သီးခြားကချင်နိုင်ငံ တည်ဆောက်ရန် ဖွဲ့စည်းသည်ဆိုသည့် ကချင်ပြည်သူ့ပါတီမှ ကေအိုင်အိုနှင့် ပတ်သက်မှုမရှိဟုဆို
သီးခြားလွတ်လပ် သော နိုင်ငံတည်ဆောက်ရန်ဟု ဆိုကာ ကချင်ပြည်သူ့ပါတီ (KRP)၊
ကချင်ပြည်သူ့တပ်မ တော် (KRA) စတင်ဖွဲ့စည်းခဲ့ သည်ဆိုသည့်သတင်းများ ထွက်
ပေါ်လာပြီးနောက် အဆိုပါအဖွဲ့ အစည်းသည် ကေအိုင်အိုနှင့်
လုံးဝပတ်သက်မှုမရှိကြောင်း ကေအိုင်အိုဗဟိုကော်မတီဝင် တစ်ဦးက ငြင်းဆိုသည်။
ကချင်ပြည်သူလူထုအကျိုး အတွက် မျှော်မှန်းပြီးအဓိကလုပ် ဆောင်နေသည့် ကေအိုင်အိုသည် ယခုကဲ့သို့ အသစ်ဖွဲ့စည်းသည့် လက်နက်ကိုင်အဖွဲ့နှင့် လုံးဝ ဆက်သွယ်မှုမရှိကြောင်း ပြည်သူ လူထုများသိစေရန်ဟုဆိုကာ ၂၀၁၆ ဇန်န၀ါရီ ၉ ရက်က ကေ အိုင်အိုဗဟိုမှ ကချင်ဘာသာဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ် ပြန်ခဲ့သည်။
၂၀၀၁-၂၀၀၂ တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် ကျင်းပသောညောင်နှစ်ပင်ညီလာခံတက်ရောက်သည့်အချိန်နှင့် ယခင်မြန်မာအစိုးရက ကေ အိုင်အိုကို နယ်ခြားစောင့်တပ် (BGF) ပြောင်းလဲရေးလက်ခံရန် ရှိလာသည့် အချိန်မှစတင်ကာ KRP ပါတီဖွဲ့စည်းရန် ပြင်ဆင်ခဲ့ ခြင်းဖြစ်ကြောင်း KRP ၏ ယာယီ အထွေထွေအတွင်းရေးမှူး ဦးလ ရှီးယောနက မဇ္ဈိမသတင်းဌာန အား ဇန်န၀ါရီ ၁၃ ရက်တွင် ပြောကြားထားသည်။
ထိုသတင်းမှာပင် KRP ပါတီကို ကချင်ခရစ်ယာန်အသင်း တော်မှ ဘာသာရေးခေါင်းဆောင် များ၊ ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) မှ ခေါင်းဆောင် အချို့နှင့် KIA လက်အောက်ရှိ ကချင်ပြည်သူ့စစ်မှ ခေါင်းဆောင် များဖြင့် ပါဝင်ဖွဲ့စည်းထား ကြောင်း ကချင်ဘာသာဖြင့် ဇန်န ၀ါရီ ၁၂ ရက်က ကြေညာချက် ထုတ်ခဲ့ကြောင်းလည်း မဇ္ဈိမသ တင်းတွင် ဖော်ပြထားသည်။

Comments
Post a Comment