Skip to main content

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့သူ ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်း ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ၌ ပြန်ပါခွင့် မရနိုင်ရန် ကန့်သတ်ခံရ

Myanmartandawsint Newspaper's photo.Myanmartandawsint Newspaper's photo.
“သူရဦးရွှေမန်းတင်မက ဦးသိန်းစိန်ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ပါတီမှာ ခေါင်းဆောင်ချင်တယ်ဆိုရင် အောက်ခြေကနေ ၀င်ပြိုင်ရမှ တရားမျှတမယ်။
သူတို့ကတော့ ပါတီဗဟိုမှာ အခန့်သားနေရာတွေ လက်ဝါးချင်းရိုက် ယူထားပြီး ဦးရွှေမန်းတို့အုပ်စုကိုကျတော့ ရပ်/ကျေးတောင် မပါတော့ ဗဟိုမှာ ဘယ်ရမလဲဆိုတဲ့ လေသံမျိုးတွေက ကြံ့ခိုင်ရေးထဲက လုပ်နေကျအလုပ်တွေပါ . . . . ညစ်ပေါက် ကတ်ကျယ်တဲ့ အချင်းချင်းရန်ဖြစ်နေတဲ့ ပုံစံတွေက ပြည်သူတွေရင်ထဲမှာ ကြံ့ခိုင်ရေးကို အားကိုးချင်စိတ် မရှိကြတော့ဘဲ နိုင်ငံရေးလောကက တဖြည်းဖြည်း ပျောက်ကွယ် သွားရတော့မှာပဲ . . . ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဇန်န၀ါရီ ၁၁
၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးနောက်ပိုင်း အနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သြဇာ ကြီးမားသော မြန်မာနိုင်ငံ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေတို့ကို နေပြည်တော်၌ တွေ့ဆုံခွင့် ရရန် ကြားထဲမှ ဖြစ်မြောက်အောင် ညှိနှိုင်းစီစဉ်ပေးခဲ့သည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင် ဖြစ်လာနိုင်သည့် အခွင့်အရေးဖြစ်သော ဗဟိုကော်မတီဝင်စာရင်း ပါဝင်ခွင့် မရနိုင်ရန် ပါတီတွင်း အောက်ခြေ ရပ်/ကျေး အဆင့်ဆင့်မှ စတင်၍ စာရင်းယူရွေးချယ်ကာ ပြန်လည်ဖွဲ့စည်းသည့် ပုံစံများ ဖြင့် ကန့်သတ် ဆောင်ရွက်နေကြောင်း ပြည်ခိုင်ဖြိုးပါတီဗဟိုထံမှ သိရှိရသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လာမည့် ဗဟိုညီလာခံတွင် ပူးတွဲဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှူး ဟောင်း ဦးမောင်မောင်သိမ်းတို့သည် ပါတီစာရင်းဝင်သာဖြစ်၍ ပါတီဖွဲ့စည်းပုံတွင် မပါဝင်နိုင်တော့ကြောင်း ဇန်န၀ါရီလ ၇ ရက်တွင် ပါတီဌာနချုပ်၊ မှတ်ပုံတင်ဌာနမှူး ဦးတင်ဌေးက မြန်မာသံတော်ဆင့် သို့ ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတတာဝန်ကို ထမ်းဆောင်ပြီးနောက် ၂၀၁၂ ခုနှစ် ပထမအကြိမ် ပါတီဗဟို ညီလာခံသို့ ပါတီဥက္ကဋ္ဌအဖြစ် တက်ရောက်ခဲ့ပြီးပါတီ ဥက္ကဋ္ဌ တာဝန်ကို ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း အား ပူးတွဲဥက္ကဋ္ဌအဖြစ် လွှဲပြောင်း ပေးအပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်းအား ၎င်း၏ ပူးတွဲဥက္ကဋ္ဌ တာဝန်အပြင် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကိုပါ ရပ်စဲ၍ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအ၀င် သူရဦးရွှေမန်းနှင့် လွှတ်တော် တက်ရောက်နေသည့် ပါတီ၏ ထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင် တချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ထိုသို့တာဝန်အသီးသီးမှ ရပ်နားခဲ့ပြီးနောက် သူရဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်းတို့သည် ပါတီ၏ မည်သည့်အဆင့် အနေအထားတွင် ပါဝင်မှုရှိကြောင်း သတင်းစကား အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။
““သူတို့က ပါတီဝင်တွေပဲ။ ပါတီဝင်အဖြစ် အသိအမှတ်ပြု ကတ်ပြားနံပါတ်ရှိတဲ့အတွက် ပါတီဝင်ပေါ့။ အရင်ကလို ဒုဥက္ကဋ္ဌတို့၊ အထွေထွေ အတွင်းရေးမှူးတို့၊ ဗဟိုကော်မတီဝင်တို့တော့ မဟုတ်တော့ဘူး။ ရိုးရိုးပါတီဝင် အဖြစ် ရှိနေသေးတယ်။ အဲဒီရိုးရိုးပါတီဝင်ကိုမှ ထုတ်တဲ့စာတို့၊ ဘာတို့တော့ မတွေ့သေးဘူး။ ပါတီဝင်အဖြစ်မှ ရပ်စဲလိုက်ပြီတို့၊ ထုတ်လိုက်ပြီလို့ စာထုတ်တာ မတွေ့သေးဘူး။ ရွေး ချယ်ကြမယ်၊ ဘာမယ် ဆိုပြီး ဗဟိုကော်မတီဝင် အစည်းအဝေး ခေါ်မယ်ဆိုရင် ဗဟိုကော်မတီဝင်တွေပဲ တက်ရမှာပေါ့။ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် လုပ်တဲ့ အတွင်းရေးမှူး အစည်းအဝေးဆိုရင်လည်း သူတို့နဲ့ သက်ဆိုင်တဲ့ သူကပဲ တက်မှာပေါ့။ ပြန်ရွေးချယ်ရင် ပါ မပါ ဆိုတာက ဒါအောက်ခြေ အဆင့်ဆင့် ဖွဲ့စည်းပုံနဲ့ပဲ ဆိုင်တယ်။ သူ ကိုယ်တိုင် ဆန္ဒရှိရင်တော့ တစ်မျိုးပေါ့””ဟု ဦးတင်ဌေးက ဆိုသည်။
ပါတီမှ မိမိသဘောဆန္ဒအရ နုတ်ထွက် သူများနှင့် ပြစ်မှုပြစ်ဒဏ်၊ စည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်သဖြင့် အရေးယူခံရကာ ထုတ်ပယ်ခံရသူများ ရှိသော်လည်း ယင်းကဲ့သို့ စာထုတ်ထားခြင်း မရှိ၍ သူရဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်းတို့သည် ပါတီဝင်အဖြစ် ဆက်လက် တည်ရှိဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
““ဒါက ညီလာခံနဲ့ပဲ ပြန်ဆုံးဖြတ်ရမှာပေါ့။ အရင်တုန်းကလည်း အောက်ခြေက တက်လာတဲ့အခါ ဦးမောင်မောင်သိမ်းက ရန်ကုန်တိုင်း ဗဟိုကော်မတီဝင် အနေနဲ့။ ဦးရွှေမန်းက ပြည်ထောင်စုနယ်မြေ ဗဟိုကော်မတီဝင် အနေနဲ့ တက်လာတာပေါ့။ အခုက သူတို့ဆန္ဒအရ မပါတော့ရင်လည်း မပါတော့ဘူးပေါ့။ ပြန်ပါမယ်ဆိုရင်လည်း အဲဒီအောက်ခြေကစပြီး ပြန် အရွေးခံရမှာပါ။ ဒါကျတော့ ပါတီဝင်တွေရဲ့ သဘောထား ဖြစ်သွားတာပေါ့”” ဟု ပါတီဗဟို အလုပ်အမှုဆောင် ဦးလှသိန်းဆွေက မြန်မာသံတော်ဆင့် သို့ ပြောသည်။
ပြည်ခိုင်ဖြိုးပါတီတွင် ဥက္ကဋ္ဌတာဝန်ယူခဲ့စဉ်က သူရဦးရွှေမန်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်ရင်းနှီး ယုံကြည်သော ဆက်ဆံရေးကို ထူထောင် နိုင်ခဲ့သည့်အတွက် ပါတီထိပ်ပိုင်း ခေါင်းဆောင်ပိုင်းက စိုးရိမ်မှု လွန်ကဲခဲ့ကြောင်း၊ ထို့အပြင် နေပြည်တော်၌ နေထိုင်လျက်ရှိသော ပြည်ခိုင်ဖြိုး တည်ထောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရေး မဖြစ်ဖြစ်အောင် သူရဦးရွှေမန်းကပင် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီထိပ်တန်း ဗဟိုအလုပ်အမှုဆောင် တစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။ ““ဗိုလ်ချုပ်မှူးကြီးက ခေါ်တာ မဟုတ်ပါဘူး။ တွေ့ချင်တယ်ဆိုတာနဲ့ ဦးရွှေမန်းတို့က ရအောင် လုပ်ပေးလိုက်တဲ့ သဘောပဲ””ဟု အဆိုပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပါတီတွင်း အချိန်ကာလတို အတွင်း ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းများအရ ပြင်ဆင်ဖွဲ့စည်းသည်ဟု ဆိုသော်လည်း သူရဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်းတို့သည် ဌာနချုပ်ရုံးတွင် ပြောင်းလဲဖွဲ့စည်းမှု များ ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့ တက်ရောက်ခွင့် မရရှိခဲ့ပေ။
ပါတီအထွေထွေ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်းအား ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ၎င်း၏ကိုယ်ရေး အရာရှိ ဖြစ်သူက ဦးမောင်မောင်သိမ်း အနေဖြင့် ပါတီတွင် တာဝန်များမရှိတော့သည့်အတွက် ဌာနချုပ်သို့ သွားရောက်ခြင်း မရှိတော့ကြောင်း၊ လွှတ်တော်အစည်းအဝေးများကိုသာ တက်ရောက်လျက်ရှိပြီးယခု လွှတ်တော်သက်တမ်း ပြီးဆုံးပါက မည်သည့်တာဝန်မျှ မရှိကြောင်း ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ယခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထောင်ခဲ့စဉ် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ အပါအ၀င် ထိပ်တန်း ဗဟိုကော်မတီဝင်များသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခန့်အပ်ခြင်းခံရ၍ အစိုးရ လုပ်ပိုင်ခွင့် အရှိန်အ၀ါများဖြင့် မိုးကျရွှေကိုယ် ရပ်တည် ခေါင်းဆောင်ခဲ့သော သူများဖြစ်ပြီး စည်းရုံးရေးကာ (၁၈)နှစ်ခန့် အမှန်တကယ် လူထုနှင့် ထိတွေ့ဆက်ဆံ၊ အနစ်နာခံ စည်းရုံးပေးခဲ့ကြသော သူများသည် ဗဟိုတွင် ပါဝင်ခွင့် မရကြသည့် အရပ်သား အသင်းဝင်များသာ ဖြစ်ခြင်းကြောင့် ပြည် ခိုင်ဖြိုး ထိပ်ပိုင်းမှ ခေါင်းဆောင်များ သည် အောက်ခြေမှ အခြေအနေမှန်ကို အမှန်အတိုင်း မသိရှိကြဘဲ အနီးအနားမှ မြှောက်ပင့်တင်ပြ ဆက်ဆံကြ သူအချို့ကို ယုံစားခဲ့ကြသူများသာ ဖြစ်သည်ကို၊ ပြီးခဲ့သော ရွေးကောက်ပွဲ များက သက်သေပြခဲ့ကြောင်း ပြည်ခိုင်ဖြိုး ကေဒါအချို့ က မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားခဲ့သည်။
““သူရဦးရွှေမန်းတင်မက ဦးသိန်းစိန်ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ပါတီမှာ ခေါင်းဆောင်ချင်တယ် ဆိုရင် အောက်ခြေ ကိုယ်ဝင်ထားတဲ့ ရပ်/ကျေး အမှုဆောင်ကနေ ၀င်ပြိုင်ရမှ တရားမျှတမယ်။ သူရဦးရွှေမန်းကို မပါစေချင်တာနဲ့ သူတို့ကတော့ ပါတီဗဟိုမှာ အခန့်သား နေရာတွေ လက်ဝါးချင်းရိုက် ယူထားပြီး ဦးရွှေမန်းတို့ အုပ်စုကိုကျတော့ ရပ်/ကျေးတောင် မပါတော့ ဗဟိုမှာ ဘယ်ရမလဲဆိုတဲ့ လေသံမျိုးတွေက ကြံ့ခိုင်ရေးထဲက လုပ်နေကျအလုပ်တွေပါ။ သိပ်တော့ မဆန်းပါဘူး၊ ဒီလိုညစ်ပေါက် ကတ်ကျယ်တဲ့ အချင်းချင်း ရန်ဖြစ်နေတဲ့ ပုံစံတွေက ပြည်သူတွေရင်ထဲမှာ ကြံ့ခိုင်ရေးကို အားကိုးချင်စိတ်မရှိကြတော့ဘဲ နိုင်ငံရေးလောကက တဖြည်း ဖြည်း ပျောက်ကွယ် သွားရတော့မှာ အမှန်ပဲ””ဟု ပြည်ခိုင်ဖြိုး ဗဟိုဌာနချုပ်တွင် တာဝန် ထမ်းဆောင်ခဲ့သူ ကော်မတီဝင် တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
၅ နှစ်တာကာလအတွင်း ပြည်ခိုင်ဖြိုးပါတီကို လူထုထောက်ခံမှု မရတော့ဘဲ နိုင်ငံရေးဇာတ်ခုံပေါ် မှ ကျဆင်း သွားသည်အထိ ဥက္ကဋ္ဌနေရာမှ ဦးဆောင်ခဲ့သော သမ္မတ ဦးသိန်းစိန်ကို ပါတီတွင် ဥက္ကဋ္ဌ ပြန်ထားမည်ဆိုပါက အလွန် မှားယွင်းသည့်လုပ်ရပ်ပင် ဖြစ်ကြောင်းလည်း ယခင်ပြည်ခိုင်ဖြိုး ဗဟိုနာယကကြီး၏ အကြံပေးတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြည်ခိုင်ဖြိုးပါတီအတွင်း အစိုးရ၊ လွှတ်တော်နှင့် ပါတီဟူ၍ သုံးပိုင်းကွဲနေသည်မှာ ကြာပြီဖြစ်ကြောင်း ဗဟိုကော်မတီဝင် အချို့က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့ပြီးနောက် ပါတီထိပ်ပိုင်းတွင် ရွေးကောက်ပွဲ ရှုံးနိမ့်သော ရလဒ်ကြောင့် ပါတီနိုင်ငံရေး သေသွားမည်ကို စိုးရိမ်သူများနှင့် မောဟ၊ မာန်မာနကြီးသော ခေါင်းဆောင်များအကြား ပါတီကို အမည်မှအစ ပြောင်းလဲ ဖွဲ့စည်းလိုသူ၊ မဖွဲ့စည်းလိုသူများကြောင့်လည်း မူလ ၃ ဖွဲ့မှသည် နှစ်ဖွဲ့စီ ထပ်ကွဲခြင်းကြောင့် ပြည်ခိုင်ဖြိုးမှာ ၆ ဖွဲ့ပင် ကွဲသွားမည်ကို စိုးရိမ်နေကြသော ကေဒါများလည်း ရှိလာခဲ့ကြသည်။
ဝတ်ရည်နွေးနွေး
(ပုံညွှန်းစာ - ၁)ပြည်ခိုင်ဖြိုးနှစ်ပတ်လည် အစည်းအဝေးသို့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)၊
ဗိုလ်ချုပ်ကြီးသိန်းစိန်(သမ္မတ)တို့နှင့် အသင်းဝင်များကို တက်ရောက်သြ၀ါဒပေးခဲ့သော ဗဟိုနာယကကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစည်းအဝေးခန်းမမှ ပြန်လည် ထွက်ခွာစဉ် တွေ့မြင်ရပုံ
(ပုံညွှန်းစာ - ၂) ၂၀၁၆ ၊ ဇန်န၀ါရီ ၁၂ ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသော ပြည်ထောင်စုလွှတ်တော် နာယက (ဗိုလ်ချုပ်ကြီး-ငြိမ်း)သူရဦးရွှေမန်းကို တွေ့ရစဉ်
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video