Skip to main content

Posts

Showing posts from January, 2016

လွှတ်တော် ခေါင်းဆောင်များ အဆိုပြုချက် NLD ထုတ်ပြန်

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်(ယာ) လွှတ်တော် တက်လာစဉ်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၆) ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်လိုက်တဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေက လာမယ့် လွှတ်တော်သစ်မှာ တိုင်းရင်းသားပြည်သူ အားလုံးအတွက် အကျိုးရှိမယ့် ဥပဒေတွေ ချမှတ် သွားမှာဖြစ်ပြီး အကျိုးမပြုတဲ့ ဥပဒေတွေကိုတော့ ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

လွှတ်တော် ခေါင်းဆောင် NLD အဆိုပြုချက် တိုင်းရင်းသားတွေ ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လွှတ်တော်တက်လာစဉ်။ (ဇန်နဝါရီ ၈၊ ၂၀၁၆)  လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ ၄ နေရာမှာ တိုင်းရင်းသား ပုဂ္ဂိုလ်တွေကို ၃ နေရာ ပေးဖို့ အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် အဆိုပြုလိုက်တာဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အနေအထားဖြစ်တယ်လို့ တိုင်းသား နိုင်ငံရေး ပါတီတွေရဲ့ ခေါင်းဆောင် တချို့က ရှုမြင်ကြပါတယ်။

ထိုင်းနိုင်ငံမှာ ပလတ်စတစ်ဆန် အတုတွေ့ရှိ (မြန်မာမှာတော့ အခုထိအရေးမယူသေးဘူး)

 ထိုင်းနိုင်ငံ နခွန်နယုတ်ခရိုင် တနေရာမှာ ဘန်ကလိုပိုင်ရှင်နှင့် သူ့ရဲ့ အလုပ်သမား ကမ္ဘောဒီးယား လူမျိုးတဦးသည် ယမန်နေ့ ဇန်န၀ါရီလ၂၇ရက်နေ့ ၂၀၁၆ခုနှစ်မှာ ၀န်ကကျုံဈေးမှာ ၀ယ်လာသော ဆန်သည် ပတ်လတ်စတစ်ဆန်အတုနဲ့ ရောနှောနေတာကို တွေ့ရတဲ့ အတွက် နခွန်နယတ်ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ပါတယ်။

အထက်လွှတ်တော် ဒုဥက္ကဌ အဖြစ် အတင်မြှောက်ခံရရင် လက်ခံမယ်

 ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အဖွဲ့ဝင် အဖြစ် NLD ခေါင်းဆာင် တွေ နဲ့ လက်တွဲ ခဲ့တဲ့ ဦးအေးသာအောင်။ အမျိုးသား လွှတ်တော် ဒုဥက္ကဌ အဖြစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကနေ အဆိုပြုမယ့် ရခိုင် အမျိုးသား ပါတီ ANP ရဲ့ ဗဟို ကော်မတီဝင် ဦးအေးသာအောင် က လွှတ်တော်သစ် ကျင်းပ တဲ့ အခါ NLD က အဆိုပြုပြီး လွှတ်တော် က သဘောတူ အတည်ပြုရင် အဲဒီ့ တာဝန် ကို ယူသွားမယ် လို့ ပြောပါတယ်။

သူရဦးရွှေမန်း နှုတ်ဆက်မိန့်ခွန်းနားထောင်စဉ် အမျိုးသမီးအမတ်အချို့ မျက်ရည်ကျ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) ဇန်န၀ါရီ ၂၈ရက် ကပြုလုပ်ခဲ့သော လွှတ်တော် သက်တမ်းငါးနှစ်ကာလအတွက် နောက်ဆုံးအကြိမ် အစည်းအဝေး တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှုတ်ဆက်အမှာ စကားပြောကြားရာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အချို့ မျက်ရည်ကျခဲ့ကြသည်။

NLD အစိုးရကို အပြည့်အ၀ ထောက်ခံသွားမည်ဟု ဂျပန် ကတိပေး

ဂျပန် နိုင်ငံသို့ ရောက်ရှိနေသော NLD အဆင့်မြှင့်ကိုယ်စားလှယ် အဖွဲ့ နဲ့ တွေ့ဆုံရာမှာ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဖူမီယို ကီရှီဒါက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ နှစ်ခြမ်းကွဲသွားနိုင်သလား (ဦးအေးသာအောင်ရဲ့သဘောထား)

ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင် နဲ့ ဦးအေးမောင် (Photo from Rakhine CJ FB) ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်အမျိုးသားပါတီက အမတ်တဦးကို ပြည်နယ်ဝန်ကြီးချုပ်ရာထူး မပေးရင် သူတို့ပါတီဟာ NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘဲ အတိုက်အခံအဖြစ် ရပ်တည်မယ်ဆိုတဲ့ ကြေညာချက်ဟာ မြန်မာ့နိုင်ငံရေးမှာရော ANP ပါတီတွင်းမှာပါ ဂယက်ရိုက်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်၊ ကြေညာချက်အတွက် သူ့ကိုအသိပေးခြင်း တိုင်ပင်ခြင်း လုံးဝမရှိခဲ့ဘူး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဖမ်းဝရမ်းထုတ်

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို တွေ့ရစဉ်။ Photo: Shwe Maung Facebook လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ငွေကြေးလိမ်လည်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်လောင်းများ ယနေ့တွေ့ဆုံမည်

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နှင့် ယင်းပါတီဝင် လွှတ်တော်ကိုယ် စားလှယ်လောင်းများအားလုံး တွေ့ဆုံပွဲကို ယနေ့ပြုလုပ်မည်ဖြစ်ကြောင်း ကိုယ်စားလှယ်အချို့ထံမှ သတင်း ရရှိသည်။

လွတ်ငြိမ်းချမ်းသာခွင့်မှာ လူသတ်မှု၊ မုဒိန်းမှုကျူးလွန်သူ အများအပြားပါဝင်

 ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ် Photo: RFA  သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁ သောင်း ၁ ထောင့် ၅ ရာကျော်ထဲမှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂၃၀၀ ကျော်၊ သားမယားအဓမ္မပြုကျင့်မှု (မုဒိန်းမှု)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၇၀၀ ကျော်၊ လုယက်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၅၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
ဒါကတော့ လွန် လွန်းပြီ ဦးသိန်းစိန် ======================= ၅ ရက်လောက်သာ ကျန်တော့သည့် လွှတ်တော် သက်တမ်းအတွင်း ဦးသိန်းစိန် အစိုးရက မည်သို့ ရည်ရွယ်ချက်မှန်းမသိ ကမန်းကတန်း ဆွေးနွေးရန် အဆိုပြုချက်တခု တင်သွင်းလာခဲ့ပါတယ်။ အခြားတော့ မဟုတ် လူဝင်မှု ကြီးကြပ်ရေး ဌာနကို ပြည်ထဲရေး ၀န်ကြီးဌာန အောက်သို့ သွတ်သွင်းရန် ဖြစ်ပါတယ်။ သို့အတွက် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန နှင့် ပြည်ထဲရေးကို ပေါင်းစပ်ရန် လွှတ်တော်ရဲ့ သဘောတူညီမှု ရရန် ဖုတ်ပူမီးတိုက် လူကြားမကောင်း ကြိုးစား လာနေပါတယ်။

လမ်းရှာနေတဲ့ တွေ့ဆုံမှုတွေ

  ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ နေပြည်တော်တွင် ဇန်န၀ါရီ၂၅ရက်နေ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-တပ်မတော်) လာမည့် အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇန်န၀ါရီလ ၂၅ ရက် နေ့လယ်ပိုင်းတွေ့ဆုံမှုတွင် ထူး ခြားမှုအချို့ ရှိခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် တွေ့ဆုံချိန် အနည်းငယ်ကြာမြင့်ခဲ့ပြီး နှစ်နာရီခန့်ကြာခဲ့သည်။

Iraq နဲ့ Syria စစ်မြေပြင် ကန် ကွန်မန်ဒိုတွေ ရောက်ရှိ

အီရတ်စစ်မြေပြင်ရောက် အမေရိကန်စစ်သားများ။ အခုအခါ အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန် ကွန်မန်ဒိုအထူးတပ်သား ၂၀၀ ရောက်နေကြောင်းနဲ့ သူတို့ဟာ အိုင်အက်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ ရှာဖွေစီးနင်းမှုတွေ လုပ်နေပြီး အိုင်အက်စ်တွေကို တွေ့တဲ့နေရာမှာ ဖမ်းဆီးတာ ဒါမှမဟုတ် သတ်ဖြတ်ဖို့ လုပ်ဆောင်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဦးစခုန်တိန့်ယိန်းနယ်ထဲက ဘိန်းဧက ၂ဝဝဝ ခန့်ကို ဒေသခံတွေ သွားရောက်ဖျက်ဆီးမည်

ဘိန်းခင်းတစ်ခင်းကို တွေ့ရစဉ် Photo: Nay Thwae/RFA ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ကချင်အထူးဒေသ(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စခုန်တိန့်ယိန်း ရဲ့ နယ်မြေအတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်းဧကပေါင်း ၂၀၀၀ လောက်ကို ဒေသခံတစ်ထောင်ကျော်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ ၀င်တွေက မနက်ဖြန်မှာ သွားရောက်ဖျက်စီးကြမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေများပြားနေဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပုပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်မည့် အခြေအနေရှိနေသည်။ (ဓာတ်ပုံ- NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူး ထမ်းဆောင်နိုင်ခွင့် ရှိမည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးညီပုက ဧရာဝတီသို့ ပြောသည်။

သြစီမှာ ပညာတော်သင် လာချင်ရင်

မြန်မာနိုင်ငံက ​လူငယ်တွေအပြင် ​ပြည်ပနိုင်ငံက ​လူအတော်များများဟာ ​အမေရိကန်၊ ​ဗြိတိန်နဲ့ ​သြစတြေးလျ ​နိုင်ငံကို ​ပညာတော်သင်အဖြစ် ​သွားရောက်လိုကြပါတယ်။ ပြည်ပမှာ ​ပညာတော်သင်ဖို့ ​ဆိုတာ ​တော်တန်ရုံ ​လူအတွက် ​ခက်ခဲပေမယ့်လည်း ​ကြိုးစားရင် ​ဖြစ်လာနိုင်တဲ့ ​အရာ ​ဖြစ်ပါတယ်။ အသံ နားဆင်ရန် အဲဒီတော့ ​ပညာတော်သင်ခွင့် ​ရဖို့ ​ဘာတွေ ​ပြင်ဆင်ရမလဲ၊ ​ကိုယ်တက်ချင်တဲ့ ​ဘာသာရပ်ကို ​ဘယ်နေရာမှာ ​ရှာကြည့်နိုင်သလဲ၊ ​ဘယ်လို ​လျှောက်လွှာတင်ရမလဲ ​စတဲ့ ​အကြောင်းအရာတွေနဲ့ ​ပတ်သက်ပြီး ​မဲလ်ဘုန်းမြို့က ​Latrobe ​တက္ကသိုလ်မှာ ​ပညာရေးဆိုင်ရာ ​မဟာတန်း ​သင်ယူနေတဲ့ ​မအေးရည်မွန်ရဲ့ ​အတွေ့အကြုံအကြောင်း ​နားဆင် ​လေ့လာနိုင်ပါပြီ။

“ဘုရားဒကာအမည်ခံ လောင်းကစားနှင့် ဘိန်းရာဇာ” များ ဖမ်းမိ

ရွှေပြည်သာ၊ လှိုင်သာယာ မြို့နယ်များအတွင်း ပြည်သူ့ဘ၀ လုံခြုံရေးကို ထိပါးနှောက်ယှက် သူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူ

အာဇာနည်မန်းဘခိုင်ရဲ့မြေး အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် NLD အမည်တင်သွင်း

မန်းဝင်းခိုင်သန်း (ယာ တတိယမြောက်လူ) (Credit: Mahn Saing Facebook) ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမယ့် လွှတ်တော်သစ်အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌရာထူးတွေအတွက် ခန့်အပ်မယ့်လူတွေစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင် ဦးဂမ္ဘီရ အဖမ်းခံရ

ဇန်န၀ါရီလ ၂၀ ရက်နေ့ မန္တလေးတွင် တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုဖြင့် တရားရုံးထုတ် စစ်ဆေးခံခဲ့ရသည့် ဦးဂမ္ဘီရ ။(ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း/ဧရာဝတီ) ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်သည်  ဇန်န၀ါရီလ ၁၉ရက် နေ့ မန္တလေးတွင် တရားမ၀င်နယ်စပ် ဖြတ်ကျော်သည့်အမှုဖြင့် အဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

စစ်တပ် နဲ့ ဖယ်ဒရယ် ပြဿနာ

Posted on January 20, 2016 by AMK Leave a comment 20.01.2016 20:17 ဦးကျော်ဇံသာ ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးဆိုတာကို ပြောနေကြပေမယ့် ဘယ်လို ဖယ်ဒရယ်ပုံစံလဲဆိုတာ မသတ်မှတ်နိုင်ကြခြင်းဟာ အဓိကပြသနာတရပ် ဖြစ်တယ်လို့ အမေရိကန်ပညာရှင် ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတချို့  လိုချင်နေတဲ့ ဗမာအပါအ၀င် (၈) ပြည်နယ်စနစ်ကိုလည်း စစ်တပ်က လက်ခံဖို့ သိပ်ခက်ခဲလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ ပါမောက္ခ Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။ ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Steinberg ခင်များ … မြန်မာနိုင်ငံမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရတရပ်တော့ တက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ အရပ်သားအစိုးရဟာ စစ်တပ်ကို ထိန်းချုပ်နိုင်ပါ့မလား။ စစ်တပ်ဟာ အရပ်သား သြဇာကို ခံယူမယ့် အရိပ်အရောင် တွေ့ရပါသလား။ Prof. Steinberg ။ ။ ဒီအနောက်နိုင်ငံတွေမှာတော့ စစ်တပ်ဟာ အရပ်သား ထိန်းချုပ်မှုအောက်မှာ ရှိရမယ်ဆိုတဲ့ ကိစ္စဟာ သိပ်အရေးပါတဲ့ နိုင်ငံ

အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD)သဘာပတိအဖွဲ့ဥက္ကဌ ဦးတင်ဦးက ကိစ္စကြီး(၄)ခုမှာ ပြတ်ပြတ်သားသားပြောပြီ

ယနေ့ ( ၂၆ ၁၂ ၂၀၁၅) မနက်( ၇)နာရီမှာ ထုတ်လွှင့်သွားတဲ့ ကမ္ဘာ့ကျော် အသံလွှင့်ဌာနဖြစ်တဲ့ လွတ်လပ်သော အာရှအသံ RFA ထုတ်လွှင်မှုမှာ သတင်းဌာနကမေးတဲ့ ကိစ္စကြီး(၄)ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD)နာယကကြီး ဦးတင်ဦးက ပြတ်ပြတ်သားသား ပြောသွားခဲ့ပါသည် !

Australian Open ပွဲက ဘလက ကလေးတွေအကြောင်း

Australian ​​Open ​​တင်းနစ်ပွဲမှာ ​​မရှိမဖြစ် ​​လိုအပ်တဲ့ ​​လူတွေကတော့ ​​ball ​​kids ​​လို့ ​​ခေါ်တဲ့ ​​ဘောလုံးကောက် ​​(ဘလက) ​​ကလေးတွေပဲ ​​ဖြစ်ပါတယ်။  အဲဒီ ​​ကလေးတွေဟာ ​​သြစတြေးလျနိုင်ငံကသာ ​​မဟုတ်ပဲ ​​အာရှ ​​-ပစိဖိတ် ​​တလွှားက ​​ကလေးငယ်တွေ ​​ဖြစ်ကြပါတယ်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ရောက်ရှိလာသော လူနာများ အဆင့် ၃ ဆင့်ဖြင့်ပြောင်းလဲကုသမည်

ရန်ကုန် ပြည်သူ့ဆေးရုံကြီးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)     ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)     ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ရောက်ရှိလာသော လူနာများ အား  မလိုလားအပ်သော အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် နိုင်ငံတကာ ကုသမှုပုံစံ အတိုင်း အဆင့်(၃)ဆင့်ဖြင့် ပြောင်းလဲကုသ မှုအား ယခုနှစ်တွင် စတင်ပြောင်းလဲကုသသွားမည်ဖြစ်ကြောင်း  ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ကြံ့ခိုင်ရေး ပါတီ ရှေ့အလားအလာ

ဇန်နဝါရီလ ၁၉ ရက်နေ့က ကြံခိုင်ရေး ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကြံခိုင်ရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ပြည်နယ်နဲ့ တိုင်း က ဥက္ကဋ္ဌ တွေ တက်ရောက်ခဲ့ ကြပြီး တံခါးပိတ် ဆွေးနွေး ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး NLD ရခိုင်ပြည်နယ် တာဝန်ခံ ဂွမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီပုနှင့် အင်တာဗျူးး

နိရဉ္စရာ၊ ဇန်န၀ါရီ ၁၉ မေး- NLD က ဦးဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင် ဖွဲ့စည်းမယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ အဲဒါလေးကို သိချင်လို့ပါ။ ဖြေ- ဟုတ်ပါတယ်။ ဒီဟာကတော့ ကျွန်တော်တို့ ဆီက ပြောရေးဆိုခွင့် ရှိသူ ဒေါ်နန်းခင်ထွေးမြင့် နောက်ဆုံးပြောထားတာရှိတယ်လေ။ ပြည်နယ် တွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကဘဲ ဦးဆောင် ပီးတော့ အစိုးရဖွဲ့ဖို့ ဆိုတာ သူပြောထားတာဘဲ။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ သမက် ဗိုလ်မှူးချုပ် သိန်းနိုင် လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခံရ

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ သမက်ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းနိုင်သည်  တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့််အပ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ စာရင်း တွင်ပါဝင်လာသည်။

အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသော လုပ်ငန်းခုနစ်ရာကျော် ပယ်ဖျက်ပေးရန်တောင်းဆိုမှု လွှတ်တော်သဘောမတူ

အစိုးရက ဆောင် ရွက်ပေးမည်ဟု လွှတ်တော်သို့ ကတိပြုထားသည့် လုပ်ငန်း ၇၂၄ ခုကို ပယ်ဖျက်ပေးရန် ပြည်ထောင် စုအစိုးရအဖွဲ့က တင်ပြခဲ့သော် လည်း ပယ်ဖျက်ရေးကိစ္စကို သဘောမတူဘဲ မှတ်တမ်းတင်ထား ရှိကာ လာမည့် အစိုးရလက်ထက် တွင် ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ် လိုက်သည်။

ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရေး NLD စတင်ပြင်ဆင်

ရခိုင်ပြည်နယ် သံတွဲမြို့ကိုရောက်လာတဲ့ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေကြိုဆိုနေကြစဉ် (အောက်တိုဘာ ၁၇ ရက်၂၀၁၅) တိုင်းဒေသကြီး၊ပြည်နယ် အစိုးရတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်မယ်လို့ NLD ပါတီက ပြောဆိုထားပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့မိမြို့ဖတွေ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေ ရှေ့လာမယ့် နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

မန္တလေးတွင် ကလေးသူခိုးဟု စွပ်စွဲခံရသူကို ရဲနှင့်သံဃာ ပူးပေါင်းကယ်တင်

     လူမှုကွန်ရက်များတွင် စတင်ပျံ့နှံ့လာသော သတင်းများကြောင့် ကလေးသူခိုးဟု ဆိုကာ ဖမ်းဆီး သတ်ဖြတ်မှုများပေါ်ပေါက်လာခြင်းဖြစ်သည်။ မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့ နယ်တွင်ကလေးသူခိုးဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသူတဦးကို ရဲတပ်ဖွဲ့နှင့်  သံဃာ တော် များ ပူးပေါင်းကယ်တင်ခဲ့ရကြောင်း သတင်းရရှိသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ပြန်လည် ဖွဲ့စည်း

 ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)မှ ထုတ်ပယ်ခံထားရသူများ စုစည်း၍ ယခင် အဖွဲ့အမည်ဟောင်း ဖြစ် သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)ကို ဇန်န၀ါရီလ ၁၆ ရက်က ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

တပ်ကို ဝေဖန်သည့် ဒီချုပ်ကိုယ်စားလှယ်ဆွေးနွေးမှု တပ်ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ဆွေးနွေးချက် ပယ်ဖျက် By

 တပ်ကို ဝေဖန် ဆွေးနွေးခဲ့သည့် ဒီချုပ်မှ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို၏ ဆွေးနွေးချက်များ ကို တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့က ကန့်ကွက်သ ဖြင့် ယင်းဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက် ခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့သူ ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်း ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ၌ ပြန်ပါခွင့် မရနိုင်ရန် ကန့်သတ်ခံရ

“သူရဦးရွှေမန်းတင်မက ဦးသိန်းစိန်ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ပါတီမှာ ခေါင်းဆောင်ချင်တယ်ဆိုရင် အောက်ခြေကနေ ၀င်ပြိုင်ရမှ တရားမျှတမယ်။

တရားလို၏ သက်သေခံတင်သွင်းမှုအား တကသ ကျောင်းသားခေါင်းဆောင် ၃ ဦး၏ ရှေ့နေက ကန့်ကွက်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွား ပေးရေး ဆန္ဒပြ တောင်းဆိုသော တကသ ကျောင်းသားခေါင်းဆောင် ၃ ဦးကို အင်းစိန်ထောင်တွင် ဖမ်းဆီး ချုပ်နှောင်ကာ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားမှုတွင် တရားလို၏ သက်သေခံတင် သွင်းမှုအား ကျောင်းသား များ၏ ရှေ့နေက ကန့်ကွက်ခဲ့ကြောင်း

အကြမ်းဖက် သမားအလောင်းကို အင်ဒိုရွာသား မလိုမရှိ

အင်ဒိုနီးရှားနိုင်ငံ ​ဂျာကာတာမြို့မှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီးတဲ့နောက် ​အကြမ်းဖက်မှုကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြမှုတွေ ​ပြုလုပ်နေကြသလို ​အကြမ်းဖက်မှုမှာ ​ပါဝင်သူ ​တစ်ဦးရဲ့ ​အလောင်းကိုလည်း ​ရွာသားတွေက ​ရွာထဲ ​အဝင်မခံဘူးလို့ ​သိရပါတယ်။

Australian Open တင်းနစ် အကြောင်း သိချင်ရင်

ဒီကနေ့ဟာ ​(ဇန်နဝါရီ ​၁၈ ​ရက်) ​၂၀၁၆ ​ခုနှစ် ​Australian ​Open ​တင်းနစ် ​ပွဲရဲ့ ​ဖွင့်ပွဲနေ့ ​ဖြစ်လို့ ​ကမ္ဘာပေါ်က ​အတော်ဆုံး၊ ​အကောင်းဆုံး ​တင်းနစ် ​သမားတွေ ​မဲလ်ဘုန်းမြို့မှာ ​စုဝေး ​ရောက်ရှိနေကြပြီ ​ဖြစ်ပါတယ်။ မဲလ်ဘုန်းမြို့မှာတော့ ​လူတိုင်း ​နီးပါးက ​တင်းနစ်အကြောင်း ​ပြောဆိုနေကြသလို ​ရုပ်မြင်သံကြားတွေ၊ ​ရေဒီယိုတွေနဲ့ ​သတင်းစာတွေသာမက ​လူမှု ​ကွန်ယက်ဝဘ်ဆိုက်တွေမှာလည်း ​တင်းနစ်အကြောင်း ​အများအပြား ​ပြောဆိုနေကြတာကို ​တွေ့နေရပါတယ်။

နိုင်ငံတကာမှ နိုင်ငံရေးသမားများအတွက် စံ ဖြစ်လာသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်

နှစ်သစ်ကူး အားလပ်ရက်ကုန်ဆုံးကာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုများ အရှိန်မြင့်လာချိန်တွင် ကမ္ဘာတစ်ဖက်ခြမ်း မြန်မာနိုင်ငံ မှ ခေါင်းဆောင်တစ်ဦးထံမှ သင်ခန်းစာရယူရန် အချိန်ကောင်း တစ်ခုဖြစ်လာသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ အကြို ကာလတွင် ပါတီတွင်း သမ္မတလောင်းအချင်းချင်း ပါတီ ၂ ခုကြား သမ္မတလောင်း များကြားတွင် ပုဂ္ဂိုလ်ရေး နိုင်ငံရေး ပြစ်တင်ဝေဖန်မှုများက ထိပ်ဆုံး သို့ ရောက်ရှိနေသည်။

ကလေးခိုး အမှုတွေ မမှန်ဘူးလို့ ရဲတပ်ဖွဲ့ပြော

နယ်ဒေသ အချို့မှာ ကလေးသူခိုး တွေ ရောက်နေတယ်ဆိုတဲ့ တိုင်းတန်းမှုတွေ ရှိခဲ့ မြန်မာပြည်က နေရာရာ အနှံ့မှာ ကလေး သူခိုး တွေ သောင်းကျန်း တယ်ဆိုတဲ့ ကောလာဟလကို အခြေခံပြီး ထင်ယောင်ထင်မှားဖြစ်သူတွေကို ဝိုင်းရိုက်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်နေပါတယ်။ မကွေးမြို့မှာ ကလေးခိုးတယ်ဆိုပြီး စွပ်စွဲခံရလို့ အမျိုးသမီး တစ်ဦး ဝိုင်းရိုက် ခံရသလို မန္တလေး မရမ်းခြံသင်္ဘောဆိပ်မှာ အမျိုးသားတစ် ဦးကို ဝိုင်းရိုက်လို့ အသက်ဆုံးတဲ့ ထိဖြစ်ခဲ့ပါတယ်။

ဘာကြောင့် တရုတ်နှင့် ဆက်ဆံရေး အသစ်ပြန်စရန် လိုအပ်သနည်း

ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံနေသော တရုတ်သမ္မတ ရှီကျင်ဖျင့် (ဓာတ်ပုံ – Reuters) မြန်မာနိုင်ငံနိုင်ငံသည် ရာစုနှစ် တဝက်ကျော်ကျော်အတွင်း နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်ပြီး ကြီးမားသော အံ့သြဖွယ် အချိန်ကာလကို ကြုံတွေ့နေရပါသည်။

ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ NLD အစိုးရကို အားကိုးတကြီးမျှော်လင့်

ကချင်ပြည်နယ် ချီဖွေမြို့နယ် တရုတ်မြန်မာနယ်စပ်စည်းမျဉ်း မိုင်တိုင် ၆ က ဖရဲစစ်ရှောင်စခန်းကို ဇန်နဝါရီ ၁၀ ရက်နေ့ ကတွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ) ရွယ်ဂျာဟာ ၂ဝ၁၁ ခုနှစ်က သူတို့ရွာအနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ထွက်မပြေးဘဲ  အိမ်မှာ ခြောက်လကျော် တင်းခံပြီး နေခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်နောက်ဆုံးနေ့တွင် ပါတီကိုယ်စားလှယ်တစ်ဦးစီ နှုတ်ခွန်းဆက်စကားပြောကြားမည် By

ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပမည့် ပထမအကြိမ်ပြည်သူ့ လွှတ်တော်(၁၃)ကြိမ်မြောက် ပုံ မှန်အစည်းအဝေးနောက်ဆုံးနေ့ ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအပါအဝင် ပါတီကိုယ်စား လှယ်တစ်ဦးစီက ခြောက်မိနစ်မှ ရှစ် မိနစ်ကြား နှုတ်ခွန်းဆက်စကား ပြောကြားရန် စီစဉ်ထားကြောင်း ပြည်သူ့လွှတ်တော်ရုံးမှ သတင်းရရှိသည်။

ရခိုင်ပြည်နယ် အစိုးရဖွဲ့နိုင်ရေး စစ်တွေမြို့ခံများ အပါအ၀င် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒီချုပ်တွေ့ဆုံ

လာမည့်အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ကို ဒီချုပ်ဦးဆောင်ဖွဲ့ စည်းရန် အနိုင်ရဒီချုပ်ပြည်နယ်လွှတ်တော်အမတ်များက ဇန်န၀ါရီ ၁၅ ရက်က စတင်၍ စစ်တွေမြို့သို့ လာရောက်လေ့လာမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

လူငယ်များအွန်လိုင်းတွင် အချိန်ဖြုန်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ကရုဏာဒေါသဖြင့် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - NLD Chairperson) မြန်မာနိုင်ငံမှ လူငယ်များ သည် ကွန်ပျူတာဂိမ်းများ၊ အင် တာနက်ဂိမ်းများနှင့် လူမှုကွန်ရက် များပေါ်တွင် အချိန်ဖြုန်းနေကြ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။

RCSS အဖွဲ့ ဆွစ်ဇာလန်လေ့လာရေး စတင်

RCSS/SSA ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းနေစဉ် Photo: Aung Moe Myint/RFA ဆွစ်ဇာလန်နိုင်ငံက ဖက်ဒရယ်စနစ်ကျင့်သုံးပုံတွေ၊ အုပ်ချုပ်ရေးနည်းစနစ်တွေ၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲရေးစနစ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာဆွေးနွေးဖို့အတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကတဆင့် ဆွစ်ဇာလန်နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။

NLD ရဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအမြင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက် တွေ့ရမယ့် စိန်ခေါ်မှုတွေ ထဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လည်း ပါဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပေါ် မူအရ လက်ခံထားပြီး ဘယ်လိုစုဖွဲ့တည်ဆောက်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေတွေ အားလုံး ကို လမ်းဖွင့် ပေးထားတယ် လို့ ဆိုပါတယ်။

သီးခြားကချင်နိုင်ငံ တည်ဆောက်ရန် ဖွဲ့စည်းသည်ဆိုသည့် ကချင်ပြည်သူ့ပါတီမှ ကေအိုင်အိုနှင့် ပတ်သက်မှုမရှိဟုဆို

 သီးခြားလွတ်လပ် သော နိုင်ငံတည်ဆောက်ရန်ဟု ဆိုကာ ကချင်ပြည်သူ့ပါတီ (KRP)၊ ကချင်ပြည်သူ့တပ်မ တော် (KRA) စတင်ဖွဲ့စည်းခဲ့ သည်ဆိုသည့်သတင်းများ ထွက် ပေါ်လာပြီးနောက် အဆိုပါအဖွဲ့ အစည်းသည် ကေအိုင်အိုနှင့် လုံးဝပတ်သက်မှုမရှိကြောင်း ကေအိုင်အိုဗဟိုကော်မတီဝင် တစ်ဦးက ငြင်းဆိုသည်။

နိုင်ငံခြားအဖွဲ့နှင့် ရေးဆွဲထားပြီးသော ရန်ကုန်မြို့တော်စီမံကိန်းကို စက္ကူပေါ်တွင်သာ ထားရစ်ခဲ့ပြီး လုပ်ချင်သလို လုပ်နေကြဟု ဒေါ်အောင်ဆန်းစုကြည်ဆို

------- ------ -------- ရန်ကုန်မြို့တစ်မြို့လုံးသည် စီမံကိန်းဖြင့် လုပ်ရမည့် အလုပ်ဖြစ်ပြီး အစိုးရကလည်း လွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလကတည်းက နိုင်ငံခြားအဖွဲ့တစ်ခုကို ရန်ကုန်မြို့တော် စီမံကိန်း ရေးဆွဲခိုင်းထားမှုများ ရှိသော်လည်း လုပ်ချင်တာ လုပ်နေကြခြင်းကြောင့် ဆက်စပ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ပြောဆိုလိုက်သည်။

ပြည်နယ်တောင်းဆိုနေသည့် မျိုးနွယ်စု တိုင်းရင်းသားများအား ပြည်နယ်သစ် ပေးရန် အလျင်စလို စဉ်းစားပါက ယူဂိုဆလားဗီးယား ပြည်ထောင်စုကဲ့သို့ ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားလိမ့်မည်ဟု ဦးခွန်ထွန်းဦး သတိပေး

-------- ------- -------- ( ကချင် ၊ ကရင် ၊ ရှမ်း စသဖြင့် ) ပြည်နယ်သတ်မှတ်ပြီးသား ပင်မ တိုင်းရင်းသား မျိုးနွယ်စုများ၏ တန်းတူအခွင့်ရေးဆိုင်ရာ ကိစ္စများကို အရင်မစဉ်းစားဘဲ ပြည်နယ် မရသေးသည့် တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို ပြည်နယ်ပေးရန် အလျင်စလို စဉ်းစားမည်ဆိုပါက မြန်မာပြည်သည် ယူဂိုဆလားဗီးယား ပြည်ထောင်စုကဲ့သို့ ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားလိမ့်မည်ဟု ရှမ်းတိုင်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက သတိပေး ပြောဆိုလိုက်သည်။

သူရဦးရွှေမန်း အပါအဝင် ၁၂ ဦးကို ပါတီကထုတ်ပယ်လိုက်ကြောင်း သတင်းများထွက်ပေါ်

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၁၂ဦးကို ပါတီဝင်အဖြစ်ကနေ ဖယ်ရှားလိုက်တယ်လို့ အခုရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်နေပြီး၊ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ကတော့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကနေ သူ့ကိုထုတ်ပယ်လိုက်ကြောင်း

ဝေဖန်ခံနေရသော ကျောင်းဆုပေးပွဲ ဖျော်ဖြေမှု ဆရာ၊ ဆရာမများ စစ်ဆေးခံရ

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အ.မ.က (၁) ငါးရှဉ့်ရိုး ကျောင်း၌ ပြုလုပ်သည့် ပညာရည်ချွန် ဆုပေးပွဲတွင် ဖျော်ဖြေနေကြသည့် ကလေးငယ်များ (ဓာတ်ပုံ – Zarni Tike/facebook ) ကျောင်းဆုပေးပွဲတွင် ကလေးငယ်များအား မလုံမခြုံ ဝတ်ဆင်စေကာ စင်ပေါ်တွင် ဖျော်ဖြေစေခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက် ဖေ့ဘွတ်စ်ပေါ်တွင် ပျံ့နှံနေမှုနှင့် ပတ်သက်ပြီး ထိုကျောင်းရှိ ဆရာ/ဆရာမများ အားလုံးကို မြို့နယ် ပညာရေးမှူးရုံးက ယနေ့နံနက်ပိုင်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။