Skip to main content

“သမ္မတကြီးစကား ပြည်သူတွေ နားခါးရော့မယ်” မတ် ၂၃

အခုရက်ပိုင်း သတင်းစာ၊ ဂျာနယ်တွေနဲ့ ပြည်သူတွေအကြား အပြောအများဆုံး သတင်းကတော့ လက်ပံတန်းမှာ ဆန္ဒပြကျောင်းသားတွေ၊ ပြည်သူတွေနဲ့ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ မှတ်ချက်စကားပါ။ အင်တာဗျူးမှာ သမ္မတ ဦးသိန်းစိန်က လက်ပံတန်းမှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ကျောင်းသားတွေနဲ့ ပြည်သူတွေဘက်က ခဲနဲ့ပေါက်လို့ ရဲတပ်ဖွဲ့ဝင်တွေဘက်က ပြန်ကာကွယ်ရတာဖြစ်တယ်။ ဟိုကရိုက်လို့ ဒီကပြန်ရိုက်ရတယ် ဆိုတဲ့သဘောလောက်ပဲ ရှိတာပါဆိုပြီး ဖြေလိုက်လို့ပါ။ သူ့ဖြေကြားချက်နဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို မျက်ကွယ်ပြုတဲ့ ပြောဆိုချက်အဖြစ် ပြည်သူတွေရဲ့
ဝေဖန်မှုတွေရှိနေ ပြီး တချို့ကတော့ ပြစ်တင်ရှုတ်ချတဲ့အထိ ကန့်ကွက်မှုတွေ လုပ်လာကြပါတယ်။ ဘီဘီစီကို သမ္မတ ဦးသိန်းစိန် ဘာပြောခဲ့သလဲ၊ တကယ့်အဖြစ်မှန်က ဘာလဲ၊ သမ္မတ ဦးသိန်းစိန် အနေနဲ့ အဖြစ်မှန်ကို ဘာကြောင့် မပြောဆိုရဲတာလဲ၊ နောက်ထပ် ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ သမ္မတ ပြောခဲ့တာတွေကတော့ အခုလိုပါ။ ‘‘ဒီဟာကို အကြမ်းဖက်ဖြိုခွဲတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့မှာ ဟိုက ရိုက်လို့ ဒီက ပြန်ပြီးရိုက်ရတဲ့သဘောပဲ ရှိတယ်။ ဟိုက ခဲနဲ့ပေါက်လို့ ဒီက ကာကွယ်ရတဲ့ သဘောပဲရှိတယ်။ တစ်ချက်မှ မျက်ရည်ယိုဗုံးတို့၊ ဘာတို့နဲ့ပစ်ပြီး ဖြိုခွဲရတာတွေ၊ Water Canon နဲ့ ပစ်ပြီးတော့ ဖြိုခွဲရတာတွေ၊ နောက်တစ်ခါ Rubber Bullet နဲ့ ပစ်ပြီးတော့ ဖြိုခွဲရတာတွေ၊ ဒါတွေ တစ်ခါမှ ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ခင်ဗျားတို့ အီးယူကလည်း ရဲလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ စနစ်တကျ သင်ကြားပေးနေတာတွေရှိပါ တယ်။ ဒါ ဆန္ဒပြတဲ့သူတွေဘက်က ရဲတွေကို ခဲနဲ့ ပေါက်တာ ရဲအမျိုးသမီးတွေ ခေါင်းတွေ ကွဲသွားတာ၊ ရဲကားတွေ မှန်တွေ ကွဲသွားတာ၊ ရဲအတားအဆီးတွေကို ရိုက်ချိုးပြီး ဖျက်ဆီးတာ ဒါတွေ အများကြီးပါပဲ။ ဒါတွေနဲ့ Balance လုပ်ပြီး ကြည့်ဖို့ ကောင်းတယ်’’ လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ တကယ့်အဖြစ်မှန်ကို ကြည့်ရင် မှန်ပါတယ်။ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ ကနဦး ပဋိပက္ခ စတင်ဖြစ်ပွားတာကိုတော့ တစ်ဖက်နဲ့ တစ်ဖက် သူက စတယ်၊ ငါက စတယ် စသဖြင့် စွပ်စွဲနေကြဆဲပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုပဋိပက္ခ မဖြစ်ခင် အတားအဆီးတွေကို အကြမ်းဖက်နည်းနဲ့ မဟုတ်ဘဲ လူအားနဲ့ တိုးထွက်၊ ဖောက်ထွက်မယ်။ တကယ်လို့ ပြဿနာဖြစ်လာရင် ရဲတပ်ဖွဲ့က ဖမ်းမယ်ဆိုရင် အဖမ်းခံပါ့မယ်ဆိုပြီး ကျောင်းသားတွေဘက်က ကြိုတင်ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဖြစ်စဉ်ကို အသေးစိတ် လေ့လာကြည့်ရင် ပဋိပက္ခဖြစ်ပွားခဲ့တာ မှန်ပေမယ့် ကျောင်းသားတွေဘက်က ရဲတပ်ဖွဲ့တွေ ကို ရိုက်နှက်ဖို့၊ တိုက်ခိုက်ဖို့၊ အံတုဖို့ ရန်ပြုဖို့ ဘာတစ်ခုမှ ပြင်ဆင်မထားတာ၊ တကယ်လည်း ဘာမှ လုပ်ဆောင်ခဲ့ခြင်း မရှိတာ တွေ့နိုင်ပါတယ်။ အချိန်တိုအတွင်းမှာပဲ အားလုံး အသာတကြည် အဖမ်းခံကြတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း ရဲတပ်ဖွဲ့ဟာ လူနဲ့ထိန်းလို့မရရင် နောက်အဆင့်တွေဖြစ်တဲ့ မီးခိုးဗုံးသုံးတာတို့၊ ရေအမြှောက်နဲ့ထိုးပြီး ဖြိုခွဲတာတို့၊ ရော်ဘာကျည်ဆန်သုံးပြီး ပစ်ခတ်ရတာတို့ မရှိခဲ့တာပါ။ အဲဒီလို နှိမ်နင်းခဲ့ခြင်းမရှိတာဟာ အခြေအနေ ကောင်း နေပါတယ် ဆိုတာကို ပြတာမဟုတ်ဘဲ ကျောင်းသားနဲ့ ပြည်သူတွေဘက်က အသာတကြည် အဖမ်းခံလို့၊ အကြမ်းမဖက်လို့၊ ယဉ်ကျေးလို့၊ အခုလို နိဂုံး ချုပ်ရတာပါ။ သမ္မတ ပြောဆိုပုံ မှားယွင်းနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတစ်ယောက်ကို ရဲများစွာက ဝိုင်းရိုက်နှက်နေတာ၊ ကျောင်းသားတွေရဲ့ကားကို ရိုက်ခွဲ ဖျက်ဆီးတာ၊ သမဂ္ဂအလံကို ခြေနဲ့ ခုန်ပေါက်နင်းခြေတာ၊ ချောင်ပိတ်မိနေတဲ့ ကျောင်းသားကို ဝိုင်းရိုက်တာ၊ အဲဒီလို ဓာတ်ပုံမျိုးလောက်ကိုတော့ သမ္မတကြီး မြင်မယ်ထင်ပါတယ်။ ထားပါ။ ဒါဟာ သမ္မတကြီး ပြောသလို သူကရိုက်လို့ ကိုယ်က ရိုက်ရတာ။ ရဲတပ်ဖွဲ့က လူဆိုးဂိုဏ်းလို ရိုက်ပွဲဆင်နွှဲတယ်လို့ပဲ ထားပါ။ ဒါပေမဲ့ ဘုန်းတော်ကြီးကျောင်းမှာ အသာတကြည် အဖမ်းခံတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ဆဲဆိုပြီး စိမ်ပြေ နပြေ ရိုက်နှက်တာ၊ နာဇီဂျာမနီတွေက ဂျူးတွေကို ရက်စက်သလို အချုပ်ကားဆီသွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရဲတပ်ဖွဲ့ဝင် ၃၀-၄၀ လောက်က နှစ်ဖက်ညှပ်၊ စီတန်း စနစ်တကျ ရိုက်နှက်ကြတာ၊ အချုပ်ကားပေါ်ရောက်တော့ ရိုက်တာတွေကိုရော သမ္မတကြီး သိပါသလားလို့ မေးရမှာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး လွတ်မြောက်လာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ပြောပြကြသလို ပုဂ္ဂလိကပိုင် သတင်းစာ၊ ဂျာနယ်နဲ့ ပြည်ပအခြေစိုက် အသံလွှင့်နဲ့ ရုပ်သံမီဒီယာတွေက ဖော်ပြခဲ့ကြပြီး ဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီ သတင်းတွေကို သမ္မတရဲ့ လက်ထောက်ဆိုသူတွေက သမ္မတကြီးကို မပြသဘူး၊ ဖုံးကွယ်ထားတယ်ဆိုရင် သမ္မတကြီးဟာ တစ်ဖက်ပြောစကားလောက်နဲ့ပဲ အလုပ်လုပ်တဲ့၊ ပြည်တွင်း ပြည်ပက လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုမှုတွေကို လုံးဝဂရုမစိုက်တဲ့၊ အမြင်ကျဉ်းမြောင်းတဲ့၊ ကိုယ့်လူတွေ ဘာလုပ်လုပ် ကာကွယ်ပေးမယ်ဆိုတဲ့စိတ် မွေးထားတဲ့ ပြည်သူတွေ ကို မျက်ကွယ်ပြုတဲ့သူ ဖြစ်သွားပါလိမ့်မယ်။ အခုဆိုရင် လက်ပံတန်းမှာ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ကိစ္စ ရန်ကုန်၊ မန္တလေး၊ ဘားအံနဲ့ မြို့အတော်များများမှာ ကန့်ကွက်ဆန္ဒပြနေကြပါပြီ။ အဓိပ္ပာယ်က ဒီလုပ်ရပ် ပြည်သူတွေ လက်မခံနိုင်ဘူးဆိုတာ ပြနေကြတာပါ။ အသေအချာ ဆန်းစစ်ကြည့်ရင် အဲဒီနေ့က လက်ပံတန်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားနဲ့ ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီးတဲ့ကိစ္စဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့က လုပ်နေတာမျိုးနဲ့ မတူဘဲ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက အုပ်စုဖွဲ့ ဥပဒေမဲ့ လုပ်ကိုင်ဆောင်ရွက်ပုံမျိုးနဲ့ ပိုပြီးတူပါတယ်။ ဒါတောင် လွှတ်ပေးလိုက်တဲ့ လူနည်းနည်းလေးကပဲ ထုတ်ဖော်ပြောဆိုတာမျိုး ရှိပါသေးတယ်။ ဖမ်းထားတဲ့လူ ၁၀၀ ဝန်းကျင်ကိုပါ ပြည်သူတွေ၊ သတင်းသမားတွေနဲ့ တွေ့ဆုံခွင့်ပေးလိုက်ရင် ဒီ့ထက်ပြည့်စုံတဲ့၊ ဒီ့ထက်ဆိုးတဲ့ အချက်အလက်တွေ ထွက်ပေါ်လာနိုင်ပါသေးတယ်။ သမ္မတကြီးဟာ တိုင်းပြည်ရဲ့ အထွဋ်အထိပ် နေရာရထားတယ် ဆိုပေမယ့် တပ်မတော်ရဲ့အောက်က ဒု-ဗိုလ်ချုပ်ကြီး ကိုကို ကွပ်ကဲတဲ့ ပြည်ထဲရေးဝန်ကြီးဌာနအပေါ် သြဇာလုံးဝမညောင်းဘူးဆိုတာ ရှေ့လေးနှစ်တာကာလ အဖြစ်အပျက်တွေ က သက်သေပြပြီးဖြစ်ပါတယ်။ လက်ပံတန်းမတိုင်ခင် ရှေ့ပိုင်းရက်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေ၊ ပြည်သူတွေကို ပြည်ထဲရေးက စွမ်းအားရှင်သုံးပြီး အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ကိစ္စ သိပ်ပြီးရုပ်ပျက်ဆင်းပျက်ဖြစ်လာမှ၊ အီးယူလို အလှူရှင်အဖွဲ့ တွေက ကြေညာချက်ထုတ် တောင်းဆိုလာမှ ပြည်ထဲရေး ဝန်ကြီးဌာနကိုပဲ ဦးဆောင်နေရာပေးပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးခဲ့တာ မြင်တွေ့နိုင်ပါတယ်။ သမ္မတဟာ သူမနိုင်တဲ့ ဝန်ကြီးဌာနပြဿနာမို့ ကျူးလွန်သူကိုပဲ စုံစမ်းရေး ပြန်လုပ် ခိုင်းတာ အလွန်အရုပ်ဆိုးပါတယ်။ တကယ်တော့ လက်ပံတန်းမှာ ရဲတွေ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ဟာ မြို့တော်ခန်းမရှေ့မှာ ဖြစ်ခဲ့တာနဲ့ သိပ်မကွာပါဘူး။ စွမ်းအားရှင် သုံးတာ မသုံးတာပဲ ကွာပါတယ်။ ဒီလိုအခြေအနေမျိုးကို ရဲတပ်ဖွဲ့ကနေ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ခဲ့တာပါပဲလို့ သမ္မတက မျက်စေ့မှိတ် ဇွတ်ငြင်းလိုက်တာဟာ အရင်က ရထားပြီးတဲ့ လူထုထောက်ခံမှု နည်းနည်း ပါးပါး၊ နိုင်ငံတကာထောက်ခံမှု နည်းနည်းပါးပါး ဆုံးရှုံးသွားမှာ ဖြစ်သလို ပြည်သူတွေကလည်း သမ္မတကြီးစကား နားခါးတာပဲ အဖတ်တင်မယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့် 

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...