Skip to main content

Australian Open ပွဲက ဘလက ကလေးတွေအကြောင်း

Australian ​​Open ​​တင်းနစ်ပွဲမှာ ​​မရှိမဖြစ် ​​လိုအပ်တဲ့ ​​လူတွေကတော့ ​​ball ​​kids ​​လို့ ​​ခေါ်တဲ့ ​​ဘောလုံးကောက် ​​(ဘလက) ​​ကလေးတွေပဲ ​​ဖြစ်ပါတယ်။ 
အဲဒီ ​​ကလေးတွေဟာ ​​သြစတြေးလျနိုင်ငံကသာ ​​မဟုတ်ပဲ ​​အာရှ ​​-ပစိဖိတ် ​​တလွှားက ​​ကလေးငယ်တွေ ​​ဖြစ်ကြပါတယ်။
 အဲဒီတော့ ​​ဘောလုံးကောက်တဲ့အလုပ်၊ ​​ဘောလုံးကို ​​လှလှပပ ​​စနစ်တကျနဲ့ ​​ကောက်ပြီး ​​ပစ်ပေးရတဲ့ ​​ကလေးတချို့ရဲ့ ​​အကြောင်းနဲ့ ​​ကမ္ဘာတလွှားက ​​စောင့်ကြည့်နေတဲ့ ​​တင်းနစ်ပွဲမှာ ​​အလုပ်လုပ်ရတဲ့ ​​သူတို့ရဲ့ ​​ရင်ခုန်သံတွေနဲ့ ​​ပတ်သက်ပြီး ​​ကလေးတချို့ရဲ့ ​​အကြောင်းကို ​​တင်ဆက်ပေးမှာ ​​ဖြစ်ပါတယ်။
တင်းနစ်ပွဲတွေမှာ ​​ဘောလုံးကောက်တဲ့ ​​အလုပ်လုပ်တဲ့ ​​ကလေး ​​ရာနဲ့ချီ ​​ရှိပါတယ်။ ​​ဘောလုံးကောက်တဲ့ ​​အလုပ်ကို ​​လုပ်ရင်း ​​နာမည်ကြီး ​​တင်းနစ် ​​ကစားသမားတွေရဲ့ ​​အနားမှာ ​​နေရတဲ့အတွက် ​​ပျော်စရာကောင်းတဲ့ ​​အလုပ်ဖြစ်မှာပဲလို့ ​​လူတိုင်းက ​​ယူဆနိုင်ပါတယ်။
တကယ်တော့ ​​အဲဒီ ​​ကလေးတွေဟာ ​​တာဝန်ကြီးကို ​​ယူထားတဲ့ ​​ကလေးတွေလို့ ​​ပြောရင် ​​မမှားပါဘူး။
ဘယ်နေရာမှာ ​​ကျတဲ့ ​​ဘောလုံးကို ​​ဘယ်သူက ​​ကောက်မလဲ၊ ​​ဘယ်ပုံ ​​ဘယ်နည်းနဲ့ ​​တိတိကျကျ ​​လှလှပပ ​​ကောက်မလဲ ​​ဆိုတာကို ​​လေ့လာရသလို ​​အဲဒီကလေးတွေဟာ ​​ကစားသမားတွေ ​​ရေဆာတဲ့အခါ ​​ရေတွေ ​​ပေးဖို့၊ ​​ဘောလုံး ​​လိုတဲ့အခါ ​​လက်ထဲ ​​ရောက်အောင် ​​သေချာပစ်ပေးဖို့နဲ့ ​​ချွေးသုတ် ​​ပုဝါတွေ ​​လိုအပ်တဲ့အခါမှာ ​​အလိုက်တသိပေးတတ်ဖို့ ​​အရည်အချင်းတွေ ​​ရှိရပါတယ်။
အဲဒီလို ​​အလုပ်တွေကို ​​လုပ်တဲ့အခါမှာလည်း ​​ကင်မာတွေရဲ့ ​​စောင့်ကြည့်မှု ​​အောက်မှာ ​​လုပ်ရတဲ့အပြင် ​​အဲဒီ ​​ကင်မရာတွေရဲ့ ​​ရိုက်ချက်ကို ​​ကမ္ဘာပေါ်က ​​လူသန်းပေါင်း ​​များစွာက ​​တောက်လျှောက် ​​စောင့်ကြည့်နေတာ ​​ဖြစ်ပါတယ်။
တင်းနစ်ပွဲမှာ ဘလက ရာနဲ့ချီ အလုပ်လုပ်
တင်းနစ်ပွဲမှာ ဘလက ရာနဲ့ချီ အလုပ်လုပ်
Melbourne Park မှာ တင်းနစ်ပွဲကို ဇန်နဝါရီလ ၁၈ ရက်ကနေ ၃၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ (Photo: ABC)
Australian ​Open ​တင်းနစ်ပြိုင်ပွဲမှာ ​နှစ်စဉ်နှစ်တိုင်း ​ကလေးငယ် ​အယောက်ပေါင်း ​၃၀၀ ​လောက် ​အလုပ်လုပ်လေ့ရှိပါတယ်။
အများအားဖြင့်တော့ ​မဲလ်ဘုန်းမြို့ ​တည်ရှိရာ ​ဗစ်တိုးရီးယား ​ပြည်နယ်က ​ကလေးငယ်တွေကို ​တင်းနစ်ကလပ်တွေက ​အဆင့်ဆင့် ​ရွေးချယ်ထားတဲ့ ​ကလေးငယ်တွေ ​ဖြစ်ပါတယ်။
ဒါပေမဲ့ ​တချို့ကလေးငယ်တွေကတော့ ​တခြား ​ပြည်နယ်က ​လူတွေဖြစ်ပြီး ​တချို့ကတော့ ​ပြည်ပကနေ ​လာရောက်တဲ့ ​ကလေးတွေ ​ဖြစ်ပါတယ်။
၂၀၁၅ ​ခုနှစ်တုန်းကတော့ ​တရုတ်နိုင်ငံ၊ ​စင်္ကာပူနဲ့ ​ကိုရီးယားနိုင်ငံက ​ကလေးငယ်တွေလည်း ​မဲလ်ဘုန်းမြို့မှာ ​ကျင်းပတဲ့ ​တင်းနစ်ပွဲမှာ ​အလုပ်လုပ်ကိုင်ကြပါတယ်။
သြစီသာမက နိုင်ငံခြားက ကလေးငယ်တွေလည်း လာရောက် အတွေ့အကြုံယူ
သြစီသာမက နိုင်ငံခြားက ကလေးငယ်တွေလည်း လာရောက် အတွေ့အကြုံယူ
စင်္ကာပူနိုင်ငံက ကလေးငယ် နှစ်ဦး (ဓာတ်ပုံ - ABC)
Filza ​Nur ​နဲ့ ​Max ​Ye ​ကတော့ ​စင်္ကာပူနိုင်ငံက ​ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ​ကျင်းပတဲ့ ​၂၀၁၄ ​ခုနှစ် ​အမျိုးသမီးဖလားပွဲမှာ ​သူများထက် ​ကောင်းမွန်စွာ ​အလုပ်လုပ်ပြနိုင်ခဲ့လို့ ​မဲလ်ဘုန်းမြို့ကို ​ဖိတ်ခေါ်ခံခဲ့ရတာ ​ဖြစ်ပါတယ်။
တင်းနစ် ​အားကစားကို ​ဝါသနာပါသူတွေ ​ဖြစ်တာကြောင့် ​အလုပ်လုပ်ရင်း ​နာမည်ကြီး ​ကစားသမားတွေနဲ့ ​အနီးကပ်ခွင့် ​တွေ့ရသလို ​ကစားသမားတွေ ​အသုံးပြုတဲ့ ​နည်းဗျူဟာတွေကိုလည်း ​လေ့လာခွင့်ရတာ ​ဖြစ်ပါတယ်။
Max ​ကတော့ ​အကြီးဆုံး ​တင်းနစ်ကွင်းဖြစ်တဲ့ ​Rod ​Laver ​Arena ​ကွင်းမှာ ​အလုပ်လုပ်ခွင့် ​ရတဲ့အတွက် ​ပိုပြီးတော့ ​စိတ်လှုပ်ရှားခဲ့ရတယ်လို့ ​ဆိုပါတယ်။
Filza ​အနှစ်သက်ဆုံး ​ကစားသမားက ​Nick ​Kyrgios ​ဖြစ်တာကြောင့် ​Nick ​ကစားတဲ့ ​ပွဲမှာ ​အလုပ်လုပ်ချင်ခဲ့တယ်လို့ ​ဆိုပါတယ်။
 
တင်းနစ် ဝါသနာ မပါတဲ့လူလဲ တင်းနစ် စည်းကမ်းသိပြီး အင်္ဂလိပ် ကျွမ်းကျင်ရင် အလုပ်ရနိုင်
တင်းနစ် ဝါသနာ မပါတဲ့လူလဲ တင်းနစ် စည်းကမ်းသိပြီး အင်္ဂလိပ် ကျွမ်းကျင်ရင် အလုပ်ရနိုင်
ကိုရီးယား နိုင်ငံက ကလေးငယ် (ဓာတ်ပုံ - ABC)
Bryan ​နဲ့ ​Kyle ​ကတော့ ​ကိုရီးယားနိုင်ငံကနေ ​အရင်နှစ် ​(၂၀၁၅) ​တုန်းက ​အလုပ်လုပ်ခွင့် ​ရခဲ့သူတွေ ​ဖြစ်ပါတယ်။ 
သူတို့ ​နှစ်ယောက်စလုံးက ​တင်းနစ်အားကစားကို ​မဆော့ကြပေမယ့်လည်း ​ဒီလို ​အလုပ်လုပ်ဖို့ ​အဆင့်ဆင့် ​အကဲဖြတ် ​ခံရပြီး ​လုပ်ဆောင်နိုင်တယ်လို့ ​လူတွေက ​ယူဆပြီးမှ ​ရွေးချယ်ခံခဲ့ရသူတွေ ​ဖြစ်ပါတယ်။ 
ဒီကလေးတွေဟာ ​တင်းနစ် ​အားကစားရဲ့ ​ဥပဒေတွေ၊ ​စည်းမျဉ်းတွေ ​အားလုံးကို ​သိဖို့ ​လိုတယ်လို့လည်း ​ဆိုပါတယ်။ 
Bryan ​ရဲ့ ​ပြောပြချက်အရ ​အရင်ဦးဆုံး ​အင်္ဂလိပ်စာ ​စာမေးပွဲ ​ဖြေဆိုခဲ့ရတယ်လို့ ​ဆိုပါတယ်။ ​အဲဒီ ​စာမေးပွဲကို ​ကလေးငယ် ​အယောက်ပေါင်း ​၇၀၀ ​နီးပါးက ​ဖြေဆိုခဲ့ကြပါတယ်။
အဲဒီနောက် ​အယောက် ​၂၀၀ ​လောက်က ​ကိုယ်ခန္ဓာ ​ကျန်းမာ ​သန်စွမ်းမှု ​ဆိုင်ရာ ​အကဲဖြတ်တာကို ​ခံခဲ့ရပြီး ​အယောက် ​၂၀၀ ​ထဲမှာမှ ​အယောက် ​၂၀ ​ပဲ ​သြစတြေးလျကို ​လာခွင့် ​ရတာလို့ ​ဆိုပါတယ်။ 
ဒီလို ​ရွေးချယ်ခံရပြီးတဲ့နောက်ပိုင်း ​တင်းနစ် ​ကစားချင်တဲ့ ​စိတ်တွေ ​ပေါ်လာလို့ ​တင်းနစ် ​ကစားဖို့ ​ဆုံးဖြတ်လိုက်ပြီလို့လည်း ​Bryan ​က ​ပြောပါတယ်။ 
မောင်နှမ တွေလည်း အတူတူ အလုပ်လုပ်ခွင့်ရ
မောင်နှမ တွေလည်း အတူတူ အလုပ်လုပ်ခွင့်ရ
အမွှာသုံးဖော် (ဓာတ်ပုံ - ABC)
၂၀၁၅ ​ခုနှစ်တုန်းက ​ဘောလုံးကောက် ​အလုပ်လုပ်တဲ့ ​ကလေးတွေထဲမှာ ​ညီအစ်ကို ​စုံတွဲ ​၁၂ ​ခုလောက် ​ရှိခဲ့ပါတယ်။ 
အဲဒီအထဲမှာမှ ​သုံးမွှာပူး ​ညီအစ်ကိုလည်း ​ပါဝင်ပါတယ်။ ​Benjamin ​Mamilovic ​(ဝဲ) ​က ​အကြီးဆုံး ​ဖြစ်ပြီး ​Simon ​Mamilovic ​က ​ဒုတိယ ​နဲ့ ​Timothy ​Mamilovic ​က ​အငယ်ဆုံး ​ဖြစ်ပါတယ်။ ​ဒါပေမယ့်လည်း ​သူတို့ဟာ ​မိနစ်ပိုင်းသာ ​ခြားပြီး ​မွေးလာတဲ့ ​ညီအစ်ကို ​တွေ ​ဖြစ်ပါတယ်။ 
ဘောလုံးကောက် ​ကလေးတွေ ​ကြုံတွေ့ရတဲ့ ​အခက်ခဲဆုံး ​အလုပ်က ​ဘောလုံးကို ​လိုရာ ​နေရာကို ​တိတိကျကျ ​ရောက်ရှိအောင် ​လှိမ့်နိုင်ဖို့ ​ဖြစ်တယ်လို့ ​ပြောပါတယ်။ 
အလုပ်စခါစမှာတော့ ​ဘောလုံး ​ထိမှန်မှာကို ​စိုးရိမ်ခဲ့ကြပေမယ့် ​အခုအခါမှာတော့ ​ကြောက်စိတ်တွေ ​မရှိတော့ပဲ ​ဘောလုံးအလာကိုသာ ​ရှောင်ရှားရတယ်လို့ ​ပြောပါတယ်။ 
ဗစ်တိုးရီးယား ပြည်နယ်က ကလေးတွေ အများဆုံး လုပ်ခွင့်ရ
ဗစ်တိုးရီးယား ပြည်နယ်က ကလေးတွေ အများဆုံး လုပ်ခွင့်ရ
ရုပ်ခြင်းဆင်တဲ့ အမွှာညီအစ်ကိုတွေကို နံပါတ်တွေနဲ့ပဲ ကြီးကြပ်သူတွေက မှတ်ယူရ (ဓာတ်ပုံ - ABC)
 Jack ​Hartnett ​နဲ့ ​Max ​Hartnett ​က ​လည်း ​အမွှာ ​ညီအစ်ကိုတွေ ​ဖြစ်ပါတယ်။ ​ရုပ်ခြင်းဆင်တဲ့ ​ညီအစ်ကို ​ဖြစ်တာကြောင့် ​သူတို့ကို ​ကြီးကြပ်တဲ့ ​လူတွေက ​သူတို့ရဲ့ ​နံပါတ်ကိုသာ ​မှတ်သားပြီး ​ဘယ်သူက ​ဘယ်သူ ​ဆိုတာကို ​ခွဲခြားရပါတယ်။ 
အဲဒီမတိုင်ခင် ​ဒီအမွှာ ​ညီအစ်ကိုရဲ့ ​အစ်မ ​ဖြစ်သူက ​ဘောလုံးကောက် ​သမားအနေနဲ့ ​လုပ်ဖူးပြီး ​သူတို့ကို ​ဝင်လုပ်ဖို့ ​တိုက်တွန်းရာက ​တင်းနစ်ကွင်းမှာ ​အလုပ်လုပ်ခွင့် ​ရရှိကြတာ ​ဖြစ်တယ်လို့ ​ပြောပြကြပါတယ်။ 
တင်းနစ်ပွဲကြီး ​၄ ​ခု ​( ​ကြီး ​၄ ​ကြီး) ​ထဲမှာ ​Australian ​Open ​က ​အရင်ဆုံး ​စတင်တာ ​ဖြစ်ပြီး ​ဇန်နဝါရီလ ​၁၈ ​ရက် ​ကနေ ​ဇန်နဝါရီလ ​၃၁ ​ရက်နေ့အထိ ​ကျင်းပတာ ​ဖြစ်ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video