1,000 Million Strong For Daw Aung San Suu Kyi in 2015
နေပြည်တော်
တည်ဆောက်ရေး ကုန်ကျစရိတ် မေးမြန်းချက်အပေါ် ဦးရဲထွဋ်မှ ဖြေကြားရန်
ငြင်းဆန်လိုက်ပြီး နေပြည်တော် တည်ဆောက်ရေး ကုန်ကျစရိတ်များနှင့်ပတ်သတ်၍
စုံစမ်းနေသောသတင်းထောက်များရှိပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
(နေပြည်တော် သတင်းရပ်ဝန်း)
(နေပြည်တော် သတင်းရပ်ဝန်း)
(သတင်းထောက်) ဦးရဲထွဋ်ခင်ဗျား နေပြည်တော် တည်ဆောက်ရေး နဲ့ ပတ်သတ်ပြီး
အရင် အစိုးရကရော အခုအစိုးရကပါ ကုန်ကျ စရိတ် ဘယ်လောက်ရှိသလဲဆိုတာ တစ်ခါမှ
ထုတ်ဖော် ပြောကြားတာမတွေ့ရပါဘူး ၊ အဲဒါ နဲ့ ပတ်သတ်လို့ ဦးရဲထွဋ် အနေနဲ့
(ဦးရဲထွဋ်) ကျနော့် အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘာမှပြောစရာမရှိပါဘူး ၊
(သတင်းထောက်) ဒီလိုပါ ဦးရဲထွဋ်ခင်ဗျား ၊ ပြည်သူတွေက ဒီ နေပြည်တော် ဆိုတဲ့ စီမံကိန်းကို ဘယ်သူတာဝန်ခံ ဆုံးဖြတ်ခဲ့တာလဲ ၊ ပိုက်ဆံတွေ ဘယ်လောက်ကုန်သွားသလဲ ၊ တန်ရာတန်ကြေးကုန်တာ ဟုတ်ရဲ့လား စသဖြင့် သိချင်နေကြပါတယ် ၊ တရားဝင်
တိတ်ကျကျ ထုတ်ပြန်ထားတာတွေ ဘာမှ မရှိဘူးဆိုတော့ ပြည်သူတွေ ကြားမှာ မလိုလားအပ်တဲ့ ကောလဟာလတွေ ဖြစ်နေမှာစိုးလို့ပါ ၊
(ဦးရဲထွဋ်) ကျနော့်အနေနဲ့ ဘာမှ ပြောစရာမရှိဘူးလို့ပဲ ထပ်ပြောပါရစေ ၊ ပြည်သူတွေ အနေနဲ့လည်း အစိုးရက ကောင်းရာကောင်းကြောင်းလုပ်ခဲ့တာပါပဲ ၊ အခုကြည့်ပါ နေပြည်တော်ကြီးဟာ ဘယ်လောက်ခမ်းနား တင့်တယ်နေသလဲ ၊ ဒီလို နေပြည်တော်မျိုး
မြန်မာနိုင်ငံမှာရှိတယ် ဆိုပြီး ဂုဏ်ယူရမယ့် အရာပါ ၊ ငွေရေးကြေးရေး ဘယ်လောက်ကုန်ခဲ့သလဲဆိုတာ ကိုယ်နဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူးလေ ၊
(သတင်းထောက်) ဒါပေမယ့် ဦးရဲထွဋ်ရယ် ၊ နမူနာပြောရမယ်ဆိုရင် နေပြည်တော်မှာ တည်ထားတဲ့ စစ်သမိုင်းပြတိုက်ဆိုရင် ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး အကုန်အကျခံထားတယ်လို့ ကြားပါတယ် ၊ အဲဒီ စစ်သမိုင်းပြတိုက်ကို တစ်နှစ်နေလို့ မှ လူတစ်ရာပြည့်အောင်
လာမကြည့်ကြဘူး လို့လဲ ပြောသံကြားပါတယ် ၊ အဲဒီ စစ်သမိုင်းပြတိုက်ရဲ့ ပြုပြင်ထိန်းသိမ်း စရိန်က တစ်နှစ်ကို ကျပ်ငွေ သိန်းပေါင်း သောင်းဂဏန်း နီးပါးကုန်ကျတယ်လို့လဲ ကြားပါတယ် ၊ အဲဒါတွေက ကုန်သင့်ကုန်ထိုက်တဲ့ ပိုက်ဆံတွေ မှ ဟုတ်ရဲ့လားဆိုတာ ကျနော်တို့
စဉ်းစားရမယ်လေ ၊
(ဦးရဲထွဋ်) ခင်ဗျားတို့ သတင်းထောက်တွေ ဒီလောက်အထိ လိုက်ဝေဖန်နေတာကိုက တော်တော်လွန်နေပြီဗျ ၊ ခင်ဗျားတို့ အပူ ဘာမှမပါဘူး ၊ သူဖာသာသူ ဘယ်လောက်ကုန်ကုန် ခင်ဗျား အိတ်ထဲက ပိုက်ဆံတစ်ပြားပါသွားလို့လားဗျ ၊ ဒီမှာ နေပြည်တော် နဲ့ ပတ်သတ်လို့
နောက်နောင် ခင်ဗျားတို့ စုံစမ်းနေတယ်လို့ ကြားရင် အားလုံး ဖမ်းပစ်လိုက်လို့ရတယ် ၊ ခင်ဗျား သိရဲ့လား ၊
(ဦးရဲထွဋ်၏ ဒေါသနှင့်တုန့်ပြန်မှုကြောင်း အင်တာဗျူးရပ်သွားပါသည်)
နေပြည်တော် စစ်သမိုင်းပြတိုက်၏ တည်နေရာကို သိလိုပါက ဂူဂယ်တွင် 19.893198, 96.259719 ဟု ရိုက်ပြီး ရှာနိုင်ပါသည် ၊ ဂူဂယ်တွင် နေရှယ်နယ်ဂတ်စ်ဟောက်စ် ဟု ပုံမှားရိုက်ရေးထားသည် ၊
(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)
Credit to Hawdeka Khalaylay
#MMK

Comments
Post a Comment