Skip to main content

ပြည်နယ်တောင်းဆိုနေသည့် မျိုးနွယ်စု တိုင်းရင်းသားများအား ပြည်နယ်သစ် ပေးရန် အလျင်စလို စဉ်းစားပါက ယူဂိုဆလားဗီးယား ပြည်ထောင်စုကဲ့သို့ ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားလိမ့်မည်ဟု ဦးခွန်ထွန်းဦး သတိပေး

The Ladies News Journal's photo.

-------- ------- --------
( ကချင် ၊ ကရင် ၊ ရှမ်း စသဖြင့် ) ပြည်နယ်သတ်မှတ်ပြီးသား ပင်မ တိုင်းရင်းသား
မျိုးနွယ်စုများ၏ တန်းတူအခွင့်ရေးဆိုင်ရာ ကိစ္စများကို အရင်မစဉ်းစားဘဲ ပြည်နယ်
မရသေးသည့် တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို ပြည်နယ်ပေးရန် အလျင်စလို
စဉ်းစားမည်ဆိုပါက မြန်မာပြည်သည် ယူဂိုဆလားဗီးယား ပြည်ထောင်စုကဲ့သို့
ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားလိမ့်မည်ဟု ရှမ်းတိုင်းတိုင်းရင်းသား ခေါင်းဆောင်
ဦးခွန်ထွန်းဦးက သတိပေး ပြောဆိုလိုက်သည်။

လတ်တလော ကျင်းပနေသော နေပြည်တော် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ
တွင် “၀” ၊ တအာင်းပလောင် ၊ ပအိုဝ်း စသည့် တိုင်းရင်းသားများ အပါအ၀င်
ပြည်နယ် မရရှိသေးသူများက ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေပြီး
အများစုမှာ သျှမ်းပြည်နယ်မှ တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်နေသည်။
"ခပ်ရှင်းရှင်း ပြောရရင်တော့ ပြည်နယ်ပေးလိုက်ရင် ယူဂိုဆလားဗီးယားလို
ဖြစ်နိုင်တယ်။ ယူဂိုဆလားဗီးယားလိုမျိုး မြန်မာပြည်မြေပုံ ပျောက်သွားမယ် " ဟု
ဦးခွန်ထွန်းဦးက လက်ရှိတောင်းဆိုနေမှုများ အပေါ် ရည်ညွှန်းပြောဆိုသည်။
ယူဂိုဆလားဗီးယား ပြည်ထောင်စုမှာ စစ်အေးခေတ်ကာလအထိ ဥရောပ ထိပ်သီး
နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း မျိုးနွယ်စုဆိုင်ရာ လက်နက်ကိုင်
ပြသ၁နာများ ၊ ဘေးပတ်ဝန်းကျင် နိုင်ငံများမှ ပထ၀ီနိုင်ငံရေးလွှမ်းမိုးမှု ၊ ပြည်နယ်
သတ်မှတ်ရေး ၊ ယင်းမှတစ်ဆင့် ခွဲထွက်ရေး တောင်းဆိုမှုများကို ကောင်းမွန်စွာ
ဖြေရှင်းနိုင်မှု မရှိသောကြောင့် ပြည်တွင်းစစ်နှင့်အတူ ဘော့စနီးယား ၊ ခရိုအေးရှား ၊
ကိုဆိုဗို ၊ ဆားဘီးယား ၊ မွန်တီနီဂရိုး စသည်ဖြင့် နိုင်ငံပေါင်းများ ကွဲထွက်သွားခဲ့ပြီး
ကမ္ဘာ့မြေပုံမှပါ ပျောက်ကွယ်သွားခဲ့ဖူးသည်။
သံလွင်မြစ် အရှေ့ဘက်ခြမ်းတစ်လျှောက် ပြည်နယ်တောင်းရန် ရည်ရွယ်ခဲ့ဖူးသည့် “၀” များအား ပြည်နယ်ပေးပါက တရုတ်သြဇာ လွှမ်းမိုးလွန်းသည့်အတွက်
သံလွင်မြစ် အရှေ့ဘက်ခြမ်း ၊ သျှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတစ်ခုလုံးမှာ
ခရိုင်းမီးယားကဲ့သို့ ( ရုရှားနွယ်ဝင် လူမျိုးစုများများပြားသည့် ယူကရိန်းပိုင်ဒေသ ၊
လက်ရှိတွင် ရုရှားပိုင်ဖြစ်သွား ) ဖြစ်လိမ့်မည်ဟု ဦးခွန်ထွန်းဦးက ယခင်ကပင်
သတိပေး ပြောဆိုခဲ့သည်။
ညီလာခံ တက်ရောက်နေသည့် “၀” ဒီမိုကရက်တစ် ပါတီအနေဖြင့် သံလွင်
အရှေ့ခြမ်း ဒေသများအပြင် အနောက်ခြမ်းရှိ တန့်ယန်း ၊ လားရှိုး အစရှိသည့်
ဒေသများကိုပါ တောင်းဆိုမှုများ ရှိလာခဲ့သည်။
ယင်းအပြင် တိုက်ပွဲများ ပဋိပက္ခများမှာလည်း ရှိနေဆဲဖြစ်ပြီး တရုတ်သြဇာနှင့်
နီးစပ်သည့်အဖွဲ့များ ၊ တရုတ်မြန်မာနယ်စပ်အနီး မဲခေါင်မြစ်ဝှမ်းမှ ရှမ်းပြည်နယ်
အတွင်း ၀င်ထွက်နေသည့် မူးယစ်ဆေးဝါး နှင့် လက်နက် တရားမ၀င် ကုန်သွယ်မှု
များကလည်း မြန်မာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနေပြီး ယင်းကိစ္စများကို
ထိန်းသိမ်း ကြပ်မတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံတမန်အား ဦးခွန်ထွန်းဦးက
မကြာသေးခင်ကပင် တိုက်တွန်းခဲ့ဖူးသည်။
ယင်းအပြင် ပအိုဝ်း ၊ တအာင်းပလောင် စသည့် အဖွဲ့အစည်းများကလည်း တအာင်း
ပလောင်နှင့် ပအိုဝ်းပြည်နယ် ရရှိရေးအတွက် လက်ရှိကျင်းပနေသည့် ညီလာခံတွင်
တောင်းဆိုနေကြပြီး တိုင်းလိုင်ရှမ်းနီများကလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း
အထက်ပိုင်းရှိ ရှမ်းနီများနေထိုင်ရာ ဒေသများကို ပြည်နယ်သစ်အဖြစ်
သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။
လေ့လာသူအချို့ကမူ ပင်လုံစာချုပ်တွင်ပါဝင်ခဲ့ပြီး နိုင်ငံထူထောင်သူများလည်း
ဖြစ်သည့် သျှမ်း ၊ ကချင် ၊ ချင်း စသည့် ပြည်နယ်ရရှိပြီးသား တိုင်းရင်းသားများ
အနေဖြင့် တန်းတူအခွင့်ရေးပင် မရသေးချိန်တွင် ကျန်တိုင်းရင်းသားများကို
ပြည်နယ်အသစ်များ သတ်မှတ်ပေးပါက ပိုမိုရှုပ်ထွေးမှုများ ဖြစ်စေမည်ဟု
မှတ်ချက်ပြုကြသည်။
"၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဒါကြောင့်ပဲ လက်မခံတာပဲ ။ဖွဲ့စည်းပုံကို ကြည့်လိုက်
ရှမ်းကို ဦးတည်ဆွဲထားတဲ့ ဖွဲ့စည်းပုံပဲ ၊ ရှမ်းကို ဦးတည်တိုက်ဖို့ ။ မပေးနဲ့
ပြောရမလား၊ ပေးလို့ပြောရမလား ၊ဒါကစစ်အစိုးရလုပ်သွားတာပဲ ၊ ကျွန်တော်တို့
ဘယ်လိုရှင်းမလဲ။ ရှမ်းပြည်ကို ပေးတဲ့အတွက် ရှမ်းမို့လို့ ပြောတယ် ဖြစ်ဦးမယ်။
ဗမာပြည်မကို ခွဲပေးရင် ဗမာတွေ ဘယ်လိုနေမလဲ "ဟု ဦးခွန်ထွန်းဦးက
မေးခွန်းထုတ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်မြေ ခြောက်
နေရာ အနက် ငါးနေရာမှာ ရှမ်းပြည်နယ်အတွင်းတွင် ရှိနေပြီး အစိုးရအုပ်ချုပ်မှု
သြဇာအာဏာ လုံးဝသက်ရောက်ခြင်း မရှိသည့် UWSA ထိန်းချုပ်ရာ “၀” ဒေသ ၊
NDAA မိုင်းလား အဖွဲ့အုပ်ချုပ်ရာ မိုင်းလားဒေသတို့လည်း ရှမ်းပြည်နယ်တွင်
တည်ရှိနေသည်။
သတင်း - စိုင်းထွန်းအောင်လွင်
Photo - သျှမ်းသံတော်ဆင့်
The Ladies News Journal

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...