"သမ္မတဟောင်းလည်း ပြည်သူလူထုဘဲ။ ဒါပေမဲ့ လုံခြုံရေးပေးရမယ်ဆိုတဲ့ ကိစ္စကတော့
သူတို့အပြင်ရောက်ရင် ကြီးမားတဲ့တာဝန်ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ဆိုတော့
ဖြစ်သင့်ပါတယ် လုပ်သင့်ပါတယ် အရေးမယူရဘူး ဆိုတာကတော့ ဥပဒေအထက်မှာ
ဘယ်သူမှမရှိရဘူးဆိုတာ ရှိတာဘဲ။ လုပ်သမျှ လျော်ပစ်ရမယ်ဆိုတာမျိုး
ပယ်ဖျက်ရမယ်ဆိုတာမျိုး လုပ်ချင်တာတွေ ကိုယ်လုပ်တုန်းကလုပ်ပြီး
ကိုယ့်ကိုကိုယ် ကာကွယ်ရမယ့်အမိန့်တွေ ပြဌာန်းတာမျိုး နောင်တက်လာမဲ့
ပုဂ္ဂိုလ်တွေကပါ ငါဘာလုပ်လုပ် အပြင်ရောက်ရင် အေးအေးဆေးဆေးဘဲဆိုပြီး
မဟုတ်ကဟုတ်ကတွေ လုပ်တဲ့အကျင့်တွေ ပါကုန်လိမ့်မယ်။ နောက်ကြောင်းပြန်တာမျိုး
အရေးမယူဖို့ဆိုရင်တော့ တစ်ခြား ဒု-သမ္မတလို ညွှန်ချုပ်လို ရှိတယ်။
တစ်ဦးထဲကွက်လုပ်သလို ခြွင်းချက် ဖြစ်နေတယ်။ ကောင်းရာကောင်းကြောင်းတွေ
လုပ်ခဲ့တာတွေရှိရင်တော့ ထောက်ထားရတာတွေနဲ့ စဉ်းစားရတာပေါ့။ အခုလိုဟာကတော့
မဖြစ်သင့်ဘူးလို့ထင်တယ် !!
(၂)ပညာရေးသပိတ်မှ ဖမ်းဆီးခံကျောင်းသားကိစ္စ
+++++++++++++++++++++++++++
"ပြတ်ပြတ်သားသားကိုပြောရရင် ဒါတွေဟာ အရေးမယူထိုက်ပါဘူး မလုပ်ရဘူး လွတ်လပ်ကြပါတော့။ ရှိပြီးသားကျောင်သားအားလုံးလဲ လွှတ်ရမှာပါ။ ဘာလုပ်ဖို့ အလုပ်ရှုတ်နေကြတာလဲ။ နောင်လည်းဘဲ လွှတ်ရမှာဘဲ။ နိုင်ငံရေးသမားအားလုံး လွှတ်ကြပါတော့လို့ပြောချင်တယ်"
(၃)ထိုင်းမှာ မြန်မာလူငယ်(2)ဦး လူသတ်မှုနဲ့ သေဒဏ်ကျခံရတဲ့ကိစ္စ
+++++++++++++++++++++++++
"တရားဥပဒေကြောင်းအရ မှန်မှန်ကန်ကန် စစ်ဆေးခံပြီး DNAကိစ္စတွေက စကြားရတာ လွတ်မယ်ထင်တာ ခုလိုဖြစ်သွားတော့ မြန်မာနိုင်ငံသားအနေနဲ့ စိတ်မကောင်ဘူး။ ဝမ်းနည်းတယ် အပြစ်မရှိဘဲ အပြစ်ခံရမှာ စိုးရိမ်တယ်"
(၄)ဖားကန့် ကျောက်စိမ်းမြေကိစ္စ
+++++++++++++++++
"အခုလို အစိုးရအပြောင်းအလဲ လုပ်ခါနီးအချိန်မှာ မဆင်းခင် ရသမျှ အကုန်ထုတ်နေတာတွေဟာ မလုပ်ရဘူး။ ပထမဦးဆုံး လုပ်ငန်းတွေရပ်ထားပြီး စည်းနဲ့ကမ်းနဲ့အညီ စစ်ဆေးရမယ်။ အခုအခါ စက်ကြီးတွေ ထုနဲထယ်နဲ့ရောက်ရှိလာပြီး မိနစ်ပိုင်းနာရီပိုင်းအတွင်းမှာ အကုန်ယူကြအုံးမှာဆိုတော့ တိုင်းပြည်အတွက် နှမြောစရာကြီး !!
-CD-RFA 26DEc morning news

Comments
Post a Comment