Skip to main content

လူငယ်များအွန်လိုင်းတွင် အချိန်ဖြုန်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ကရုဏာဒေါသဖြင့် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - NLD Chairperson)
မြန်မာနိုင်ငံမှ လူငယ်များ သည် ကွန်ပျူတာဂိမ်းများ၊ အင် တာနက်ဂိမ်းများနှင့် လူမှုကွန်ရက် များပေါ်တွင် အချိန်ဖြုန်းနေကြ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။


ရန်ကုန်မြို့၌ ကျင်းပသော နိုဗယ်-မြန်မာ စာပေပွဲတော်သို့ ပေးပို့သည့် ၎င်း၏သ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နည်းပညာက လွန်စွာ အ ဆင့်မြင့်စွာအလျောက် ကျွန်မ တို့ရဲ့ လူနေမှုဘ၀တွေကို များစွာ ပြောင်းလဲစေပါတယ်။ အခုဆိုရင် ကျွန်မတို့ကလေးတွေဟာ ကွန်ပျူ တာဂိမ်းတွေ၊ အင်တာနက် ဂိမ်း တွေနဲ့ လူမှုကွန်ရက်တွေမှာ သူတို့ ရဲ့အချိန်အများစုကို အသုံးချနေ ကြပါတယ်။ နည်းပညာအသုံးပြု မှု မြင့်တက်လာတာကြောင့်လည်း  ကလေးတွေ စာပေဖတ်ရှုတဲ့အ ချိန် နည်းလာပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်၏ သ၀ဏ် လွှာတွင် ဖော်ပြထားသည်။
ယခုနှစ် နိုဝင်ဘာရွေး ကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီကို အနိုင်ရရှိခဲ့ပြီး အစိုးရအသစ် ဖွဲ့စည်းခွင့် ရရှိနေပြီဖြစ်သည်။
NLD ပါတီ၏ ရွေးကောက်ပွဲ အောင်မြင်မှုသည် တိုင်းပြည်၏ လူဦးရေ ထက်ဝက်ကျော်ရှိသည့် အသက် (၂၇) နှစ်အရွယ်အောက် လူငယ်များ၏ မဲများကို ရရှိခဲ့ သည့်အတွက်ဖြစ်သည်။
သို့သော် ပညာရှင်တစ်ဦးဖြစ် သည့် အသက် (၇၀) အရွယ် ဒေါ် အောင်ဆန်းစုကြည်သည် နည်း ပညာကို အကျွမ်းတ၀င်အသုံးချ လိုမှုမရှိပေ။
၂၀၁၀ ပြည့်နှစ်တွင် မြန်မာ ပြည်၌ အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မလာမီအထိ အနှစ် ၂၀ ခန့်ကို ဒေါ်အောင်ဆန်းစုကြည်သည် ဖုန်တက်နေသော စာကြည့်တိုက်မှ စာအုပ်များနှင့် ရေဒီယိုကိုသာ အဖော်ပြုပြီး နေခဲ့ရသည်။
လွန်ခဲ့သောနှစ်အနည်းငယ် က မြန်မာနိုင်ငံ၌ အင်တာနက် သည် အကန့်အသတ်ဖြင့်သာ အ သုံးပြုခွင့်ရခဲ့ပြီး လက်ကိုင်ဖုန်းများကလည်းအမေရိကန် ဒေါ်လာ ထောင်ကျော်အထိ တန်ဖိုးရှိခဲ့သည်။
ယခုအချိန်တွင် အိမ်နီးချင်း နိုင်ငံအများအပြားကဲ့သို့ မြန်မာ နိုင်ငံ၌ စမတ်ဖုန်းနှင့် ဆိုရှယ်မီဒီ ယာ အကောင့်များ ပေါချင်းသောချင်းဖြစ်လာသည်။
ထို့အတူ ၎င်း၏သ၀ဏ်လွှာ တွင် ဒေါ်အောင်ဆန်းစုကြည်က ငွေကြေးပံ့ပိုးမှုနည်းပါးလှပြီး ဝေ ဖန်သုံးသပ်ဖြေဆိုမှုထက် ဆရာ သင်သမျှ အလွတ်ကျက်ဖြေဆိုနေရသည့် မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်းကိုလည်း ဝေ ဖန်ခဲ့သည်။
‘‘ကျွန်မတို့ရဲ့ စာသင် ကျောင်းတွေမှာလည်း ကျောင်း စာကြည့်တိုက်ဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။ စာပေလေ့လာဖတ်ရှုချိန်ဆိုတာလည်း ကျောင်းစာသင်ချိန်တွေထဲမှာ မရှိတော့ပါဘူး။ စာအုပ်စာပေတွေလည်း ကျောင်းသားတွေရဲ့ ပတ်ဝန်း ကျင်မှာမရှိတော့ပါဘူး။ ပညာရေးစနစ်ကလည်း အလွတ်ကျက်ဖြေ ရတဲ့စနစ်ဖြစ်လေတော့ တခြား သော ကျောင်းပြင်ပ အတွေးအ ခေါ်၊ အယူအဆနဲ့ ဆင်ခြင်နိုင်စွမ်းတွေကို ကန့်သတ်ထားပြီး စာပေဖတ်ရှုတာတွေကို ကန့်သတ်ထား သလိုဖြစ်နေပါတယ်။ ဒီအခြေအနေမှာကျွန်မတို့ရဲ့ ကျောင်းသားလူငယ်တွေ စာပေနဲ့ အလှမ်းဝေးသွားတာ သိပ်ဝမ်းနည်းဖို့ကောင်း ပါတယ်’’ဟု ၎င်းကဆိုသည်။
စစ်အစိုးရလက်အောက် ၀င် ငွေနည်းပါးပြီး ဆင်းရဲသောမြန်မာ နိုင်ငံတွင် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အတွက်  တိုင်းပြည်၏ ဘဏ္ဍာရေးအသုံး စရိတ် နည်းပါးလှပြီး စစ်တပ်အ တွက်သာ အများဆုံးအသုံးပြုခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရသည် ယခုစနစ်ကို ပြောင်းပြန်လှန် ဆောင်ရွက်မည် ဟု အများက မျှော်လင့်ထားကြသည်။ _Ref:AFP

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video