သြစသြေလျနိုင်ငံ မဲဘုန်းမြို့တွမြန်မာမိသားစုများစုပေါင်းပြီး
မြန်မာအစိုးရကို ဆန့်ကျင်ဆန္ဒပြရှုတ်ချကြ
မတ်လ ( ၁၅) ရက်နေ့
မတ်လ ( ၁၅) ရက်နေ့
သြစသြေလျနိုင်ငံ မဲဘုန်းမြို့တွင်မြန်မာမိသားစုများစုပေါင်းပြီး
ဒီမိုကရေစီပညာရေးတောင်းဆိုနေတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းက
ကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့က မြန်မာအစိုးရရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်း
တာကို ကန့်ကွက်တဲ့ အနေနဲ့ မြန်မာမိသားစုဝင် အင်အား ၄၀ လောက်ဟာ Burden Park မှာ
မြန်မာအစိုးရကို ဆန္ဒပြပြီး ပြစ်တင်ရှုတ်ချ ခဲကြပါတယ်။
မြန်မာမိသားစုတွေစုပေါင်းကျင်းပပြုလုပ်တဲ့ အဲ့ဒီ အခမ်းအနားမှာ ပညာရေး
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေ တဲ့ ကျောင်းသားတွေကို မြန်မာအစိုးရက
အကြမ်းဖက်နှိမ်နင်းတဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြ ပါတယ်။
မြန်မာမိသားစုများအနေနဲ့ကျောင်းသားတွေရဲ့တောင်းဆိုချက် ၁၁
ချက်ကိုထောက်ခံသလို၊ ဖမ်းဆီးခံ ကျောင်းသားတွေအားလုံး
လွှတ်ပေးဖို့လဲတောင်းဆိုလိုက်ပါတယ်။
ဒီလို လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာအစိုးရကို သြစတြေလျ အစိုးရက
ထိထိရောက်ရောက် ဖိအားပေး ဖို့ ကိုလည်း လက်မှတ်စုဆောင်ခြင်းများပြုလုပ်ပြီး
ပေးပို့သွာမယ်လို့ သိရပါတယ်
Comments
Post a Comment