ်မ ၉၅ ခုကိုမူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပကာ ပြင်ဆင်ရမည်ဖြစ်သည်။
ဦးရွှေမန်းကလည်း ပြည်ထောင်စုလွှတ်တော်သက်တမ်းကုန်ဆုံးမည့် ၂၀၁၆ ခုနှစ် မတ်လကုန် မတိုင်မီ ခြောက်လအတွင်း ပြင်ဆင်ပြီးသည့် ဖွဲ့စည်းပုံတစ်ခုကို ပြည်သူများလက်အတွင်း အပ်နှံလိုသည့်အပြင် ၂၀၁၆ ခုနှစ် အစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအသစ်ဖြင့် အုပ်ချုပ်စေရမည်ဟု ဦးရွှေမန်းက အကြိမ်ကြိမ်ဆိုထားသည်။
မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ (၂) ဦးနိုင်ငွေသိန်းက "အခုပြဿနာတွေ တအားများနေတယ်။ ဖွဲစည်းပုံပြင်ရေးက လုပ်ငန်းအင်အားကြီးတယ်။ ပြင်လို့ရတာတွေကို အခုချိန်ပြင်သင့်နေပြီ။ အခုထိဘာမှမတွေ့သေးဘူး။ လူတွေကျေနပ်အောင် သဘောလောက်ပဲဖြစ်မလား မသိဘူး။ ရေရေရာရာဖြစ်ချင်မှ ဖြစ်လိမ့်မယ်" ဟု ပြောသည်။
ရွေးကောက်ပွဲကို နိုဝင်ဘာ ပထမအပတ်အတွင်း ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ကြေငြာထားသဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်ကာလမှာ ရှစ်လမျှသာ လိုအပ်တော့သကဲ့သို့ ဦးရွှေမန်း ပေးထားသည့် ကတိ(ဖွဲ့စည်းပုံသစ်ဖြင့် အစိုးရဖွဲ့ရန်) တည်ရန်မှာလည်း ရှစ်လသာ လိုအပ်တော့သည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက "ပြင်မယ့် ပုဒ်မတွေက ကော်မတီဆီမှာပဲ ရှိပါသေးတယ်။ လွှတ်တော်ကို မတင်သေးပါဘူး။ ဘယ်ဟာတွေလည်း ဆိုတာကျွန်တော်တို့ မသိပါဘူး။ အခုလွှတ်တော်မှာတော့ အရေးကြီးတဲ့ ဘတ်ဂျက်ကိစ္စကို အရင်ဆွေးနွေးမှာပါ" ဟု မဇ္ဈိမကို ပြောသည်။
လွှတ်တော်သည်လည်း ဦးသိန်းစိန် အစိုးရ နောက်ဆုံးနှစ်အတွက် အသုံးပြုမည့် ဘတ်ဂျက်ကိစ္စ၊ ကျောင်းသားသပိတ်မှ ပေါ်ပေါက်လာသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ မူကြမ်း၊ ၀ှိုက်ကတ်များနှင့် မဲပေးနိုင်၊ မပေးနိုင် အရှုပ်အရှင်း၊ ကိုးကန့်ဒေသ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် တိုက်ပွဲများ၊ စသည်တို့က ဖွဲ့စည်းပုံပြင်ဆင်ရေး အချိန်အတွင်းမှ လုယူဖြေရှင်းနေရသည့် ပြဿနာများကလည်း လွှတ်တော်တွင်း ရှိနေသေးသည်။
ဟိန်းကိုစိုး 

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...